တရုတ်နိုင်ငံတွင် ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှု(၂)ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၂)ဦး သေဆုံး

 292

Pika (NP News) - မတ် ၁၂

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်(၂၄)နာရီအတွင်း ကျောက်မီးသွေးမိုင်းတွင်းမတော်တဆမှုနှစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၂)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် မိုင်းတွင်းဘေးကင်းရေးဥပဒေကို မကြာသေးမီက ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Shanxi ပြည်နယ် Zhongyang ကောင်တီတွင် ကုမ္ပဏီတစ်ခုပိုင်ဆိုင်သော မြေအောက်ကျောက်မီးသွေးဘန်ကာသည် မတ်လ(၁၁)ရက် ညတွင် ပြိုကျခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံးကာ အခြားလူ(၂)ဦး ပျောက်ဆုံးနေကြောင်း CCTVက မတ်လ(၁၂)ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဘန်ကာကို Taoyuan Xinlong Coal Industry ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ မိုင်းတွင်း မတော်တဆမှုများကို ကာကွယ်ရန် အတွက် မိုင်းတွင်းဘေးကင်းရေးဥပဒေကို ပြီးခဲ့သည့််လတွင် ထုတ်ပြန်ခဲ့ပြီးနောက် Shanxi ပြည်နယ်တွင် အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးထုတ်လုပ်မှုအများဆုံးဖြစ်သော အဆိုပါဒေသတွင် သေဆုံးမှုများမှာ ၂၀၂၃ ခုနှစ် အတွင်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ပြည်နယ်ရှိ Huaihe Energy ကုမ္ပဏီ၏ ကျောက်မီးသွေးတွင်းတွင် ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၂)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း CCTV က မတ်လ(၁၁)ရက် နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှာ လူအသေအပျောက်များသော ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံ၏မိုင်းတွင်းဘေးကင်းရေးစီမံခန့်ခွဲရေးမှ တာဝန်ရှိသူတစ်ဦးက ပြဿနာများ ရှိနေသည်ဟုဆိုက တည်ဆဲဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ Pingdingshan မြို့တွင် မိုင်းတွင်းမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကာ လူ(၁၀)ဦး သေဆုံးခဲ့ပြီးနောက် ဒေသတွင်းအာဏာပိုင်များက လုံခြုံရေးစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ ေက်ာက္မီးေသြးမိုင္းတြင္း မေတာ္တဆမႈ(၂)ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၂)ဦး ေသဆုံး
Pika (NP News) - မတ္ ၁၂

တ႐ုတ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္(၂၄)နာရီအတြင္း ေက်ာက္မီးေသြးမိုင္းတြင္းမေတာ္တဆမႈႏွစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁၂)ဦး ေသဆုံးခဲ့ေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံလိုင္း CCTV က ေဖာ္ျပခဲ့သည္။

တ႐ုတ္အစိုးရသည္ မိုင္းတြင္းေဘးကင္းေရးဥပေဒကို မၾကာေသးမီက ျပန္လည္ျပင္ဆင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ားျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ Shanxi ျပည္နယ္ Zhongyang ေကာင္တီတြင္ ကုမၸဏီတစ္ခုပိုင္ဆိုင္ေသာ ေျမေအာက္ေက်ာက္မီးေသြးဘန္ကာသည္ မတ္လ(၁၁)ရက္ ညတြင္ ၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၅)ဦး ေသဆုံးကာ အျခားလူ(၂)ဦး ေပ်ာက္ဆုံးေနေၾကာင္း CCTVက မတ္လ(၁၂)ရက္တြင္ ေဖာ္ျပခဲ့သည္။

အဆိုပါဘန္ကာကို Taoyuan Xinlong Coal Industry ကုမၸဏီက ပိုင္ဆိုင္ျခင္းျဖစ္ၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။ မိုင္းတြင္း မေတာ္တဆမႈမ်ားကို ကာကြယ္ရန္ အတြက္ မိုင္းတြင္းေဘးကင္းေရးဥပေဒကို ၿပီးခဲ့သည့္္လတြင္ ထုတ္ျပန္ခဲ့ၿပီးေနာက္ Shanxi ျပည္နယ္တြင္ အဆိုပါ ျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၏ ေက်ာက္မီးေသြးထုတ္လုပ္မႈအမ်ားဆုံးျဖစ္ေသာ အဆိုပါေဒသတြင္ ေသဆုံးမႈမ်ားမွာ ၂၀၂၃ ခုႏွစ္ အတြင္း ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း Anhui ျပည္နယ္ရွိ Huaihe Energy ကုမၸဏီ၏ ေက်ာက္မီးေသြးတြင္းတြင္ ဓါတ္ေငြ႕ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၇)ဦးေသဆုံးကာ အျခားလူ(၂)ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း CCTV က မတ္လ(၁၁)ရက္ ေႏွာင္းပိုင္းတြင္ ေဖာ္ျပခဲ့သည္။

၂၀၂၃ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွာ လူအေသအေပ်ာက္မ်ားေသာ ေက်ာက္မီးေသြးမိုင္းတြင္း မေတာ္တဆမႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ႏိုင္ငံ၏မိုင္းတြင္းေဘးကင္းေရးစီမံခန႔္ခြဲေရးမွ တာဝန္ရွိသူတစ္ဦးက ျပႆနာမ်ား ရွိေနသည္ဟုဆိုက တည္ဆဲဥပေဒကို ျပန္လည္ျပင္ဆင္ရန္ ဖိအားေပးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္လတြင္ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းရွိ Pingdingshan ၿမိဳ႕တြင္ မိုင္းတြင္းမေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ကာ လူ(၁၀)ဦး ေသဆုံးခဲ့ၿပီးေနာက္ ေဒသတြင္းအာဏာပိုင္မ်ားက လုံၿခဳံေရးစစ္ေဆးမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.