TNLA အဖွဲ့၏ အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသော တိုင်းရင်းသားလူငယ်(၄)ဦးကို ထောက်ပံ့ငွေများပေးအပ်

 2471

Pearl (NP News) - မတ် ၁၄

TNLA အဖွဲ့၏အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာသော တိုင်းရင်းသားလူငယ် (၄) ဦးကို နစကမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

ဒေသခံတိုင်းရင်းသားလူငယ်များကို TNLA အဖွဲ့များက အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်ခိုင်းလျက်ရှိသဖြင့် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များသည်လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

ယင်းကဲ့သို့ TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိသည့် ဒေသခံတိုင်းရင်းသား လူငယ် (၄)ဦးသည်လည်း ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု နစကမှ ဆိုသည်။

အဆိုပါလူငယ် (၄)ဦးအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားလူ ငယ် ၄ ဦးကို တစ်ဦးလျှင် (၁ဝ)သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ရာ တိုင်းရင်းသားလူငယ်များက အသီးသီးလက်ခံရယူကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
TNLA အဖြဲ႕၏ အတင္းအဓမၼေခၚယူစစ္မႈထမ္းခိုင္းျခင္းခံရၿပီး ထြက္ေျပးလြတ္ေျမာက္လာေသာ တိုင္းရင္းသားလူငယ္(၄)ဦးကို ေထာက္ပံ့ေငြမ်ားေပးအပ္
Pearl (NP News) - မတ္ ၁၄

TNLA အဖြဲ႕၏အတင္းအဓမၼေခၚယူစစ္မႈထမ္းခိုင္းျခင္းခံရၿပီး ထြက္ေျပးလြတ္ေျမာက္လာေသာ တိုင္းရင္းသားလူငယ္ (၄) ဦးကို နစကမွ ေထာက္ပံ့ေငြမ်ား ေပးအပ္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ေဒသခံတိုင္းရင္းသားလူငယ္မ်ားကို TNLA အဖြဲ႕မ်ားက အတင္း အဓမၼ ဖမ္းဆီးေခၚေဆာင္ကာ စစ္သင္တန္းမ်ားတက္ေရာက္ေစၿပီး စစ္မႈတာဝန္မ်ား ထမ္းေဆာင္ခိုင္းလ်က္ရွိသျဖင့္ တာဝန္ထမ္းေဆာင္လိုျခင္းမရွိေသာ တိုင္းရင္းသားလူငယ္မ်ားသည္လည္း ထြက္ေျပးတိမ္းေရွာင္ေနၾကေၾကာင္းသိရသည္။

ယင္းကဲ့သို႔ TNLA အဖြဲ႕၏ ဖမ္းဆီးျခင္းခံရၿပီး စစ္သင္တန္းတက္ေရာက္လိုျခင္းမရွိသည့္ ေဒသခံတိုင္းရင္းသား လူငယ္ (၄)ဦးသည္လည္း ထြက္ေျပးလြတ္ေျမာက္လာခဲ့သည္ဟု နစကမွ ဆိုသည္။

အဆိုပါလူငယ္ (၄)ဦးအား ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းေပးအပ္ျခင္းကို ယမန္ေန႔ (မတ္လ ၁၃ ရက္) တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ တာဝန္ရွိသူမ်ားက ေဒသခံတိုင္းရင္းသားလူ ငယ္ ၄ ဦးကို တစ္ဦးလွ်င္ (၁ဝ)သိန္းက်ပ္စီ ေထာက္ပံ့ေပးအပ္ရာ တိုင္းရင္းသားလူငယ္မ်ားက အသီးသီးလက္ခံရယူၾကသည္ဟု နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.