ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးမှာ နှင်းထုပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံး

 394

ရောင်နီ (NP News) - မတ် ၁၃

ဂျပန်နိုင်ငံမှာ နှင်းထုပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဝဲလ်တန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (မတ် ၁၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ဟာ့ကိုင်းဒိုးကျွန်းရှိ ဆာပိုရိုမြို့မှ ကီလိုမီတာ ၉ဝ ခန့်အကွာ ယိုတိုင်တောင်မှာ နှင်းလျှောစီးနေစဉ် မတော်တဆဖြစ် ပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ အဆိုပါနယူးဇီလန် နိုင်ငံသား အမျိုးသားနဲ့ အမျိုးသမီးဟာ နှင်းပြိုကျပြီးနောက် ပြန်လည်သတိလည်လာခြင်း မရှိတာကြောင့် ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဆီးနှင်းပြိုကျမှုကြောင့် နယူးဇီလန်နိုင်ငံသားနှစ်ဦး သေဆုံးသွားခဲ့တဲ့အကြောင်းကိုတော့ ဂျပန်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။

"ပါဝင်ပတ်သက်သူတွေရဲ့မိသားစုတွေကို နယူးဇီလန်သံရုံးကောင်စစ်ဝန်က ဆက်သွယ်ထားပါတယ်” လို့ ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ အခြားကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးဒေသဟာ နှင်းလျှောစီး အားကစားပြုလုပ်ရာ ကမ္ဘာလှည့် ခရီးသွား လူစည်ကားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၊ ေဟာ့ကိုင္းဒိုးမွာ ႏွင္းထုၿပိဳက်မႈေၾကာင့္ နယူးဇီလန္ႏိုင္ငံသားႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၁၃

ဂ်ပန္ႏိုင္ငံမွာ ႏွင္းထုၿပိဳက်မႈေၾကာင့္ နယူးဇီလန္ႏိုင္ငံသားႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ ဝဲလ္တန္ၿမိဳ႕ရွိ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အဂၤါေန႔ (မတ္ ၁၂ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ဟာ့ကိုင္းဒိုးကြၽန္းရွိ ဆာပို႐ိုၿမိဳ႕မွ ကီလိုမီတာ ၉ဝ ခန႔္အကြာ ယိုတိုင္ေတာင္မွာ ႏွင္းေလွ်ာစီးေနစဥ္ မေတာ္တဆျဖစ္ ၿပီး ေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ပန္ျပည္တြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အဆိုပါနယူးဇီလန္ ႏိုင္ငံသား အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဟာ ႏွင္းၿပိဳက်ၿပီးေနာက္ ျပန္လည္သတိလည္လာျခင္း မရွိတာေၾကာင့္ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။

ဆီးႏွင္းၿပိဳက်မႈေၾကာင့္ နယူးဇီလန္ႏိုင္ငံသားႏွစ္ဦး ေသဆုံးသြားခဲ့တဲ့အေၾကာင္းကိုေတာ့ ဂ်ပန္ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့ျခင္းျဖစ္ပါတယ္။

"ပါဝင္ပတ္သက္သူေတြရဲ႕မိသားစုေတြကို နယူးဇီလန္သံ႐ုံးေကာင္စစ္ဝန္က ဆက္သြယ္ထားပါတယ္” လို႔ ဝန္ႀကီး ဌာနမွ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားပါတယ္။ အျခားကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကိုေတာ့ ေျပာၾကားခဲ့ျခင္း မရွိပါဘူး။ ဂ်ပန္ႏိုင္ငံ ေဟာ့ကိုင္းဒိုးေဒသဟာ ႏွင္းေလွ်ာစီး အားကစားျပဳလုပ္ရာ ကမာၻလွည့္ ခရီးသြား လူစည္ကားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.