ပြည်ပထွက်ခွါမှုများပြီး CMP အထည်ချုပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားရှားပါးနေ

 1055

NP News - မတ် ၁၄

ပြည်ပထွက်ခွာသူများပြားနေခြင်းကြောင့် ပြည်တွင်း CMP အထည်ချုပ်လုပ်ငန်းများ၌ ကျွမ်းကျင်လုပ်သားရှားပါးနေကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ကျွမ်းကျင်လုပ်သားများသည် ကာတာ၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ လာအိုစသည့်ဖြင့် နိုင်ငံများသို့ အလုပ်‌လုပ်ကိုင်ရန် သွားရောက်ကြခြင်းကြောင့် လုပ်သားရှားပါးနေကြောင်း သိရသည်။

“ကျွမ်းကျင်လုပ်သားရှားပါးတာတော့ အတော်လေးကိုရှားနေတာပါ၊ အထည်ချုပ်မိန်းကလေးတွေကလည်း ကာတာတို့ဘာတို့ အရင်ကသွားတာရှိတယ်၊ ခုနောက်ပိုင်းလာအိုကိုလည်း ခေါ်တယ်၊ ဒီရက်ပိုင်းလည်း တရုတ်ဘက်ကိုတစ်သုတ်ထပ်သွားကြတယ်၊ စိတ်ချရတယ်လို့အာမခံတာ‌ရှိတယ်၊ အလုပ်တကယ်ရမရတော့မသိပါဘူး၊ ဟိုဘက်ရောက်မှ တကယ်ရလားမရလားသိမှာပါ”ဟု အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယခုလပိုင်းအတွင်း လာအို၊ တရုတ်စသည့် နိုင်ငံများ၌ အလုပ်ရရှိမည်ဟုဆိုကာ ကျွမ်းကျင်လုပ်သားအမျိုးသမီးငယ်များအား ရင်း နှီးသူများမှလူစုဆောင်း၍ စေလွှတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့စေလွှတ်ရာတွင် အမျိုးသမီးတစ်ဦးလျှင် ကျပ်ခြောက်သိန်းအထိပေးရပြီး အသက် ၁၈ နှစ်မှ ၃၀ အတွင်း အမျိုးသမီးများအား ခေါ်ယူစုဆောင်းနေကြောင်း သိရသည်။

လတ်တလောတွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် အလုပ်အကိုင်ရှားပါးရုံသာမက ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေး များပြားလွန်းနေသဖြင့် လုပ်ခလ စာ ဈေးနှိမ်ခံနေရခြင်းများဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာ၌ တစ်နှစ်သက်တမ်းရှိသည့် စာအုပ်အနီဖြင့်လည်းကောင်း၊ တစ်ခါသုံးကတ် TBP ဖြင့်လည်းကောင်း ဝင်ရောက်လျက်ရှိကြပြီး သက်တမ်းကျော်လွန်နေထိုင်သူ အများအပြားကို ယခုလအတွင်း တရုတ်အာဏာပိုင်များမှ ဖမ်းဆီးနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး အထည်ချုပ်လုပ်သား ၄ သိန်းခန့်အထိကို အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ အထည်ချုပ်လုပ်သားသုံးသိန်းခန့်ရှိပြီး ပဲခူးတိုင်း နှင့် ဧရာဝတီ တိုင်းတို့၌လည်း လုပ်သားတစ်သိန်းကျော်ခန့် လုပ်ကိုင်ခွင့်ရရှိသော်လည်း ယခုနောက်ပိုင်းတွင် ပြည်ပထွက်ခွာသူဦးရေများ ပြားနေခြင်းကြောင့် လုပ်သားရှားပါးလာကြောင်း သိရသည်။

zawgyi version
ျပည္ပထြက္ခြါမႈမ်ားၿပီး CMP အထည္ခ်ဳပ္လုပ္ငန္းမ်ား၌ ကြၽမ္းက်င္လုပ္သားရွားပါးေန

NP News - မတ္ ၁၄

ျပည္ပထြက္ခြာသူမ်ားျပားေနျခင္းေၾကာင့္ ျပည္တြင္း CMP အထည္ခ်ဳပ္လုပ္ငန္းမ်ား၌ ကြၽမ္းက်င္လုပ္သားရွားပါးေနေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။

