YBS-58 ဘတ်စ်ကား ဓားပြတိုက်ခံရမှုဖြစ်စဉ်မှာ မဟုတ်မှန်ကြောင်း YUPT မှ တာဝန်ရှိသူ ပြန်လည်ရှင်းလင်း

 1594

သန့်ဇင် (NP News) - မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ ပုဇွန်တောင်မြို့နယ်တွင် YBS-58 ဘတ်စ်ကား ဓားပြတိုက်ခံရမှုဖြစ်စဉ်မှာ မဟုတ်မှန်ကြောင်း Yangon Urban Public Transportation Public Co.,Ltd (YUPT) မှတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေရှင်းထားသည်။

ဓားပြတိုက်ခံရသည်ဟုဆိုသော ဖြစ်စဉ်မှာ မတ်လ ၁၂ရက်၊ ညနေ ၄နာရီခွဲအချိန်က ပုဇွန်တောင်မြို့နယ်၊ သီတာဆိပ်မှတ်တိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဖြစ်စဉ်သည် YBS-58 ယာဉ်ပေါ် စီးနင်းလာသော ဖုန်းရောင်းဝယ်ပြုလုပ်သူအချင်းချင်းမှ တစ်ဦးက “ဖုန်းဘယ်နှစ်လုံးပါလာသလဲထုတ်”ဟု ပြောဆိုရာ အခြားတစ်ဦးက ဖုန်းထုတ်ပေးခြင်းကို YUPT ပိုင် YBS-58 ယာဉ်တစ်စီးလုံး ဓါးပြအတိုက်ခံရကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာများပေါ်တွင် ဖော်ပြထားခဲ့ကြောင်း ရှင်းလင်းချက်အရသိရသည်။

YBS ယာဉ်များပေါ်တွင် CCTV များပြည့်စုံစွာတပ်ဆင်ထားခြင်းကို လစ်လျှူရှုဖော်ပြခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ပြန်လည် ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

zawgyi version
YBS-58 ဘတ္စ္ကား ဓားျပတိုက္ခံရမႈျဖစ္စဥ္မွာ မဟုတ္မွန္ေၾကာင္း YUPT မွ တာဝန္ရွိသူ ျပန္လည္ရွင္းလင္း

သန႔္ဇင္ (NP News) - မတ္ ၁၃

ရန္ကုန္တိုင္းေဒသႀကီး ၊ ပုဇြန္ေတာင္ၿမိဳ႕နယ္တြင္ YBS-58 ဘတ္စ္ကား ဓားျပတိုက္ခံရမႈျဖစ္စဥ္မွာ မဟုတ္မွန္ေၾကာင္း Yangon Urban Public Transportation Public Co.,Ltd (YUPT) မွတာဝန္ရွိသူတစ္ဦးက ျပန္လည္ေျဖရွင္းထားသည္။

ဓားျပတိုက္ခံရသည္ဟုဆိုေသာ ျဖစ္စဥ္မွာ မတ္လ ၁၂ရက္၊ ညေန ၄နာရီခြဲအခ်ိန္က ပုဇြန္ေတာင္ၿမိဳ႕နယ္၊ သီတာဆိပ္မွတ္တိုင္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

ျဖစ္စဥ္သည္ YBS-58 ယာဥ္ေပၚ စီးနင္းလာေသာ ဖုန္းေရာင္းဝယ္ျပဳလုပ္သူအခ်င္းခ်င္းမွ တစ္ဦးက “ဖုန္းဘယ္ႏွစ္လုံးပါလာသလဲထုတ္”ဟု ေျပာဆိုရာ အျခားတစ္ဦးက ဖုန္းထုတ္ေပးျခင္းကို YUPT ပိုင္ YBS-58 ယာဥ္တစ္စီးလုံး ဓါးျပအတိုက္ခံရေၾကာင္း လူမႈကြန္ရက္ Facebook စာမ်က္ႏွာမ်ားေပၚတြင္ ေဖာ္ျပထားခဲ့ေၾကာင္း ရွင္းလင္းခ်က္အရသိရသည္။

YBS ယာဥ္မ်ားေပၚတြင္ CCTV မ်ားျပည့္စုံစြာတပ္ဆင္ထားျခင္းကို လစ္လွ်ဴရႈေဖာ္ျပျခင္းကို ျပင္းထန္စြာကန႔္ကြက္ေၾကာင္းလည္း ျပန္လည္ ရွင္းလင္းခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.