လောင်းကစားမှုများတွင် မပါဝင်ကြရန် စင်ကာပူရှိ ၎င်း၏ နိုင်ငံသားများကို တရုတ်သံရုံး တိုက်တွန်း

 471

Pika (NP News) - မတ် ၁၈

စင်ကာပူနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် လောင်းကစားမှုများတွင် မပါဝင်ကြရန် တရုတ်သံရုံးက မတ်လ(၁၈)ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများသည် တရုတ်ဥပဒေများကို ချိုးဖောက်ကြောင်း စင်ကာပူရှိ တရုတ်သံရုံးက ပြောကြားခဲ့သည်။ တရုတ်သံရုံးက “စင်ကာပူနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားတဲ့လောင်းကစားမှုတွေမှာ မပါဝင်ကြဖို့ သတိပေးထားပါတယ်။ နိုင်ငံရပ်ခြား ကာစီနို လောင်းကစားရုံတွေက တရားဝင်ဖွင့်ထားရင်တောင် တရုတ်နိုင်ငံသားတွေက ကျွန်တော်တို့ရဲ့ဥပဒေကို ချိုးဖောက် ပြီး နယ်စပ်ဖြတ်ကျော်လောင်းကစားမှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ တရားမဝင်လောင်းကစား ချိုးဖောက်မှုတွေအတွက် ကောင်စစ်ဝန်ရုံးက အကာအကွယ်ပေးမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

လောင်းကစားလုပ်သူများအနေဖြင့် အကြွေးတင်ခြင်းအပြင် ၎င်းတို့၏ မိသားစုများအပေါ် ထိခိုက်မှုများ ရှိလာနိုင် သည့်အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း တရုတ်သံရုံးက သတိပေးပြောခဲ့သည်။ ထို့အပြင် နယ်စပ် ဖြတ်ကျော် လောင်းကစားမှုများသည် လိမ်လည်လှည့်ဖြားမှုများ၊ ငွေကြေးခဝါချမှု၊ ပြန်ပေးဆွဲမှုနှင့် မှောင်ခိုကူးမှု စသည့် တရားမဝင်လုပ်ငန်းများနှင့်လည်း ဆက်စပ်နေနိုင်ဖွယ်ရှိကြောင်း တရုတ်သံရုံးက ထပ်မံသတိပေးပြောခဲ့ သည်။ နိုင်ငံရပ်ခြားတွင် ကာစီနိုလောင်းကစားရုံများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို သိရှိသူများ (သို့မဟုတ်) လောင်းကစားမှုများတွင် ပါဝင်ရန်အတွက် ချဉ်းကပ်ခံရသည့် တရုတ်နိုင်ငံသားများအနေဖြင့် တရားဝင် အစီရင်ခံရေး ပလက်ဖောင်းများ (သို့မဟုတ်) စင်ကာပူရဲများမှတစ်ဆင့်် သတင်းပေးပို့ရန် တရုတ်သံရုံးက တိုက်တွန်းထားကြောင်းလည်း သိရသည်။

Zawgyi Version;
ေလာင္းကစားမႈမ်ားတြင္ မပါဝင္ၾကရန္ စင္ကာပူရွိ ၎၏ ႏိုင္ငံသားမ်ားကို တ႐ုတ္သံ႐ုံး တိုက္တြန္း
Pika (NP News) - မတ္ ၁၈

စင္ကာပူႏိုင္ငံရွိ တ႐ုတ္ႏိုင္ငံသားမ်ားအေနျဖင့္ ေလာင္းကစားမႈမ်ားတြင္ မပါဝင္ၾကရန္ တ႐ုတ္သံ႐ုံးက မတ္လ(၁၈)ရက္တြင္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ နယ္စပ္ျဖတ္ေက်ာ္ ေလာင္းကစားမႈမ်ားသည္ တ႐ုတ္ဥပေဒမ်ားကို ခ်ိဳးေဖာက္ေၾကာင္း စင္ကာပူရွိ တ႐ုတ္သံ႐ုံးက ေျပာၾကားခဲ့သည္။ တ႐ုတ္သံ႐ုံးက “စင္ကာပူႏိုင္ငံမွာရွိတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို ဥပေဒအရ တင္းၾကပ္စြာတားျမစ္ထားတဲ့ေလာင္းကစားမႈေတြမွာ မပါဝင္ၾကဖို႔ သတိေပးထားပါတယ္။ ႏိုင္ငံရပ္ျခား ကာစီႏို ေလာင္းကစား႐ုံေတြက တရားဝင္ဖြင့္ထားရင္ေတာင္ တ႐ုတ္ႏိုင္ငံသားေတြက ကြၽန္ေတာ္တို႔ရဲ႕ဥပေဒကို ခ်ိဳးေဖာက္ ၿပီး နယ္စပ္ျဖတ္ေက်ာ္ေလာင္းကစားမႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဒဏ္ခတ္အေရးယူမႈေတြနဲ႔ ရင္ဆိုင္ရမွာပါ။ တရားမဝင္ေလာင္းကစား ခ်ိဳးေဖာက္မႈေတြအတြက္ ေကာင္စစ္ဝန္႐ုံးက အကာအကြယ္ေပးမွာ မဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။

ေလာင္းကစားလုပ္သူမ်ားအေနျဖင့္ အေႂကြးတင္ျခင္းအျပင္ ၎တို႔၏ မိသားစုမ်ားအေပၚ ထိခိုက္မႈမ်ား ရွိလာႏိုင္ သည့္အႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္းလည္း တ႐ုတ္သံ႐ုံးက သတိေပးေျပာခဲ့သည္။ ထို႔အျပင္ နယ္စပ္ ျဖတ္ေက်ာ္ ေလာင္းကစားမႈမ်ားသည္ လိမ္လည္လွည့္ျဖားမႈမ်ား၊ ေငြေၾကးခဝါခ်မႈ၊ ျပန္ေပးဆြဲမႈႏွင့္ ေမွာင္ခိုကူးမႈ စသည့္ တရားမဝင္လုပ္ငန္းမ်ားႏွင့္လည္း ဆက္စပ္ေနႏိုင္ဖြယ္ရွိေၾကာင္း တ႐ုတ္သံ႐ုံးက ထပ္မံသတိေပးေျပာခဲ့ သည္။ ႏိုင္ငံရပ္ျခားတြင္ ကာစီႏိုေလာင္းကစား႐ုံမ်ား လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို သိရွိသူမ်ား (သို႔မဟုတ္) ေလာင္းကစားမႈမ်ားတြင္ ပါဝင္ရန္အတြက္ ခ်ဥ္းကပ္ခံရသည့္ တ႐ုတ္ႏိုင္ငံသားမ်ားအေနျဖင့္ တရားဝင္ အစီရင္ခံေရး ပလက္ေဖာင္းမ်ား (သို႔မဟုတ္) စင္ကာပူရဲမ်ားမွတစ္ဆင့္္ သတင္းေပးပို႔ရန္ တ႐ုတ္သံ႐ုံးက တိုက္တြန္းထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.