ကြၽမ္းက်င္လုပ္သားမ်ားသည္ ကာတာ၊ ထိုင္း၊ မေလးရွား၊ တ႐ုတ္၊ လာအိုစသည့္ျဖင့္ ႏိုင္ငံမ်ားသို႔ အလုပ္‌လုပ္ကိုင္ရန္ သြားေရာက္ၾကျခင္းေၾကာင့္ လုပ္သားရွားပါးေနေၾကာင္း သိရသည္။

“ကြၽမ္းက်င္လုပ္သားရွားပါးတာေတာ့ အေတာ္ေလးကိုရွားေနတာပါ၊ အထည္ခ်ဳပ္မိန္းကေလးေတြကလည္း ကာတာတို႔ဘာတို႔ အရင္ကသြားတာရွိတယ္၊ ခုေနာက္ပိုင္းလာအိုကိုလည္း ေခၚတယ္၊ ဒီရက္ပိုင္းလည္း တ႐ုတ္ဘက္ကိုတစ္သုတ္ထပ္သြားၾကတယ္၊ စိတ္ခ်ရတယ္လို႔အာမခံတာ‌ရွိတယ္၊ အလုပ္တကယ္ရမရေတာ့မသိပါဘူး၊ ဟိုဘက္ေရာက္မွ တကယ္ရလားမရလားသိမွာပါ”ဟု အထည္ခ်ဳပ္လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ေျပာသည္။

ယခုလပိုင္းအတြင္း လာအို၊ တ႐ုတ္စသည့္ ႏိုင္ငံမ်ား၌ အလုပ္ရရွိမည္ဟုဆိုကာ ကြၽမ္းက်င္လုပ္သားအမ်ိဳးသမီးငယ္မ်ားအား ရင္း ႏွီးသူမ်ားမွလူစုေဆာင္း၍ ေစလႊတ္လ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ေစလႊတ္ရာတြင္ အမ်ိဳးသမီးတစ္ဦးလွ်င္ က်ပ္ေျခာက္သိန္းအထိေပးရၿပီး အသက္ ၁၈ ႏွစ္မွ ၃၀ အတြင္း အမ်ိဳးသမီးမ်ားအား ေခၚယူစုေဆာင္းေနေၾကာင္း သိရသည္။

လတ္တေလာတြင္ ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံနယ္စပ္ တ႐ုတ္ႏိုင္ငံဘက္အျခမ္းတြင္ အလုပ္အကိုင္ရွားပါး႐ုံသာမက ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားဦးေရး မ်ားျပားလြန္းေနသျဖင့္ လုပ္ခလ စာ ေဈးႏွိမ္ခံေနရျခင္းမ်ားျဖစ္ေပၚေနၿပီး တ႐ုတ္ႏိုင္ငံဘက္ျခမ္းသို႔ ျမန္မာႏိုင္ငံသားမ်ား ဝင္ေရာက္ရာ၌ တစ္ႏွစ္သက္တမ္းရွိသည့္ စာအုပ္အနီျဖင့္လည္းေကာင္း၊ တစ္ခါသုံးကတ္ TBP ျဖင့္လည္းေကာင္း ဝင္ေရာက္လ်က္ရွိၾကၿပီး သက္တမ္းေက်ာ္လြန္ေနထိုင္သူ အမ်ားအျပားကို ယခုလအတြင္း တ႐ုတ္အာဏာပိုင္မ်ားမွ ဖမ္းဆီးေနေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၌ ပုဂၢလိကပိုင္ အထည္ခ်ဳပ္စက္႐ုံေပါင္း ၅၀၀ ေက်ာ္ခန႔္ရွိၿပီး အထည္ခ်ဳပ္လုပ္သား ၄ သိန္းခန႔္အထိကို အလုပ္အကိုင္ အခြင့္အလမ္းေပးထားႏိုင္ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး၌ အထည္ခ်ဳပ္လုပ္သားသုံးသိန္းခန႔္ရွိၿပီး ပဲခူးတိုင္း ႏွင့္ ဧရာဝတီ တိုင္းတို႔၌လည္း လုပ္သားတစ္သိန္းေက်ာ္ခန႔္ လုပ္ကိုင္ခြင့္ရရွိေသာ္လည္း ယခုေနာက္ပိုင္းတြင္ ျပည္ပထြက္ခြာသူဦးေရမ်ား ျပားေနျခင္းေၾကာင့္ လုပ္သားရွားပါးလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.