မိဘများအလစ်တွင် ကလေးကိုခေါ်သွားကာ တောင်းရမ်းခိုင်းသည့်ဖြစ်စဉ် ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့

 1834

သန့်ဇင်(NP News) - မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ မိဘများအလစ်တွင် ကလေးကိုခေါ်သွားကာ တောင်းရမ်းခိုင်းသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်ကို အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း We Love Care လူမှုကူညီရေးအသင်းထံမှ သိရသည်။

ခေါ်ဆောင်ခံရသည့် ဖြစ်စဉ်သည် မတ်လ ၁၂ရက်၊ ညနေ ၅နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပန်းခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အသက်(၅)နှစ်အရွယ် မနန္ဒာဝင်း(ခ) ပေါက် ပေါက်စိဖြစ်ပြီး အဆိုပါကလေးငယ်ကို မတ်လ ၁၃ ရက်၊ နံနက် ၁၀နာရီအချိန်တွင် တညင်းကုန်းလမ်းဆုံ၏ လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညနေပိုင်းလောက်မှာပေါ့။ ကလေးက သူ့အဖေနဲ့ ရွှေပြည်သာပန်းခြံမှာ အခါတိုင်း ကစားနေကျအတိုင်း ကစားနေတုန်းမှာ အဖေက ကလေးကိုထားခဲ့ပြီး မလှမ်းမကမ်းက ဆိုင်တစ်ခုမှာ ခဏလေးပစ္စည်းသွားဝယ်တာမှာ ကလေးကပျောက်သွားတာပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ကိုခေါ်ပြီး လိုက်လံရှာဖွေရေးလုပ်လိုက်တာမှာ CCTV တွေကနေလိုက်ရှာရတာပေါ့။ အဲဒီမှာ ဘာစတွေ့လည်းဆိုတော့ အသက်(၁၁) နှစ်အရွယ် ကလေးတစ်ယောက်က ဒီကလေးလေးကို မုန့်ထုတ်လေးတစ်ခုနဲ့ခေါ်ပြီး ပန်းခြံထဲက ထွက်သွားတာပေါ့။ အဲဒီကနေမှ CCTV တွေ ဆက်ကြည့်လိုက်တဲ့အခါမှာ ကလေး(၂) ယောက်က အမှတ်(၂)လမ်းမကြီးဘက်ကို ထွက်သွားပြီး မျက်ခြေပြတ်သွားတယ်ပေါ့” ဟု We Love Care လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့နောက် ကလေးကို ဆက်လက်ရှာဖွေခဲ့ရာ Online ပေါ်တွင် တင်ထားသည့် ဗွီဒီယိုကိုကြည့်ထားမိသူ အမျိုးသားတစ်ဦး၏ သတင်းပေးချက်အရ ကလေးခေါ်သွားသူများကို ကွင်းဆက်ရရှိမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

“ကလေးကို ပြန်တွေ့တာက ဦးလေးတစ်ယောက်ပါ။ သူကလည်း CCTV တွေကြည့်ထားတော့ လိုက်ရှာရင်းနဲ့ ဘေးတွဲသမားတွေလည်း မေးပေါ့။ အဲဒီမှာ ဦးလေးက ဆက်မေးရင်းနဲ့လိုက်တာမှာ ဒီနေ့မနက်ကြတော့ ကလေးငယ်ကို ဒညင်းကုန်းမှာ တွေ့တာပေါ့။ အဲဒီမှာ ကလေးကိုမေးကြည့်လိုက်တော့ ညနေကတော့ သူကားတစ်စီးကိုသွားတောင်းရတယ်ပေါ့။ ကလေးကပြန် ပြောပြတာတော့ ညတစ်ညလုံးထမင်းမစားရဘူးပေါ့နော်။ အဲလိုနဲ့ဖြစ်စဉ်တွေကို ခြုံကြည့်လိုက်တော့ မျက်မြင်တွေရဲ့ပြောပြချက်အရ တောင်းရမ်းတဲ့အဖွဲ့က ခေါ်သွားတယ်ဆိုတဲ့အရာရယ်၊ ကလေးငယ်လေးပြောပြတဲ့အတိုင်း သူကိုယ်တိုင်တောင်းခဲ့ရတယ်ဆိုတာ တွေကြောင့် တောင်းရမ်းတဲ့အဖွဲ့က ခေါ်သွားတာလို့ပြောရပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ကလေးငယ်သည် ရွှေပြည်သာမြို့နယ်ရှိ မိဘများနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိမြို့ရွာများ၌ ကလေးငယ်များအပါအဝင် လူပျောက်မှုဖြစ်စဉ်များ ပိုမိုများပြားလာလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေကြောင်း သိရသည်။

zawgyi version
မိဘမ်ားအလစ္တြင္ ကေလးကိုေခၚသြားကာ ေတာင္းရမ္းခိုင္းသည့္ျဖစ္စဥ္ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ၿပီး အခ်ိန္မီျပန္လည္ကယ္တင္ႏိုင္ခဲ့

