ယူကရိန်း ရေတပ်သုံးဒရုန်းတွေကိုဖျက်ဆီးနိုင်အောင် ပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရုရှားစစ်ဘက် အမိန့်ပေး

 1296

ဂျန်ဇက် (NP News) - မတ် ၁၈

ရုရှားစစ်တပ်ဟာ ယူကရိန်းရေတပ်သုံးဒရုန်းတွေရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် လေ့ကျင့်မှုများနဲ့ ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နိုင်အောင် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

ယူကရိန်းဟာ ရုရှားစစ်သင်္ဘောတွေကို ရေတပ်သုံးဒရုန်းတွေ၊ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာခဲ့ပြီး နောက် ရုရှားစစ်တပ်က အခုလိုမျိုးသတိပေးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက" မောင်းသူမဲ့ လှေတွေ၊ လေကြောင်းက ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ လေ့ကျင့်မှုတွေကို အရှိန်မြင့် နေ့တိုင်းလုပ်ဆောင်ရမယ်။ ရန်သူတွေရဲ့ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ကြီးမားတဲ့ စစ်အမြှောက်သေနတ် တွေကို ပိုမိုတပ်ဆင်အသုံးပြုရမယ်" လို့ ပြောပါတယ်။

ယူကရိန်းစစ်တပ်က ၎င်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားစစ်သင်္ဘောအစင်းပေါင်း ၂ ဒါဇင်ကျော်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်ခံရမှုတွေကြောင့် ရုရှားဟာ ခရိုင်းမီးယားဒေသရှိ ဆီဗက်တိုပို ဆိပ်ကမ်းက စစ်သင်္ဘောတွေကို အခြားနေရာကိုရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ယူကရိန်းအစိုးရတာဝန်ရှိသူများက ပင်လယ်နက်ဒေသမှာ ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေအောင်မြင်ခဲ့ကြောင်း ပြောပါ တယ်။ ဒရုန်းတွေဟာ ရုရှားစစ်သင်္ဘောတွေထားရှိတဲ့နေရာတွေကို ဝေဟင်ကနေ ဗုံးများကြဲချကာ တိုက်ခိုက်ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင် ဖို့ ကြိုးပမ်းနေရာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထံက စစ်ရေးအကူအညီများ တောင်းခံနေ ကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္း ေရတပ္သုံးဒ႐ုန္းေတြကိုဖ်က္ဆီးႏိုင္ေအာင္ ပစ္ခတ္မႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ ႐ုရွားစစ္ဘက္ အမိန႔္ေပး
ဂ်န္ဇက္ (NP News) - မတ္ ၁၈

႐ုရွားစစ္တပ္ဟာ ယူကရိန္းေရတပ္သုံးဒ႐ုန္းေတြရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္ဖို႔အတြက္ ေလ့က်င့္မႈမ်ားနဲ႔ ပစ္ခတ္မႈမ်ား ပိုမိုလုပ္ေဆာင္ႏိုင္ေအာင္ ၫႊန္ၾကားလိုက္ေၾကာင္း သိရပါတယ္။

ယူကရိန္းဟာ ႐ုရွားစစ္သေဘၤာေတြကို ေရတပ္သုံးဒ႐ုန္းေတြ၊ တိုက္ခိုက္ေရးဒ႐ုန္းေတြ အသုံးျပဳတိုက္ခိုက္လာခဲ့ၿပီး ေနာက္ ႐ုရွားစစ္တပ္က အခုလိုမ်ိဳးသတိေပးေျပာဆိုခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးက" ေမာင္းသူမဲ့ ေလွေတြ၊ ေလေၾကာင္းက ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈေတြကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ေလ့က်င့္မႈေတြကို အရွိန္ျမင့္ ေန႔တိုင္းလုပ္ေဆာင္ရမယ္။ ရန္သူေတြရဲ႕ဒ႐ုန္းေတြကို ပစ္ခ်ႏိုင္ဖို႔ ႀကီးမားတဲ့ စစ္အေျမႇာက္ေသနတ္ ေတြကို ပိုမိုတပ္ဆင္အသုံးျပဳရမယ္" လို႔ ေျပာပါတယ္။

ယူကရိန္းစစ္တပ္က ၎တို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႐ုရွားစစ္သေဘၤာအစင္းေပါင္း ၂ ဒါဇင္ေက်ာ္ကို ဖ်က္ဆီး ႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။ ယူကရိန္းရဲ႕တိုက္ခိုက္ခံရမႈေတြေၾကာင့္ ႐ုရွားဟာ ခ႐ိုင္းမီးယားေဒသရွိ ဆီဗက္တိုပို ဆိပ္ကမ္းက စစ္သေဘၤာေတြကို အျခားေနရာကိုေ႐ႊ႕ေျပာင္းတာေတြ လုပ္ေဆာင္ခဲ့ရေၾကာင္း သိရပါတယ္။ ယူကရိန္းအစိုးရတာဝန္ရွိသူမ်ားက ပင္လယ္နက္ေဒသမွာ ၎တို႔ရဲ႕တိုက္ခိုက္မႈေတြေအာင္ျမင္ခဲ့ေၾကာင္း ေျပာပါ တယ္။ ဒ႐ုန္းေတြဟာ ႐ုရွားစစ္သေဘၤာေတြထားရွိတဲ့ေနရာေတြကို ေဝဟင္ကေန ဗုံးမ်ားႀကဲခ်ကာ တိုက္ခိုက္ျခင္း မ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းဟာ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ျပန္လည္သိမ္းပိုက္ႏိုင္ ဖို႔ ႀကိဳးပမ္းေနရာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြထံက စစ္ေရးအကူအညီမ်ား ေတာင္းခံေန ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.