အဖွားက မြေးကိုချီပြီးကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရကာ မြေးဖြစ်သူ (၂)နှစ်အရွယ်ကလေးငယ်မှာ ပွဲချင်းပြီးသေဆုံး

 1786

သန့်ဇင် (NP News) - မတ် ၁၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အဖွားက မြေးကိုချီပြီးကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရကာ မြေးဖြစ်သူ (၂)နှစ်အရွယ် ကလေးငယ်မှာ ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၁၃ ရက်)၊ နံနက် ၇နာရီခွဲအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေး အဝေးပြေးလမ်းမကြီးပေါ်၊ ဝယ်ကလီကျေးရွာ ကျောက်ခွဲစက်အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးကို ချီပြီး ကားလမ်းဖြတ်ကူးတာမှာဖြစ်တာပေါ့။ သူတို့က လမ်းရဲ့ ဘယ်ဘက်ခြမ်းကနေညာဘက်ကို ဖြတ်ကူးတာ။ အဲဒီအချိန်မှာ ကားကဝင်တိုက်ပြီး ကလေးကိုကြိတ်မိတာ။ ဝင်တိုက်တဲ့ကားက ထင်းတင်တဲ့ကားပါ။ ယူဆရတာတော့ ကားလမ်းတစ်ဖတ်ခြမ်းက ဈေးဆိုင်ကို သွားတာမှာ ဖြစ်တာ”ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၂)နှစ်အရွယ်ကလေးငယ်သည် ကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်း၏အဖွားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကလေးက ခေါင်းကိုကြိတ်မိတဲ့ပုံစံပေါ့၊။ လူကြီးက ပွန်းပဲ့လောက်ပဲ။ ကလေးက (၂)နှစ်ဝန်းကျင် ယောက်ျားလေးပါ။ အရင်တုန်းက ဒီဘက်လမ်းမှာတော့ ခဏခဏဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

သေဆုံးသူကလေးငယ်၏ အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူကို စေတ နာရှင်လူမှုကယ်ဆယ်ရေးအသင်းက သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အဖြားက ေျမးကိုခ်ီၿပီးကားလမ္းျဖတ္ကူးစဥ္ ကားတိုက္ခံရကာ ေျမးျဖစ္သူ (၂)ႏွစ္အ႐ြယ္ကေလးငယ္မွာ ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - မတ္ ၁၃

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ အဖြားက ေျမးကိုခ်ီၿပီးကားလမ္းျဖတ္ကူးစဥ္ ကားတိုက္ခံရကာ ေျမးျဖစ္သူ (၂)ႏွစ္အ႐ြယ္ ကေလးငယ္မွာ ပြဲခ်င္း ၿပီးေသဆုံးသြားခဲ့ေၾကာင္း ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈသည္ ယေန႔(မတ္လ ၁၃ ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ သံျဖဴဇရပ္-ေရး အေဝးေျပးလမ္းမႀကီးေပၚ၊ ဝယ္ကလီေက်း႐ြာ ေက်ာက္ခြဲစက္အနီး၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကေလးကို ခ်ီၿပီး ကားလမ္းျဖတ္ကူးတာမွာျဖစ္တာေပါ့။ သူတို႔က လမ္းရဲ႕ ဘယ္ဘက္ျခမ္းကေနညာဘက္ကို ျဖတ္ကူးတာ။ အဲဒီအခ်ိန္မွာ ကားကဝင္တိုက္ၿပီး ကေလးကိုႀကိတ္မိတာ။ ဝင္တိုက္တဲ့ကားက ထင္းတင္တဲ့ကားပါ။ ယူဆရတာေတာ့ ကားလမ္းတစ္ဖတ္ျခမ္းက ေဈးဆိုင္ကို သြားတာမွာ ျဖစ္တာ”ဟု ေစတနာရွင္လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္တြင္ အသက္(၂)ႏွစ္အ႐ြယ္ကေလးငယ္သည္ ကားႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ၎၏အဖြားျဖစ္သူမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ကေလးက ေခါင္းကိုႀကိတ္မိတဲ့ပုံစံေပါ့၊။ လူႀကီးက ပြန္းပဲ့ေလာက္ပဲ။ ကေလးက (၂)ႏွစ္ဝန္းက်င္ ေယာက္်ားေလးပါ။ အရင္တုန္းက ဒီဘက္လမ္းမွာေတာ့ ခဏခဏျဖစ္တယ္” ဟု ၎ကဆက္ေျပာသည္။

ေသဆုံးသူကေလးငယ္၏ အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရရွိသူကို ေစတ နာရွင္လူမႈကယ္ဆယ္ေရးအသင္းက သံျဖဴဇရပ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.