သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု မလေးရှားရှိ မြန်မာသံရုံးကြေညာ

 2824

Pearl (NP News) - မတ် ၁၂

သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယနေ့ (မတ်လ ၁၂ ရက်) တွင် ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ အသစ်လျှောက်ထား ခြင်း၊ အသစ်ထုတ်ပေးခြင်းများကို Online မှ QR code ရက်ချိန်းရယူသည့်စနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း မြန်မာသံရုံးက ဆိုသည်။

လက်ရှိတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) လျှောက်ထားကြသည့် မြန်မာနိုင်ငံသား များအား C of I (အခမဲ့) နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး လိုအပ်သည့်စိစစ်မှုလုပ်ငန်းများ အဆင်ပြေစေရန် နှင့် ရုံးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် C of I လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code ရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

C of I လျှောက်ထားသူများအနေဖြင့် www.mekl.org တွင် အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရမည်ဖြစ်ပြီး ဝန်ဆောင်မှုရွေးချယ်ရာတွင် "Certificate of Identity လျှောက်ထားခြင်း” ကို ရွေးချယ်ရမည်ဖြစ်ကြောင်း သံရုံးက အသိပေးထားသည်။

မြန်မာသံရုံးသို့ လာရောက်ရမည့် နေ့ရက်ကို လျှောက်ထားသူများ၏ Email သို့ ပြန်လည်အကြောင်းကြားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက လည်း မြန်မာသံရုံး၏ whatsApp no. +60 11 2510 5774 သို့ စာဖြင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

Zawgyi Version;
သက္ေသခံလက္မွတ္ (C of I) ေလွ်ာက္ထားျခင္းကို မတ္လ (၁၈)ရက္မွစတင္၍ QR code စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္မည္ဟု မေလးရွားရွိ ျမန္မာသံ႐ုံးေၾကညာ
Pearl (NP News) - မတ္ ၁၂

သက္ေသခံလက္မွတ္ (C of I) ေလွ်ာက္ထားျခင္းကို မတ္လ (၁၈)ရက္မွစတင္၍ QR code စနစ္ျဖင့္ ေျပာင္းလဲ ေဆာင္႐ြက္မည္ဟု မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယေန႔ (မတ္လ ၁၂ ရက္) တြင္ ထုတ္ျပန္ ေၾကညာထားသည္။

ျမန္မာႏိုင္ငံသားမ်ားအတြက္ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုး၊ ေပ်ာက္ဆုံး၊ အသစ္ေလွ်ာက္ထား ျခင္း၊ အသစ္ထုတ္ေပးျခင္းမ်ားကို Online မွ QR code ရက္ခ်ိန္းရယူသည့္စနစ္ျဖင့္ ေဆာင္႐ြက္ေပးေနေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။

လက္ရွိတြင္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (C of I) ေလွ်ာက္ထားၾကသည့္ ျမန္မာႏိုင္ငံသား မ်ားအား C of I (အခမဲ့) ေန႔ခ်င္းၿပီး ထုတ္ေပးႏိုင္ေရး လိုအပ္သည့္စိစစ္မႈလုပ္ငန္းမ်ား အဆင္ေျပေစရန္ ႏွင့္ ႐ုံးလုပ္ငန္းမ်ား ထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္အတြက္ C of I ေလွ်ာက္ထားျခင္းကို မတ္လ (၁၈)ရက္မွစတင္၍ QR code ရက္ခ်ိန္းရယူသည့္စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

C of I ေလွ်ာက္ထားသူမ်ားအေနျဖင့္ www.mekl.org တြင္ အခ်က္အလက္မ်ား မွန္ကန္စြာျဖည့္သြင္းရမည္ျဖစ္ၿပီး ဝန္ေဆာင္မႈေ႐ြးခ်ယ္ရာတြင္ "Certificate of Identity ေလွ်ာက္ထားျခင္း” ကို ေ႐ြးခ်ယ္ရမည္ျဖစ္ေၾကာင္း သံ႐ုံးက အသိေပးထားသည္။

ျမန္မာသံ႐ုံးသို႔ လာေရာက္ရမည့္ ေန႔ရက္ကို ေလွ်ာက္ထားသူမ်ား၏ Email သို႔ ျပန္လည္အေၾကာင္းၾကားမည္ ျဖစ္ၿပီး၊ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ေကာင္စစ္ဝန္ေဆာင္မႈကိစၥရပ္မ်ားႏွင့္ပတ္သက္၍ စုံစမ္းေမးျမန္းလိုပါက လည္း ျမန္မာသံ႐ုံး၏ whatsApp no. +60 11 2510 5774 သို႔ စာျဖင့္ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.