ရခိုင်ပြည်နယ်မြောက်ဖျားတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၉ ဦး ပြေးဝင်ခိုလှုံလာဟု ဆို

 4043

Htay Oung (NP News) - မတ် ၁၂

မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်လိုက်တဲ့သေနတ်ကျည်ထိမှန်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ ဘန်ဒါဘန်ခရိုင် နိုင်ခေါင်ချာရီကျေးရွာကောင်စီအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရတယ်လို့ ဒါကာအခြေစိုက် “ဘီဇင်း နက်စ်_စတင်းဒတ်” TBS သတင်းအေဂျင်စီက ယမန်နေ့ ရေးသားပါတယ်။

ဒဏ်ရာရရှိသွားသူဟာ အမှတ်(၈) ကျေးရွာအုပ်စု ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ တနင်္လာနေ့ ညနေ ၄ နာရီ ခန့် နယ်စပ်ဒေသ ဂျမ်ချာရီဗလီအနီး ဒေသခံများနဲ့ စကားပြောဆိုနေခိုက် နယ်ခြားကို ဖြတ်သန်းလာတဲ့ သေနတ် ကျည်ဆန်က ခါးနေရာကို ထိမှန်ခြင်း ဖြစ်တယ်လို့ အဆိုပါကျေးရွာကောင်စီဥက္ကဋ္ဌဖြစ်သူက ပြောပြပါတယ်။

ဒဏ်ရာရရှိသူကို ကော့ခ်ဘဇားမြို့နယ်ဆေးရုံထံ ချက်ချင်းပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်စု ရဲကင်းတာဝန်ခံနဲ့ ဖုန်းအဆက်အသွယ် မရရှိသေးပါဘူး။ တချိန်တည်းမှာပဲ မြန်မာ ဘက်ခြမ်းမှာ တပ်မတော်နဲ့ သူပုန်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ တနင်္လာနေ့မှာ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ တပ်ဖွဲ့ဝင် ၂၉ ဦးခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြေးဝင်ခိုလှုံလာခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် မြန်မာနိုင်ငံသား ၃၃၀ ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ စောစောပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်များနဲ့ ရက္ခိုင်တပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ အထိ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ခိုလှုံနေသူ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၇၉ ဦးထက်မနည်းရှိကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားကာကွယ်ရေးရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိက အတည်ပြုတယ်လို့ ဒါကာအခြေစိုက် ဒေးလီးစတားရဲ့အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံ အောင်သပြေစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဘန်ဒါဘန်ခရိုင် နိုင်ခေါင်ချာရီမြို့နယ် ဂျမ်ချာရီ ကျေးရွာအနီး နယ်ခြားကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားကာကွယ်ရေး ရဲတပ်ဖွဲ့ အချုပ်ခန်းမှာ ထိန်းသိမ်းထားကြောင်း၊ ၂၉ ဦးဟာ တနင်္လာနေ့ နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပြေးဝင်လာကြခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ဝ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်ပို့ပေးခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦးနဲ့ မှီခို မိသားစုဝင် ၄ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁၈ ဦး၊ အရပ်သား ၄ ဦးတို့ ပါဝင်ကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ဖျားမှာ တိုက်ပွဲများ ပြင်းထန်လာတဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်မှာ စတင်ပြီး ဘန်ဒါဘန်နဲ ကော့ခ်ဘဇားဒေသများအတွင်း မြန်မာနိုင်ငံသားများထွက်ပြေးဝင်ရောက်လာခဲ့ကြကြောင်း၊ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်ခြား ကာကွယ်ရေးရဲတပ်ဖွဲ့က လက်နက်များ ဖြုတ်သိမ်းပြီး ချုပ်နှောင်ထားခဲ့ကြောင်း၊ ဖေဖော်ဝါ ရီ ၄ ရက်မှာ ပြေးဝင်ခိုလှုံလာသူ ၆၈ ဦးထက်မနည်းရှိပြီး ၁၅ ဦးမှာ သေနတ်ဒဏ်ရာရရှိထားကြောင်း အခြားသူ များမှာ ဖေဖော်ဝါရီ ၇ ရက်အထိ အသီးသီးဝင်ရောက်လာသူများဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျောက် တိုက်ပွဲများဖြစ်ပွားနေစဉ် ဖေဖော်ဝါရီ ၅ ရက်မှာ မြန်မာဘက်မှ ပစ်ခတ်လိုက်တဲ့ မော်တာကျည် ကျရောက်ပေါက်ကွဲပြီး ဘန်ဒါဘန်ခရိုင် ဂေါင်းဒုံနယ်မြေ (မြန်မာ တောင်ပြိုနှင့် မျက်နှာချင်းဆိုင်) မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနဲ့ ဒုက္ခသည် ဘင်္ဂါလီအမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြပါတယ်။

