ဖားကန့်၌ မြေစာကန်ပြိုကျမှုကြောင့် ကနဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး လူ(၂၅)ဦးထက်မနည်း ပျောက်ဆုံးနေ

 616

သန့်ဇင် (NP News) - မတ် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မြေစာကန်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးကာ (၄)ယောက် ဒဏ်ရာရရှိခဲ့ပြီး လူ(၂၅)ဦး ထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၂ ရက်)၊ နံနက် ၃ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်၊ မနကျေးရွာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုပြိုကျတဲ့ ကန်က နွံကန်ပေါ့။ မြေစာတွေကိုတူးပြီး ရေကန်ထဲကို မြေဖို့တော့ မြေကများများ မဖို့နိုင်သေးတော့ မြေစာနဲ့ရေနဲ့ရောပြီး နွံလိုဖြစ်နေတာ။ မျက်မြင်တွေပြောစကားအရတော့ အပေါ်မှာက နွံကန်ရှိတယ်။ အောက်မှာ က တူးနေတဲ့ကျင်းတစ်ကျင်းရှိတယ်ပေါ့။ ခန့်မှန်းချေ အပေါ်ကန်နဲ့အောက်က ကျင်းက ပေ(၅၀)ခန့်လောက်မြင့် တာ။ အောက်ကျင်းမှာက ကားတွေနဲ့ ဘက်ဟိုးတွေအကုန်လုံး (၁၉)စီး ရှိတယ်။ လူတွေရောရှိတယ်ပေါ့။ အဲဒီကနေ အပေါ်က နွံကန်ကိုလည်း ပေါက်ကျလိမ့်မယ်လို့ မထင်လို့နေမှာပါ။ တူးနေကြရင်းနဲ့ နွံကန်ပေါက်ကျပြီး အကုန် ပိကုန်တာပေါ့” ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် အဆိုပါ နွံကန်ပေါက်ကျမှုကြောင့် တစ်ဦးသေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ(၂၅)ဦး ထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း ကနဦး သိရသည်။
ထို့ပြင် ၎င်းနွံကန်ပေါက်ကျမှုဖြစ်စဉ်အတွင်း မြေသယ်ကား နှင့် ဘက်ဟိုးကား (၁၉)စီးခန့်သည်လည်း ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အခုမနက် ၁ဝ နာရီဝန်းကျင်အထိကို ဒဏ်ရာရတဲ့လူ(၄)ဦးနဲ့ သေဆုံးသူတစ်ဦး ရှာတွေ့ထားတယ်။ ပျောက်ဆုံးနေတာကတော့ မှတ်ပုံတင်တွေနဲ့စစ်ကြည့်ရင် လူပေါင်း(၂၅)ယောက်မကဘူး ပျောက်နေတယ်။ အခုချိန် ထိတော့ ရှာနေတုန်းပဲ မတွေ့သေးဘူး။ အခုပေါက်ကျတာက အရင်ကလိုရေကန်မဟုတ်ပဲနဲ့ မြေနွံကန်ဖြစ်နေတော့ ရှာတွေ့ဖို့တောင်မလွယ်တဲ့သဘောမှာရှိတယ်။ အခုအခြေအနေက လူတောင် ဆင်းလို့မရဘူးဖြစ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ဖားကန့် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင်လည်း ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်း(၆၃)ယောက်ခန့် အသေအပျောက်ရှိခဲ့ဖူးသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များ၌ တရားဝင်တူးဖော်ခွင့်ရရှိထားသည့် ကုမ္ပဏီ များမှာ တူးဖော်ရေးလုပ်ငန်းများ ရပ်နားထားလျက်ရှိကြောင်းလည်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။

Zawgyi Version;
ဖားကန႔္၌ ေျမစာကန္ၿပိဳက်မႈေၾကာင့္ ကနဦးတြင္ တစ္ဦးေသဆုံးခဲ့ၿပီး လူ(၂၅)ဦးထက္မနည္း ေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - မတ္ ၁၂

