ဟောင်ကောင်အမျိုးသမီးတစ်ဦး ကင်ဆာဟုအမှတ်မှားကာ ကုသမှုခံယူခဲ့ခြင်းကြောင့် သားအိမ်နဲ့ သားဥအိမ်များ ဆုံးရှုံးခဲ့ရ

 151

ရောင်နီ (NP News) - မတ် ၁၇

ဟောင်ကောင်ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သားအိမ်ကင်ဆာရှိတယ်ဆိုတဲ့ မှားယွင်းတဲ့ ဆေးစစ်ချက်ကြောင့် သားအိမ်နဲ့ သားဥပြွန်တို့ကို စွန့်လွှတ်ခဲ့ရပါတယ်။

ယွန်လောင် ခရိုင်ရှိ Pok Oi ဆေးရုံမှာ သူမဆေးစစ်ခဲ့စဉ်က အသက် ၇၁ နှစ်အရွယ် လူနာတစ်ဦးရဲ့ အသားစနမူနာတွေနဲ့ ရောနှောကာ စစ်ဆေးချက် အဖြေထွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ South China Morning Post (SCMP) က အဆိုပါအမျိုးသမီးဟာ ကင်ဆာရောဂါရှိကြောင်းသိရပြီး သီတင်း ငါးပတ်ခန့်အကြာ ဖေဖော်ဝါရီ ၂၆ ရက်မှာ သူမရဲ့ မျိုးပွားအင်္ဂါတွေကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၅ ရက်မှာမှ သူမရဲ့ ဆေးစစ်ချက်အမှန်ကို တွေ့ရှိခဲ့ပါတယ်။ Pok Oi ဆေးရုံ အပါအဝင် New Territories West Cluster အမှုဆောင် အရာရှိချုပ် ဒေါက်တာ ဝမ်ယီယူချန်က အမျိုးသမီးရဲ့ အခြေအနေကို ဆေးဘက်ဆိုင်ရာအဖွဲ့မှ လိုက်လံစစ်ဆေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီအဖြစ်အပျက်က လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ထိခိုက်စေမယ်ဆိုတာ ကျွန်တော်တို့ သိပြီး နားလည်ပါတယ်၊ ဒါကြောင့် လူနာကို အရိုးသားဆုံး တောင်းပန်ပြီး အလေးအနက်ထား ဝမ်းနည်းကြောင်း ပြောပြချင်ပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ အမှားအယွင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးကော်မတီက ဆုံးဖြတ်မယ်လို့ သိရပါတယ်။

zawgyi version
ေဟာင္ေကာင္အမ်ိဳးသမီးတစ္ဦး ကင္ဆာဟုအမွတ္မွားကာ ကုသမႈခံယူခဲ့ျခင္းေၾကာင့္ သားအိမ္နဲ႔ သားဥအိမ္မ်ား ဆုံးရႈံးခဲ့ရ
ေရာင္နီ (NP News) - မတ္ ၁၇

ေဟာင္ေကာင္ရွိ အသက္ ၅၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ သားအိမ္ကင္ဆာရွိတယ္ဆိုတဲ့ မွားယြင္းတဲ့ ေဆးစစ္ခ်က္ေၾကာင့္ သားအိမ္နဲ႔ သားဥႁပြန္တို႔ကို စြန႔္လႊတ္ခဲ့ရပါတယ္။

ယြန္ေလာင္ ခ႐ိုင္ရွိ Pok Oi ေဆး႐ုံမွာ သူမေဆးစစ္ခဲ့စဥ္က အသက္ ၇၁ ႏွစ္အ႐ြယ္ လူနာတစ္ဦးရဲ႕ အသားစနမူနာေတြနဲ႔ ေရာေႏွာကာ စစ္ေဆးခ်က္ အေျဖထြက္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ South China Morning Post (SCMP) က အဆိုပါအမ်ိဳးသမီးဟာ ကင္ဆာေရာဂါရွိေၾကာင္းသိရၿပီး သီတင္း ငါးပတ္ခန႔္အၾကာ ေဖေဖာ္ဝါရီ ၂၆ ရက္မွာ သူမရဲ႕ မ်ိဳးပြားအဂၤါေတြကို ခြဲစိတ္ဖယ္ရွားခဲ့ပါတယ္။ အဲဒီေနာက္ မတ္လ ၁၅ ရက္မွာမွ သူမရဲ႕ ေဆးစစ္ခ်က္အမွန္ကို ေတြ႕ရွိခဲ့ပါတယ္။ Pok Oi ေဆး႐ုံ အပါအဝင္ New Territories West Cluster အမႈေဆာင္ အရာရွိခ်ဳပ္ ေဒါက္တာ ဝမ္ယီယူခ်န္က အမ်ိဳးသမီးရဲ႕ အေျခအေနကို ေဆးဘက္ဆိုင္ရာအဖြဲ႕မွ လိုက္လံစစ္ေဆးသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

"ဒီအျဖစ္အပ်က္က လူနာရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြကို ထိခိုက္ေစမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၿပီး နားလည္ပါတယ္၊ ဒါေၾကာင့္ လူနာကို အ႐ိုးသားဆုံး ေတာင္းပန္ၿပီး အေလးအနက္ထား ဝမ္းနည္းေၾကာင္း ေျပာျပခ်င္ပါတယ္” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။ အမွားအယြင္းျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေရးေကာ္မတီက ဆုံးျဖတ္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.