#နယ်ခြားဒေသမြန်မာဘက်ခြမ်းတိုက်ပွဲများ #ဘင်္ဂလားဒေ့ရှ်နယ်ခြားကာကွယ်ရေးရဲတပ်ဖွဲ့ #ဂေါင်းဒုံ #ဘန်ဒါဘန် #ကော့ခ်ဘဇား

(The Business Standard., 11 March 2024,”Union Parishad member in Bandarban injured by shot fired from Myanmar " နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ရခိုင္ျပည္နယ္ေျမာက္ဖ်ားတြင္ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနၿပီး ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၂၉ ဦး ေျပးဝင္ခိုလႈံလာဟု ဆို
Htay Oung (NP News) - မတ္ ၁၂

ျမန္မာႏိုင္ငံဘက္ျခမ္းမွ ပစ္ခတ္လိုက္တဲ့ေသနတ္က်ည္ထိမွန္ၿပီး ဘဂၤလားေဒ့ရွ္နယ္စပ္ေဒသ ဘန္ဒါဘန္ခ႐ိုင္ ႏိုင္ေခါင္ခ်ာရီေက်း႐ြာေကာင္စီအဖြဲ႕ဝင္တစ္ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရွိရတယ္လို႔ ဒါကာအေျခစိုက္ “ဘီဇင္း နက္စ္_စတင္းဒတ္” TBS သတင္းေအဂ်င္စီက ယမန္ေန႔ ေရးသားပါတယ္။

ဒဏ္ရာရရွိသြားသူဟာ အမွတ္(၈) ေက်း႐ြာအုပ္စု ေကာင္စီအဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္း၊ တနလၤာေန႔ ညေန ၄ နာရီ ခန႔္ နယ္စပ္ေဒသ ဂ်မ္ခ်ာရီဗလီအနီး ေဒသခံမ်ားနဲ႔ စကားေျပာဆိုေနခိုက္ နယ္ျခားကို ျဖတ္သန္းလာတဲ့ ေသနတ္ က်ည္ဆန္က ခါးေနရာကို ထိမွန္ျခင္း ျဖစ္တယ္လို႔ အဆိုပါေက်း႐ြာေကာင္စီဥကၠ႒ျဖစ္သူက ေျပာျပပါတယ္။

ဒဏ္ရာရရွိသူကို ေကာ့ခ္ဘဇားၿမိဳ႕နယ္ေဆး႐ုံထံ ခ်က္ခ်င္းပို႔ေဆာင္ေပးလိုက္ေၾကာင္း သိရွိရေပမယ့္ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ေက်း႐ြာအုပ္စု ရဲကင္းတာဝန္ခံနဲ႔ ဖုန္းအဆက္အသြယ္ မရရွိေသးပါဘူး။ တခ်ိန္တည္းမွာပဲ ျမန္မာ ဘက္ျခမ္းမွာ တပ္မေတာ္နဲ႔ သူပုန္မ်ားအၾကား တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့ေၾကာင္း၊ တနလၤာေန႔မွာ ျမန္မာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ (BGP) မွ တပ္ဖြဲ႕ဝင္ ၂၉ ဦးခန႔္ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေျပးဝင္ခိုလႈံလာခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။

နယ္ျခားေစာင့္တပ္ေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ ျမန္မာႏိုင္ငံသား ၃၃၀ ကို ေဖေဖၚဝါရီလ ၁၅ ရက္ေန႔ ေစာေစာပိုင္းမွာ ရခိုင္ျပည္နယ္အတြင္း ျပန္လည္ပို႔ေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း အစိုးရတပ္မ်ားနဲ႔ ရကၡိဳင္တပ္တို႔အၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနၿပီး ယမန္ေန႔ အထိ ဘဂၤလားေဒရွ႕္ႏိုင္ငံအတြင္း ခိုလႈံေနသူ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၁၇၉ ဦးထက္မနည္းရွိေၾကာင္း ဘဂၤလားေဒ့ရွ္ နယ္ျခားကာကြယ္ေရးရဲတပ္ဖြဲ႕ ျပည္သူ႔ဆက္ဆံေရးအရာရွိက အတည္ျပဳတယ္လို႔ ဒါကာအေျခစိုက္ ေဒးလီးစတားရဲ႕အျခားသတင္းတစ္ပုဒ္မွာ ေတြ႕ရွိရပါတယ္။