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕၌ ေျမစာကန္ၿပိဳက်မႈေၾကာင့္ တစ္ဦးေသဆုံးကာ (၄)ေယာက္ ဒဏ္ရာရရွိခဲ့ၿပီး လူ(၂၅)ဦး ထက္မနည္း ေပ်ာက္ဆုံးေနေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၂ ရက္)၊ နံနက္ ၃ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ဖားကန႔္ၿမိဳ႕နယ္၊ ေအးျမသာယာရပ္၊ မနေက်း႐ြာအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုၿပိဳက်တဲ့ ကန္က ႏြံကန္ေပါ့။ ေျမစာေတြကိုတူးၿပီး ေရကန္ထဲကို ေျမဖို႔ေတာ့ ေျမကမ်ားမ်ား မဖို႔ႏိုင္ေသးေတာ့ ေျမစာနဲ႔ေရနဲ႔ေရာၿပီး ႏြံလိုျဖစ္ေနတာ။ မ်က္ျမင္ေတြေျပာစကားအရေတာ့ အေပၚမွာက ႏြံကန္ရွိတယ္။ ေအာက္မွာ က တူးေနတဲ့က်င္းတစ္က်င္းရွိတယ္ေပါ့။ ခန႔္မွန္းေခ် အေပၚကန္နဲ႔ေအာက္က က်င္းက ေပ(၅၀)ခန႔္ေလာက္ျမင့္ တာ။ ေအာက္က်င္းမွာက ကားေတြနဲ႔ ဘက္ဟိုးေတြအကုန္လုံး (၁၉)စီး ရွိတယ္။ လူေတြေရာရွိတယ္ေပါ့။ အဲဒီကေန အေပၚက ႏြံကန္ကိုလည္း ေပါက္က်လိမ့္မယ္လို႔ မထင္လို႔ေနမွာပါ။ တူးေနၾကရင္းနဲ႔ ႏြံကန္ေပါက္က်ၿပီး အကုန္ ပိကုန္တာေပါ့” ဟု သြားေရာက္ကူညီကယ္ဆယ္ခဲ့သည့္ ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ အဆိုပါ ႏြံကန္ေပါက္က်မႈေၾကာင့္ တစ္ဦးေသဆုံးကာ (၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူ(၂၅)ဦး ထက္မနည္း ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း ကနဦး သိရသည္။
ထို႔ျပင္ ၎ႏြံကန္ေပါက္က်မႈျဖစ္စဥ္အတြင္း ေျမသယ္ကား ႏွင့္ ဘက္ဟိုးကား (၁၉)စီးခန႔္သည္လည္း ေပ်ာက္ဆုံး လ်က္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ အခုမနက္ ၁ဝ နာရီဝန္းက်င္အထိကို ဒဏ္ရာရတဲ့လူ(၄)ဦးနဲ႔ ေသဆုံးသူတစ္ဦး ရွာေတြ႕ထားတယ္။ ေပ်ာက္ဆုံးေနတာကေတာ့ မွတ္ပုံတင္ေတြနဲ႔စစ္ၾကည့္ရင္ လူေပါင္း(၂၅)ေယာက္မကဘူး ေပ်ာက္ေနတယ္။ အခုခ်ိန္ ထိေတာ့ ရွာေနတုန္းပဲ မေတြ႕ေသးဘူး။ အခုေပါက္က်တာက အရင္ကလိုေရကန္မဟုတ္ပဲနဲ႔ ေျမႏြံကန္ျဖစ္ေနေတာ့ ရွာေတြ႕ဖို႔ေတာင္မလြယ္တဲ့သေဘာမွာရွိတယ္။ အခုအေျခအေနက လူေတာင္ ဆင္းလို႔မရဘူးျဖစ္ေနတာ” ဟု ၎က ဆက္ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ေဒသခံလူမႈကူညီေရးအသင္းမ်ား ပူးေပါင္းကာ ဖားကန႔္ ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ေပ်ာက္ဆုံးသူမ်ားအား ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္၊ ဩဂုတ္လ ၁၃ ရက္တြင္လည္း ဖားကန႔္ၿမိဳ႕နယ္၊ မနေက်း႐ြာအနီး ေက်ာက္စိမ္း လုပ္ကြက္၌ ေျမစာပုံၿပိဳက်မႈျဖစ္ပြားခဲ့ရာ လူေပါင္း(၆၃)ေယာက္ခန႔္ အေသအေပ်ာက္ရွိခဲ့ဖူးသည္။

လက္ရွိတြင္ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ ေက်ာက္စိမ္းလုပ္ကြက္မ်ား၌ တရားဝင္တူးေဖာ္ခြင့္ရရွိထားသည့္ ကုမၸဏီ မ်ားမွာ တူးေဖာ္ေရးလုပ္ငန္းမ်ား ရပ္နားထားလ်က္ရွိေၾကာင္းလည္း အထက္ပါလူမႈကူညီေရးအသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.