တာချီလိတ်မြို့နယ်တွင် “ဝ” UWSA အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားနှင့် တွဲကားတို့ တိုက်မိခဲ့ရာ (၂)ဦးထိခိုက် ဒဏ်ရာရ

 7557

သန့်ဇင် (NP News) - မတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် “ဝ” UWSA အဖွဲ့ဝင်များလိုက်ပါလာသည့် ကားနှင့် တွဲကားတို့ တိုက်မိခဲ့ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၁၅ ရက်)၊ နံနက် ၁၁ နာရီခန့်အချိန်က တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နာယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုဖြစ်သွားတဲ့ကားက သူတို့အချင်းချင်းကျော်တက်တာမှာဖြစ်တာ။ တာချီလိတ်ကနေ ကျိုင်းတုံကို “ဝ” UWSA အဖွဲ့မောင်းလာတဲ့ကားပေါ့။ သူက ကျော်တက်လိုက်တော့ တစ်ဖက်ပြောင်းအိတ်တွေတင်လာတဲ့ တွဲကားကလည်း လာတော့ မျက်နှာချင်းဆိုင်တိုက်မိမှာစိုးလို့ ခေါင်းကိုဘေးကို ထိုးချလိုက်တာ။ အဲဒီမှာ ဘေးစောင်းနဲ့တိုက်မိတာ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၄၀)နှစ်အရွယ် UWSA အဖွဲ့ဝင် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်က (၂)ယောက်ကတော့ ခြေထောက်တွေညှပ်သွားလို့ ဆွဲထုတ်ရတယ်။ အပေါ်ပိုင်းကတော့ လေအိတ် တွေ ပွင့်သွားလို့ တော်တော်သက်သာသွားတာ။ ကားကတော့ တော်တော်ပျက်စီးသွားတယ်။ အရှိန်ကလည်းများလို့ ဖြစ်တာပေါ့။ ဖြစ်စဉ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ကပဲ ရောက်လာပြီး ရှင်းပေးသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တာလေမြို့ဆေးရုံသို့ ပို့ဆောင်သွားခဲ့ ကြောင်း သိရသည်။

Zawgyi Version ;
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ “ဝ” UWSA အဖြဲ႕ဝင္မ်ား လိုက္ပါလာသည့္ ကားႏွင့္ တြဲကားတို႔ တိုက္မိခဲ့ရာ (၂)ဦးထိခိုက္ ဒဏ္ရာရ
သန႔္ဇင္ (NP News) - မတ္ ၁၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ “ဝ” UWSA အဖြဲ႕ဝင္မ်ားလိုက္ပါလာသည့္ ကားႏွင့္ တြဲကားတို႔ တိုက္မိခဲ့ရာ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(မတ္လ ၁၅ ရက္)၊ နံနက္ ၁၁ နာရီခန႔္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕၊ နာေယာင္းေက်း႐ြာအုပ္စု၊ ေဟြခိုက္ေက်း႐ြာအနီး၊ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုျဖစ္သြားတဲ့ကားက သူတို႔အခ်င္းခ်င္းေက်ာ္တက္တာမွာျဖစ္တာ။ တာခ်ီလိတ္ကေန က်ိဳင္းတုံကို “ဝ” UWSA အဖြဲ႕ေမာင္းလာတဲ့ကားေပါ့။ သူက ေက်ာ္တက္လိုက္ေတာ့ တစ္ဖက္ေျပာင္းအိတ္ေတြတင္လာတဲ့ တြဲကားကလည္း လာေတာ့ မ်က္ႏွာခ်င္းဆိုင္တိုက္မိမွာစိုးလို႔ ေခါင္းကိုေဘးကို ထိုးခ်လိုက္တာ။ အဲဒီမွာ ေဘးေစာင္းနဲ႔တိုက္မိတာ” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးကNP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၄၀)ႏွစ္အ႐ြယ္ UWSA အဖြဲ႕ဝင္ အမ်ိဳးသား(၂)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။

“ကားေပၚက (၂)ေယာက္ကေတာ့ ေျခေထာက္ေတြညႇပ္သြားလို႔ ဆြဲထုတ္ရတယ္။ အေပၚပိုင္းကေတာ့ ေလအိတ္ ေတြ ပြင့္သြားလို႔ ေတာ္ေတာ္သက္သာသြားတာ။ ကားကေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္။ အရွိန္ကလည္းမ်ားလို႔ ျဖစ္တာေပါ့။ ျဖစ္စဥ္ကို သက္ဆိုင္ရာရဲတပ္ဖြဲ႕ကပဲ ေရာက္လာၿပီး ရွင္းေပးသြားပါတယ္” ဟု ၎က ဆက္ေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသား(၂)ဦးကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ တာေလၿမိဳ႕ေဆး႐ုံသို႔ ပို႔ေဆာင္သြားခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.