ဩစတြေးလျနိုင်ငံတွင် မိုးပျံပူဖောင်းတစ်လုံးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

 352

Pika (NP News) - မတ် ၁၈

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ(၁၈)ရက်က မိုးပျံပူဖောင်းတစ်လုံးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျ ကာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးပျံပူဖောင်းသည် မတ်လ(၁၈)ရက် အစောပိုင်းတွင် မဲလ်ဘုန်းမြို့ မြောက်ဖက်ဆင်ခြေဖုံးရပ်ကွက်များမှ ပျံတက်ခဲ့ခြင်းဖြစ်ပြီး လေထဲတွင်မိနစ်(၃၀)ခန့် ပျံသန်းခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးပျံ ပူဖောင်း၏ ခြင်းတောင်းပေါ်မှ ပြုတ်ကျခဲ့သော အမျိုးသား၏ရုပ်အလောင်းကို ရပ်ကွက်တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မိုးပျံပူဖောင်းသည် အဆိုပါအမျိုးသားရုပ်အလောင်းကို တွေ့ရှိခဲ့သည့်နေရာနှင့် မိုင်ပေါင်းများစွာအကွာတွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသား၏ သေဆုံးမှုမှာ သံသယဖြစ်ဖွယ်မရှိဟုဆိုသည့် အစီရင်ခံစာများကို စုံစမ်းစစ်ဆေးရေးအရာရှိများထံ တင်ပြသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် မိုးပျံပူဖောင်း မောင်းနှင့်သူ၊ လိုက်ပါစီးနင်းသူများ၊ မျက်မြင်သက်သေများ နှင့် စကားပြောဆို မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါအမျိုးသား သေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်မိ ကြောင်း National Commercial Hot Air Ballooning Industry နှင့် Australian Ballooning Federation တို့က ထုတ်ပြန်ပြောခဲ့သည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် “ခရီးသည်တွေ မတော်တဆပြုတ်ကျတာတွေကို ကာကွယ်ဖို့အတွက် မိုးပျံပူဖောင်းရဲ့ ခြင်းတောင်းတွေကို သေချာဒီဇိုင်းထုတ်ထားခဲ့တာပါ။ ဒီဖြစ်ရပ်ဆိုးကြောင့် မောင်းနှင်သူနဲ့ ခရီးသည်တွေလည်း စိတ်မကောင်းဖြစ်နေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;

ဩစေၾတးလ်ႏိုင္ငံတြင္ မိုးပ်ံပူေဖာင္းတစ္လုံးေပၚမွ အမ်ိဳးသားတစ္ဦး ျပဳတ္က်ေသဆုံး
Pika (NP News) - မတ္ ၁၈

ဩစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕တြင္ မတ္လ(၁၈)ရက္က မိုးပ်ံပူေဖာင္းတစ္လုံးေပၚမွ အမ်ိဳးသားတစ္ဦး ျပဳတ္က် ကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါမိုးပ်ံပူေဖာင္းသည္ မတ္လ(၁၈)ရက္ အေစာပိုင္းတြင္ မဲလ္ဘုန္းၿမိဳ႕ ေျမာက္ဖက္ဆင္ေျခဖုံးရပ္ကြက္မ်ားမွ ပ်ံတက္ခဲ့ျခင္းျဖစ္ၿပီး ေလထဲတြင္မိနစ္(၃၀)ခန႔္ ပ်ံသန္းခဲ့ၿပီးေနာက္ ယခုကဲ့သို႔ျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ မိုးပ်ံ ပူေဖာင္း၏ ျခင္းေတာင္းေပၚမွ ျပဳတ္က်ခဲ့ေသာ အမ်ိဳးသား၏႐ုပ္အေလာင္းကို ရပ္ကြက္တစ္ခုတြင္ ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

မိုးပ်ံပူေဖာင္းသည္ အဆိုပါအမ်ိဳးသား႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့သည့္ေနရာႏွင့္ မိုင္ေပါင္းမ်ားစြာအကြာတြင္ ေဘးကင္းစြာဆင္းသက္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါအမ်ိဳးသား၏ ေသဆုံးမႈမွာ သံသယျဖစ္ဖြယ္မရွိဟုဆိုသည့္ အစီရင္ခံစာမ်ားကို စုံစမ္းစစ္ေဆးေရးအရာရွိမ်ားထံ တင္ျပသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ထို႔ျပင္ ရဲတပ္ဖြဲ႕သည္ မိုးပ်ံပူေဖာင္း ေမာင္းႏွင့္သူ၊ လိုက္ပါစီးနင္းသူမ်ား၊ မ်က္ျမင္သက္ေသမ်ား ႏွင့္ စကားေျပာဆို မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါအမ်ိဳးသား ေသဆုံးမႈအတြက္ အလြန္စိတ္မေကာင္းျဖစ္မိ ေၾကာင္း National Commercial Hot Air Ballooning Industry ႏွင့္ Australian Ballooning Federation တို႔က ထုတ္ျပန္ေျပာခဲ့သည္။

၎တို႔၏ ထုတ္ျပန္ခ်က္တြင္ “ခရီးသည္ေတြ မေတာ္တဆျပဳတ္က်တာေတြကို ကာကြယ္ဖို႔အတြက္ မိုးပ်ံပူေဖာင္းရဲ႕ ျခင္းေတာင္းေတြကို ေသခ်ာဒီဇိုင္းထုတ္ထားခဲ့တာပါ။ ဒီျဖစ္ရပ္ဆိုးေၾကာင့္ ေမာင္းႏွင္သူနဲ႔ ခရီးသည္ေတြလည္း စိတ္မေကာင္းျဖစ္ေနပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.