စစ်တွေမြို့ အ.ထ.က (၇)အနီး၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ မြန်မာစာ ဖြေဆိုပြီး၍ ပြန်လာသည့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရ

 2809

NP News - မတ် ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာဖြေပြီးပြန်လာသည့် ကျောင်းသား/သူ နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၁ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် AA အဖွဲ့သည် စစ်တွေမြို့၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း နစကမှ ဆိုသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီး ပြန်လာသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး ကျောင်းသား/သူများ ဘေးကင်းလုံခြုံစွာဖြင့် စာမေးပွဲဆက်လက်ဖြေနိုင်ရေးအတွက် အကြမ်းဖက်နှိမ်နင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင်လည်း စစ်တွေမြို့ဈေးအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှုကြောင့် အရပ်သားပြည်သူ (၁၀)ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

စနစ်သစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့(မတ်လ ၁၁ ရက်) နံနက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်း၌ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ စာစစ်ဌာနပေါင်း(၈၉၁)ခု နေရာချထားသတ်မှတ်ကာ နိုင်ငံတစ်ဝန်း ကျင်းပနေခြင်းဖြစ်သည်။

Zawgyi Version

စစ္ေတြၿမိဳ႕ အ.ထ.က (၇)အနီး၌ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့ရာ ျမန္မာစာ ေျဖဆိုၿပီး၍ ျပန္လာသည့္ ေက်ာင္းသားႏွစ္ဦး ထိခိုက္ဒဏ္ရာရ

NP News - မတ္ ၁၁
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္၊ ပါဒလိပ္ေက်း႐ြာအတြင္းသို႔ AA လက္နက္ကိုင္အဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ စာေျဖၿပီးျပန္လာသည့္ ေက်ာင္းသား/သူ ႏွစ္ဦး ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၁ ရက္) ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန႔္တြင္ AA အဖြဲ႕သည္ စစ္ေတြၿမိဳ႕၊ ပါဒလိပ္ေက်း႐ြာ၏ အေနာက္ေျမာက္ဘက္ မီတာ ၅၀၀၀ ခန႔္အကြာမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း နစကမွ ဆိုသည္။

ယင္းကဲ့သို႔ ပစ္ခတ္မႈေၾကာင့္ ပါဒလိပ္ေက်း႐ြာရွိ အမွတ္(၇)အေျခခံပညာအထက္တန္းေက်ာင္းအနီးသို႔ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ၿပီး တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုၿပီး ျပန္လာသည့္ ေက်ာင္းသားတစ္ဦးႏွင့္ ေက်ာင္းသူတစ္ဦးတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ ၎တို႔အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ အေရးေပၚပို႔ေဆာင္ခဲ့ၿပီး ေက်ာင္းသား/သူမ်ား ေဘးကင္းလုံၿခဳံစြာျဖင့္ စာေမးပြဲဆက္လက္ေျဖႏိုင္ေရးအတြက္ အၾကမ္းဖက္ႏွိမ္နင္းမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းတြင္လည္း စစ္ေတြၿမိဳ႕ေဈးအတြင္းသို႔ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ ကြဲမႈေၾကာင့္ အရပ္သားျပည္သူ (၁၀)ဦးထက္မနည္း ေသဆုံးခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

စနစ္သစ္ျဖစ္သည့္ ၂၀၂၄ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ယေန႔(မတ္လ ၁၁ ရက္) နံနက္ပိုင္းမွစတင္ကာ ႏိုင္ငံတစ္ဝန္း၌ စတင္က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါတကၠသိုလ္ဝင္စာေမးပြဲကို တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးရွိ ၿမိဳ႕နယ္မ်ား၌ စာစစ္ဌာနေပါင္း(၈၉၁)ခု ေနရာခ်ထားသတ္မွတ္ကာ ႏိုင္ငံတစ္ဝန္း က်င္းပေနျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.