နှစ်ပေါင်း ၇၀ လုံး သံအဆုတ်ထဲမှာ နေထိုင်ခဲ့ရတဲ့ အလက်ဇန်းဒါးပေါလ် ကွယ်လွန်

 2203

ရောင်နီ (NP News) - မတ် ၁၅

နှစ်ပေါင်း ၇၀ ကျော်ကြာ အထူးပြုလုပ်ထားတဲ့ သံအဆုတ်နဲ့ အသက်ရှင်နေထိုင်ခဲ့သူ အလက်ဇန္ဒား ပေါလ်ဟာ အသက် ၇၈ နှစ်၊ တနင်္လာနေ့(မတ်လ ၁၁ ရက်)မှာတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

၄င်းကွယ်လွန်တဲ့သတင်းကိုတော့ အင်္ဂါနေ့ (မတ်လ ၁၂ ရက်) မှာမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၄င်းဟာ နှစ် ၇၀ အတွင်း စိတ်ကျမှုတွေကို ဖီဆန်ရုန်းကန်ရင်း တရားရုံးရှေ့နေနဲ့ စာရေးဆရာဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ပေါလ်ဟာ Covid-19 ကူးစက်မှုကြောင့် လွန်ခဲ့တဲ့ ၃ ပတ်က ဆေးရုံတက်ခဲ့ရပေမယ့် အခုအပတ်မှာတော့ Covid negative ဖြစ်ခဲ့တာကြောင့် အခုသေဆုံးရတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။

ပေါလ်ဟာ ၁၉၅၂ ခုနှစ်၊ အသက် ၆ နှစ်မှာ ပိုလီယိုရောဂါစတင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာမှာ ပိုလီယို ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

အမေရိကန်မှာ အဆိုပါနှစ်အတွင်း ပိုလီယိုဖြစ်ပွားမှု ၂၁၀၀၀ ကျော်ထိ မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၉၅၀ ​ပြည့်နှစ်နှောင်းပိုင်းမှာ တီထွင်ခဲ့တဲ့ ကာကွယ်ဆေးတွေကြောင့် ယနေ့ခေတ်မှာ ပိုလီယိုရောဂါ ဖြစ်ပွားမှုကို ဖယ်ရှားပစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီရောဂါကြောင့် ပေါလ်ဟာ လည်ပင်းအောက်ပိုင်းတလျှောက် သေသွားပြီး အသက်တောင်
ရှုနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၎င်းအတွက် လေထုဖိအားအမျိုးမျိုးပြောင်းလဲနိုင်တဲ့ သံအဆုတ်(ခေါ် )သတ္တုဆလင်ဒါကြီးနဲ့ ပြန်လည်ကုသပြီး အသက်ရှင်ခွင့်ရခဲ့ပါတယ်။

အဲဒီလိုနဲ့ ပေါလ်ဟာ နောက်ဆယ်စုနှစ် ခုနစ်ခုကို သံအဆုတ်ထဲမှ နေထိုင်ရှင်သန်ခဲ့ပါတယ်။
၎င်းဟာ သံအဆုတ်ထဲမှာ နေရင်းပဲ ဥပဒေဘွဲ့ရရှိခဲ့ပြီး တရားရုံးရှေ့နေအဖြစ် အနှစ် ၃၀ ကြာ လုပ်ကိုင်ခဲ့ပါသေးတယ်။

ဒီအတွက် ၎င်းဟာ ၂၀၂၃ ခုနှစ် မတ်လမှာတော့ ကမ္ဘာ့အသက်အရှည်ဆုံး သံအဆုတ်လူနာအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ချီးမြှင့်ခံခဲ့ရပါတယ်။

ႏွစ္ေပါင္း ၇၀ လုံး သံအဆုတ္ထဲမွာ ေနထိုင္ခဲ့ရတဲ့ အလက္ဇန္းဒါးေပါလ္ ကြယ္လြန္
ေရာင္နီ (NP News) - မတ္ ၁၅

ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ အထူးျပဳလုပ္ထားတဲ့ သံအဆုတ္နဲ႔ အသက္ရွင္ေနထိုင္ခဲ့သူ အလက္ဇႏၵား ေပါလ္ဟာ အသက္ ၇၈ ႏွစ္၊ တနလၤာေန႔(မတ္လ ၁၁ ရက္)မွာေတာ့ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

၄င္းကြယ္လြန္တဲ့သတင္းကိုေတာ့ အဂၤါေန႔ (မတ္လ ၁၂ ရက္) မွာမွ လူသိရွင္ၾကား ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
၄င္းဟာ ႏွစ္ ၇၀ အတြင္း စိတ္က်မႈေတြကို ဖီဆန္႐ုန္းကန္ရင္း တရား႐ုံးေရွ႕ေနနဲ႔ စာေရးဆရာျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

ေပါလ္ဟာ Covid-19 ကူးစက္မႈေၾကာင့္ လြန္ခဲ့တဲ့ ၃ ပတ္က ေဆး႐ုံတက္ခဲ့ရေပမယ့္ အခုအပတ္မွာေတာ့ Covid negative ျဖစ္ခဲ့တာေၾကာင့္ အခုေသဆုံးရတဲ့အေၾကာင္းအရင္းကို မသိရေသးပါဘူး။

ေပါလ္ဟာ ၁၉၅၂ ခုႏွစ္၊ အသက္ ၆ ႏွစ္မွာ ပိုလီယိုေရာဂါစတင္ျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ကမာၻမွာ ပိုလီယို ကူးစက္ပ်ံ႕ႏွံ႔မႈ အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။

အေမရိကန္မွာ အဆိုပါႏွစ္အတြင္း ပိုလီယိုျဖစ္ပြားမႈ ၂၁၀၀၀ ေက်ာ္ထိ မွတ္တမ္းတင္ခဲ့ပါတယ္။ ၁၉၅၀ ​ျပည့္ႏွစ္ေႏွာင္းပိုင္းမွာ တီထြင္ခဲ့တဲ့ ကာကြယ္ေဆးေတြေၾကာင့္ ယေန႔ေခတ္မွာ ပိုလီယိုေရာဂါ ျဖစ္ပြားမႈကို ဖယ္ရွားပစ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အဲဒီေရာဂါေၾကာင့္ ေပါလ္ဟာ လည္ပင္းေအာက္ပိုင္းတေလွ်ာက္ ေသသြားၿပီး အသက္ေတာင္
ရႈႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ ၎အတြက္ ေလထုဖိအားအမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္တဲ့ သံအဆုတ္(ေခၚ )သတၱဳဆလင္ဒါႀကီးနဲ႔ ျပန္လည္ကုသၿပီး အသက္ရွင္ခြင့္ရခဲ့ပါတယ္။

အဲဒီလိုနဲ႔ ေပါလ္ဟာ ေနာက္ဆယ္စုႏွစ္ ခုနစ္ခုကို သံအဆုတ္ထဲမွ ေနထိုင္ရွင္သန္ခဲ့ပါတယ္။
၎ဟာ သံအဆုတ္ထဲမွာ ေနရင္းပဲ ဥပေဒဘြဲ႕ရရွိခဲ့ၿပီး တရား႐ုံးေရွ႕ေနအျဖစ္ အႏွစ္ ၃၀ ၾကာ လုပ္ကိုင္ခဲ့ပါေသးတယ္။

ဒီအတြက္ ၎ဟာ ၂၀၂၃ ခုႏွစ္ မတ္လမွာေတာ့ ကမာၻ႔အသက္အရွည္ဆုံး သံအဆုတ္လူနာအျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္း ခ်ီးျမႇင့္ခံခဲ့ရပါတယ္။

Related news

© 2021. All rights reserved.