အစာအိမ်၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာ‌‌ရောဂါများ ဖြစ်ပွားစေနိုင်သည့် အစားအသောက် (၁၄)မျိုးကို စားသုံးခြင်းမပြုရန် FDA အသိပေး

 5300

စော (NP News) - ဧပြီ ၁၈

အစာအိမ်၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့် အစားအသောက်(၁၄)မျိုးကို စားသုံးခြင်းမပြုရန် FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက်(၁၄)မျိုးတွင် စားသုံးများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြုဆိုးဆေးများ ပါဝင်နေမှုနှင့် ခွင့်ပြုအစားအ သောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း‌၊ ကျောက်ကပ်များ ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန် FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။

FDA Myanmarမှ စားသုံးရန် တားမြစ်ထားသည့် အစားအသောက်များမှာ စံထိပ်ထား အမှတ်တံဆိပ်ပါ မြန်မာ့ရိုးရာပုန်းရည်ကြီး၊ အေဇွန် အမှတ်တံဆိပ်ပါ ဆားချိုသီးနှင့် သစ်သီးယိုစုံ၊ တော်ဝင် အမှတ်တံဆိပ်ပါ သစ်သီးယိုစုံနှင့် HITO အမှတ်တံဆိပ်ပါ မန်ကျည်းတော်ဖီတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Furity အမှတ်တံဆိပ် အချိုရည်၊ တရုတ်စာသားပါ အမှတ်တံဆိပ် strawberry juice၊ တရုတ်စာသားပါ အမှတ်တံဆိပ် အချိုရည်၊ Queen အမှတ်တံဆိပ်ပါ Preserved in Sugar Chery ၊ Fancy အမှတ်တံဆိပ်ပါ Juice & Jelly (၂)မျိုး၊ ယိုစုံ၊ Funny Castle အမှတ်တံဆိပ်ပါ Raisin (ချစ်သူစပျစ်သီးခြောက်)၊ ဒွါရာဝတီရှယ် အမှတ်တံဆိပ်ပါ အသင့်စား ရခိုင်ငပိထောင်းနှင့် Spring’s City sesame oil အမှတ်တံဆိပ်ပါ နှမ်းဆီတို့ဖြစ်ကြောင်း သိရသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုထားသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အစာအိမ္၊ အသည္း၊ ေက်ာက္ကပ္ ပ်က္စီးျခင္းႏွင့္ ကင္ဆာ‌‌ေရာဂါမ်ား ျဖစ္ပြားေစႏိုင္သည့္ အစားအေသာက္ (၁၄)မ်ိဳးကို စားသုံးျခင္းမျပဳရန္ FDA အသိေပး
ေစာ (NP News) - ဧၿပီ ၁၈

အစာအိမ္၊ အသည္း၊ ေက်ာက္ကပ္ ပ်က္စီးျခင္း ႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ပြားေစႏိုင္သည့္ အစားအေသာက္(၁၄)မ်ိဳးကို စားသုံးျခင္းမျပဳရန္ FDA Myanmar က အသိေပးထုတ္ျပန္ထားသည္။ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ေဈးကြက္မ်ားတြင္ ေရာင္းခ်လ်က္ရွိေသာ အစားအေသာက္မ်ားကို ေဈးမ်ား၊ ေက်ာင္းမုန႔္ေဈးတန္းမ်ားမွ ဝယ္ယူစစ္ေဆးခဲ့ရာ အစားအေသာက္(၁၄)မ်ိဳးတြင္ စားသုံးမ်ား၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာ ခြင့္မျပဳဆိုးေဆးမ်ား ပါဝင္ေနမႈႏွင့္ ခြင့္ျပဳအစားအ ေသာက္ ထပ္ျဖည့္ပစၥည္းမ်ားအား သတ္မွတ္ပမာဏထက္ ပိုမိုေက်ာ္လြန္သုံးစြဲထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါ အစားအေသာက္မ်ားကို ေရရွည္စားသုံးမိပါက အစာအိမ္၊ အသည္း‌၊ ေက်ာက္ကပ္မ်ား ပ်က္စီးျခင္း ႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ပြားေစႏိုင္ပါသျဖင့္ စားသုံးျခင္းမျပဳရန္ FDA Myanmar က အသိေပးထုတ္ျပန္ထားသည္။

FDA Myanmarမွ စားသုံးရန္ တားျမစ္ထားသည့္ အစားအေသာက္မ်ားမွာ စံထိပ္ထား အမွတ္တံဆိပ္ပါ ျမန္မာ့႐ိုးရာပုန္းရည္ႀကီး၊ ေအဇြန္ အမွတ္တံဆိပ္ပါ ဆားခ်ိဳသီးႏွင့္ သစ္သီးယိုစုံ၊ ေတာ္ဝင္ အမွတ္တံဆိပ္ပါ သစ္သီးယိုစုံႏွင့္ HITO အမွတ္တံဆိပ္ပါ မန္က်ည္းေတာ္ဖီတို႔ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ Furity အမွတ္တံဆိပ္ အခ်ိဳရည္၊ တ႐ုတ္စာသားပါ အမွတ္တံဆိပ္ strawberry juice၊ တ႐ုတ္စာသားပါ အမွတ္တံဆိပ္ အခ်ိဳရည္၊ Queen အမွတ္တံဆိပ္ပါ Preserved in Sugar Chery ၊ Fancy အမွတ္တံဆိပ္ပါ Juice & Jelly (၂)မ်ိဳး၊ ယိုစုံ၊ Funny Castle အမွတ္တံဆိပ္ပါ Raisin (ခ်စ္သူစပ်စ္သီးေျခာက္)၊ ဒြါရာဝတီရွယ္ အမွတ္တံဆိပ္ပါ အသင့္စား ရခိုင္ငပိေထာင္းႏွင့္ Spring’s City sesame oil အမွတ္တံဆိပ္ပါ ႏွမ္းဆီတို႔ျဖစ္ေၾကာင္း သိရသည္။

အစားအေသာက္ထုတ္လုပ္၊ ျဖန႔္ျဖဴး၊ ေရာင္းခ်သူမ်ားသည္ အစားအေသာက္တြင္ သုံးစြဲရန္ ခြင့္မျပဳထားေသာ ဆိုးေဆးမ်ား၊ ခြင့္မျပဳတာရွည္ခံ ဓာတုပစၥည္းမ်ားကို လုံးဝအသုံးမျပဳရန္၊ ခြင့္ျပဳအစားအေသာက္ထပ္ျဖည့္ပစၥည္းမ်ားကို သတ္မွတ္ပမာဏအတြင္းသာ အသုံးျပဳရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒပုဒ္မ ၂၈(က)အရ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.