ျမန္မာႏိုင္ငံ ေအာင္သေျပစခန္းမွ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ေတြဟာ ဘန္ဒါဘန္ခ႐ိုင္ ႏိုင္ေခါင္ခ်ာရီၿမိဳ႕နယ္ ဂ်မ္ခ်ာရီ ေက်း႐ြာအနီး နယ္ျခားကို ျဖတ္ေက်ာ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ဝင္ေရာက္လာခဲ့ေၾကာင္း၊ အဲဒီလူေတြကို ဘဂၤလားေဒ့ရွ္နယ္ျခားကာကြယ္ေရး ရဲတပ္ဖြဲ႕ အခ်ဳပ္ခန္းမွာ ထိန္းသိမ္းထားေၾကာင္း၊ ၂၉ ဦးဟာ တနလၤာေန႔ နံနက္ပိုင္းနဲ႔ ညေနပိုင္းမွာ ေျပးဝင္လာၾကျခင္းျဖစ္ေၾကာင္း၊ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ အတြင္း ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား စုစုေပါင္း ၃၃ဝ ဦးကို ေဖေဖာ္ဝါရီ ၁၅ ရက္မွာ ျပန္ပို႔ေပးခဲ့ရာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၃၀၂ ဦးနဲ႔ မွီခို မိသားစုဝင္ ၄ ဦး၊ တပ္မေတာ္သား ၂ ဦး၊ လူဝင္မႈႀကီးၾကပ္ေရးဝန္ထမ္း ၁၈ ဦး၊ အရပ္သား ၄ ဦးတို႔ ပါဝင္ေၾကာင္း သိရွိရပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ဖ်ားမွာ တိုက္ပြဲမ်ား ျပင္းထန္လာတဲ့အတြက္ ေဖေဖာ္ဝါရီ ၄ ရက္မွာ စတင္ၿပီး ဘန္ဒါဘန္နဲ ေကာ့ခ္ဘဇားေဒသမ်ားအတြင္း ျမန္မာႏိုင္ငံသားမ်ားထြက္ေျပးဝင္ေရာက္လာခဲ့ၾကေၾကာင္း၊ သူတို႔ကို ဘဂၤလားေဒ့ရွ္နယ္ျခား ကာကြယ္ေရးရဲတပ္ဖြဲ႕က လက္နက္မ်ား ျဖဳတ္သိမ္းၿပီး ခ်ဳပ္ေႏွာင္ထားခဲ့ေၾကာင္း၊ ေဖေဖာ္ဝါ ရီ ၄ ရက္မွာ ေျပးဝင္ခိုလႈံလာသူ ၆၈ ဦးထက္မနည္းရွိၿပီး ၁၅ ဦးမွာ ေသနတ္ဒဏ္ရာရရွိထားေၾကာင္း အျခားသူ မ်ားမွာ ေဖေဖာ္ဝါရီ ၇ ရက္အထိ အသီးသီးဝင္ေရာက္လာသူမ်ားျဖစ္တယ္လို႔ ဆိုပါတယ္။

ႏွစ္ႏိုင္ငံ နယ္စပ္တေလ်ာက္ တိုက္ပြဲမ်ားျဖစ္ပြားေနစဥ္ ေဖေဖာ္ဝါရီ ၅ ရက္မွာ ျမန္မာဘက္မွ ပစ္ခတ္လိုက္တဲ့ ေမာ္တာက်ည္ က်ေရာက္ေပါက္ကြဲၿပီး ဘန္ဒါဘန္ခ႐ိုင္ ေဂါင္းဒုံနယ္ေျမ (ျမန္မာ ေတာင္ၿပိဳႏွင့္ မ်က္ႏွာခ်င္းဆိုင္) မွာ ဘဂၤလားေဒ့ရွ္ အမ်ိဳးသမီးတစ္ဦးနဲ႔ ဒုကၡသည္ ဘဂၤါလီအမ်ိဳးသားတစ္ဦးတို႔ ေသဆုံးခဲ့ရတယ္လို႔ သတင္းမွာ ဆက္လက္ ေဖာ္ျပပါတယ္။

#နယ္ျခားေဒသျမန္မာဘက္ျခမ္းတိုက္ပြဲမ်ား #ဘဂၤလားေဒ့ရွ္နယ္ျခားကာကြယ္ေရးရဲတပ္ဖြဲ႕ #ေဂါင္းဒုံ #ဘန္ဒါဘန္ #ေကာ့ခ္ဘဇား

(The Business Standard., 11 March 2024,”Union Parishad member in Bandarban injured by shot fired from Myanmar " ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.