သန႔္ဇင္(NP News) - မတ္ ၁၃

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၌ မိဘမ်ားအလစ္တြင္ ကေလးကိုေခၚသြားကာ ေတာင္းရမ္းခိုင္းသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ၿပီး ကေလးငယ္ကို အခ်ိန္မီျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း We Love Care လူမႈကူညီေရးအသင္းထံမွ သိရသည္။

ေခၚေဆာင္ခံရသည့္ ျဖစ္စဥ္သည္ မတ္လ ၁၂ရက္၊ ညေန ၅နာရီအခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေ႐ႊျပည္သာပန္းၿခံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ေနထိုင္သည့္ အသက္(၅)ႏွစ္အ႐ြယ္ မနႏၵာဝင္း(ခ) ေပါက္ ေပါက္စိျဖစ္ၿပီး အဆိုပါကေလးငယ္ကို မတ္လ ၁၃ ရက္၊ နံနက္ ၁၀နာရီအခ်ိန္တြင္ တညင္းကုန္းလမ္းဆုံ၏ လမ္းမေပၚတြင္ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ညေနပိုင္းေလာက္မွာေပါ့။ ကေလးက သူ႔အေဖနဲ႔ ေ႐ႊျပည္သာပန္းၿခံမွာ အခါတိုင္း ကစားေနက်အတိုင္း ကစားေနတုန္းမွာ အေဖက ကေလးကိုထားခဲ့ၿပီး မလွမ္းမကမ္းက ဆိုင္တစ္ခုမွာ ခဏေလးပစၥည္းသြားဝယ္တာမွာ ကေလးကေပ်ာက္သြားတာေပါ့။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ကိုေခၚၿပီး လိုက္လံရွာေဖြေရးလုပ္လိုက္တာမွာ CCTV ေတြကေနလိုက္ရွာရတာေပါ့။ အဲဒီမွာ ဘာစေတြ႕လည္းဆိုေတာ့ အသက္(၁၁) ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္က ဒီကေလးေလးကို မုန႔္ထုတ္ေလးတစ္ခုနဲ႔ေခၚၿပီး ပန္းၿခံထဲက ထြက္သြားတာေပါ့။ အဲဒီကေနမွ CCTV ေတြ ဆက္ၾကည့္လိုက္တဲ့အခါမွာ ကေလး(၂) ေယာက္က အမွတ္(၂)လမ္းမႀကီးဘက္ကို ထြက္သြားၿပီး မ်က္ေျချပတ္သြားတယ္ေပါ့” ဟု We Love Care လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေနာက္ ကေလးကို ဆက္လက္ရွာေဖြခဲ့ရာ Online ေပၚတြင္ တင္ထားသည့္ ဗြီဒီယိုကိုၾကည့္ထားမိသူ အမ်ိဳးသားတစ္ဦး၏ သတင္းေပးခ်က္အရ ကေလးေခၚသြားသူမ်ားကို ကြင္းဆက္ရရွိမိခဲ့ျခင္းျဖစ္ေၾကာင္း ၎ကေျပာ သည္။

“ကေလးကို ျပန္ေတြ႕တာက ဦးေလးတစ္ေယာက္ပါ။ သူကလည္း CCTV ေတြၾကည့္ထားေတာ့ လိုက္ရွာရင္းနဲ႔ ေဘးတြဲသမားေတြလည္း ေမးေပါ့။ အဲဒီမွာ ဦးေလးက ဆက္ေမးရင္းနဲ႔လိုက္တာမွာ ဒီေန႔မနက္ၾကေတာ့ ကေလးငယ္ကို ဒညင္းကုန္းမွာ ေတြ႕တာေပါ့။ အဲဒီမွာ ကေလးကိုေမးၾကည့္လိုက္ေတာ့ ညေနကေတာ့ သူကားတစ္စီးကိုသြားေတာင္းရတယ္ေပါ့။ ကေလးကျပန္ ေျပာျပတာေတာ့ ညတစ္ညလုံးထမင္းမစားရဘူးေပါ့ေနာ္။ အဲလိုနဲ႔ျဖစ္စဥ္ေတြကို ၿခဳံၾကည့္လိုက္ေတာ့ မ်က္ျမင္ေတြရဲ႕ေျပာျပခ်က္အရ ေတာင္းရမ္းတဲ့အဖြဲ႕က ေခၚသြားတယ္ဆိုတဲ့အရာရယ္၊ ကေလးငယ္ေလးေျပာျပတဲ့အတိုင္း သူကိုယ္တိုင္ေတာင္းခဲ့ရတယ္ဆိုတာ ေတြေၾကာင့္ ေတာင္းရမ္းတဲ့အဖြဲ႕က ေခၚသြားတာလို႔ေျပာရေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ကေလးငယ္သည္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ မိဘမ်ားေနအိမ္သို႔ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ကာ က်န္းမာေရးေကာင္းမြန္ေၾကာင္းလည္း သိရသည္။

ယခုရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕အျပင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ရွိၿမိဳ႕႐ြာမ်ား၌ ကေလးငယ္မ်ားအပါအဝင္ လူေပ်ာက္မႈျဖစ္စဥ္မ်ား ပိုမိုမ်ားျပားလာလ်က္ရွိၿပီး မိဘျပည္သူမ်ားအေနျဖင့္ စိုးရိမ္ထိတ္လန႔္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.