ရန်ကုန်မြို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကာ (၂)ဦးပွဲချင်းပြီး သေဆုံးခဲ့

 800

သန့်ဇင် (NP News) - မတ် ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကာ (၂)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(မတ်လ ၁၃ ရက်)၊ ညနေ ၅နာရီ ၃၅ မိနစ်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်လမ်း၊ သိမ်ကျောင်း လမ်းဆုံအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ ပရိုဘောက်က အဲဒီနားက နိုဗယ်ဟိုတယ်ကိုဝင်ဖို့လုပ်နေတာလို့ မျက်မြင်တွေကပြောတာပေါ့။ အဲဒီအချိန်မှာ မဝင်ခင် စက်ဘီးကိုအရင်တိုက်တယ် ။ ပြီးတော့ သေဆုံးသူအမျိုးသမီးနဲ့ ကလေးကလမ်းလျှောက်လာတာမှာ အဲဒီကားကပဲ နောက်က နေထပ်ပြီး ဝင်တိုက်တာ။ အမျိုးသမီးကတော့ နေရာမှာပဲပွဲချင်းပြီး ဆုံးသွားတယ်။ ပြီးတော့မှ ဆီဘောက်ဆာကိုဝင်တိုက်တာ” ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၄)နှစ်အရွယ် ဒေါ်တင်တင်ထွေးတွင် မျက်နှာနှင့် ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာများရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်းလူ(၃)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါအသင်းကပြောသည်။

အလားတူ အဆိုပါနေ့ ည ၁၀နာရီ ၈မိနစ်အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၌ ယာဉ်တိုက်မှု တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သိရသလောက်ကတော့ ကွန်တိန်နာက လမ်းပြောင်းပြန်မောင်းသလိုဖြစ်ပြီး တက္ကစီနဲ့ မျက်နှာချင်းဆိုင်တိုက်မိတဲ့ သဘောပါ။ အဲဒီမှာ တက္ကစီယာဉ်မောင်းက ကားခေါင်းထဲမှာ ညပ်နေပြီးတော့ ဆုံးသွားတာ”ဟု H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၃၈)နှစ်အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားသည်လည်း အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်များတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဒေသခံလူမှုကူညီရေးအသင်းများက မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ တစ္ရက္အတြင္း ယာဥ္တိုက္မႈ(၂)ႀကိမ္ျဖစ္ပြားခဲ့ကာ (၂)ဦးပြဲခ်င္းၿပီး ေသဆုံးခဲ့
သန႔္ဇင္ (NP News) - မတ္ ၁၄

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕ဆိပ္ကမ္းၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္တို႔တြင္ တစ္ရက္အတြင္း ယာဥ္တိုက္မႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ကာ (၂)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(မတ္လ ၁၃ ရက္)၊ ညေန ၅နာရီ ၃၅ မိနစ္အခ်ိန္တြင္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ဧရာဝဏ္လမ္း၊ သိမ္ေက်ာင္း လမ္းဆုံအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္လိုျဖစ္တာလဲဆိုေတာ့ ပ႐ိုေဘာက္က အဲဒီနားက ႏိုဗယ္ဟိုတယ္ကိုဝင္ဖို႔လုပ္ေနတာလို႔ မ်က္ျမင္ေတြကေျပာတာေပါ့။ အဲဒီအခ်ိန္မွာ မဝင္ခင္ စက္ဘီးကိုအရင္တိုက္တယ္ ။ ၿပီးေတာ့ ေသဆုံးသူအမ်ိဳးသမီးနဲ႔ ကေလးကလမ္းေလွ်ာက္လာတာမွာ အဲဒီကားကပဲ ေနာက္က ေနထပ္ၿပီး ဝင္တိုက္တာ။ အမ်ိဳးသမီးကေတာ့ ေနရာမွာပဲပြဲခ်င္းၿပီး ဆုံးသြားတယ္။ ၿပီးေတာ့မွ ဆီေဘာက္ဆာကိုဝင္တိုက္တာ” ဟု ရွင္သန္ခြင့္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၄၄)ႏွစ္အ႐ြယ္ ေဒၚတင္တင္ေထြးတြင္ မ်က္ႏွာႏွင့္ ခႏၶာကိုယ္၌ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ၎ယာဥ္တိုက္မႈျဖစ္စဥ္အတြင္း ကေလးငယ္တစ္ဦးအပါအဝင္ စုစုေပါင္းလူ(၃)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း အထက္ပါအသင္းကေျပာသည္။

အလားတူ အဆိုပါေန႔ ည ၁၀နာရီ ၈မိနစ္အခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္၊ အမွတ္(၂)လမ္းမႀကီး၌ ယာဥ္တိုက္မႈ တစ္ႀကိမ္ ထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“သိရသေလာက္ကေတာ့ ကြန္တိန္နာက လမ္းေျပာင္းျပန္ေမာင္းသလိုျဖစ္ၿပီး တကၠစီနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိတဲ့ သေဘာပါ။ အဲဒီမွာ တကၠစီယာဥ္ေမာင္းက ကားေခါင္းထဲမွာ ညပ္ေနၿပီးေတာ့ ဆုံးသြားတာ”ဟု H RESCUE အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္တြင္ အသက္(၃၈)ႏွစ္အ႐ြယ္ တကၠစီယာဥ္ေမာင္း အမ်ိဳးသားသည္လည္း အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ၎ယာဥ္တိုက္မႈျဖစ္စဥ္မ်ားတြင္ ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ေဒသခံလူမႈကူညီေရးအသင္းမ်ားက ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.