စစ်တွေမြို့နယ်ရှိ စာသင်ကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အချို့ပျက်စီး

 445

NP News - မတ် ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ‌ရွှေပြည်သာကျေးရွာရှိ စာသင် ကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နစကမှ မတ်လ(၁၃)ရက် ညပိုင်းတွင် ထုတ်ပြန်ထား သည်။

ဖြစ်စဥ်မှာ မတ်လ(၁၃)ရက်၊ နံနက်(၉)နာရီခွဲအချိန်ခန့်တွင် AA အကြမ်းဖက်များက ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက် ကြီးကျည်များသည် ကျေးတောရွာမအုပ်စုရှိ ရွှေပြည်သာကျေးရွာအတွင်းသို့ ကျရောက်‌ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းဝန်းမှ စာသင်ဆောင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း နစကမှ ဆိုထားသည်။

အလားတူ ပြီးခဲ့သည့် မတ်လ(၁၁)ရက်တွင်လည်း ရခိုင်ပြည် နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA လက်နက် ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စာဖြေပြီးပြန်လာသည့် ကျောင်းသား/သူ နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

zawgyi version
စစ္ေတြၿမိဳ႕နယ္ရွိ စာသင္ေက်ာင္းဝန္းအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္‌ေပါက္ကြဲမႈေၾကာင့္ စာသင္ေဆာင္အခ်ိဳ႕ပ်က္စီး

NP News - မတ္ ၁၄

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္၊ ‌ေ႐ႊျပည္သာေက်း႐ြာရွိ စာသင္ ေက်ာင္းဝန္းအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း နစကမွ မတ္လ(၁၃)ရက္ ညပိုင္းတြင္ ထုတ္ျပန္ထား သည္။

ျဖစ္စဥ္မွာ မတ္လ(၁၃)ရက္၊ နံနက္(၉)နာရီခြဲအခ်ိန္ခန႔္တြင္ AA အၾကမ္းဖက္မ်ားက ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ခေမာင္းေတာေက်း႐ြာဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ရာ အဆိုပါလက္နက္ ႀကီးက်ည္မ်ားသည္ ေက်းေတာ႐ြာမအုပ္စုရွိ ေ႐ႊျပည္သာေက်း႐ြာအတြင္းသို႔ က်ေရာက္‌ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

လက္နက္က်ည္မ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေက်း႐ြာအတြင္းရွိ အေျခခံပညာမူလတန္း(လြန္) ေက်ာင္းဝန္းမွ စာသင္ေဆာင္အေဆာက္အအုံမ်ား ပ်က္စီးဆုံးရႈံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း နစကမွ ဆိုထားသည္။

အလားတူ ၿပီးခဲ့သည့္ မတ္လ(၁၁)ရက္တြင္လည္း ရခိုင္ျပည္ နယ္၊ စစ္ေတြၿမိဳ႕နယ္၊ ပါဒလိပ္ေက်း႐ြာအတြင္းသို႔ AA လက္နက္ ကိုင္အဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ စာေျဖၿပီးျပန္လာသည့္ ေက်ာင္းသား/သူ ႏွစ္ဦး ဗုံးစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သည္။

Related news

© 2021. All rights reserved.