ယူကရိန်းသမ္မတက သမိုင်းမှာအကောင်းဆုံး “Salesmen” တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဝေဖန်

 1517

ဂျန်ဇက် (NP News) - မတ် ၁၈

ယူကရိန်းသမ္မတဇီလန်စကီးဟာ တွေ့မြင်ခဲ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံး “Salesmen” တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ဇီလန်စကီးဟာ အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ချိန်အတွင်း အမေရိကန်အစိုးရထံကနေ ငွေကြေးအများအပြား ရယူနိုင်အောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီပေးရာမှာ ငွေကြးတွေကိုပေးတာမျိုးမဟုတ်ဘဲ ချေးငှား တာမျိုးဖြစ်သင့်ကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ဟာ ငွေကြေးတွေကို ချေးငှားသင့်တယ်။ ငွေကြေးတွေကို ပေးတာမျိုး မဖြစ်သင့်ဘူး။ ငွေကြေးတွေကို ပေးတာမျိုး မဟုတ်ဘဲ ချေးငှားတာမျိုးဆိုရင် နိုင်ငံအတွက် အဆင်ပြေနိုင်ဖွယ် ရှိပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်က "ဇီလန်စကီးဟာ သမိုင်းမှာ အကောင်းဆုံး Salesmen တစ်ဦးဖြစ်တယ်။ ဇီလန်စကီးဟာ သူ့နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံကျော် ရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်တော်အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်နိုင်သူကို မတွေ့မြင့်ဘူး။ ဇိလန်စကီးဟာ ကျွန်တော်ထက် ပိုမို salesmen ဖြစ်သူတစ်ဦးဖြစ် တယ်" လို့ ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းသမ္မတဇီလန်စကီးဟာ စစ်ရေးအကူအညီတွေ ရယူနိုင်အောင် အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေကနေ စစ်လက်နက်ပစ္စည်းတွေ အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟောင်းက နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေကို လှောင်ပြောင်နေကြကြောင်း ထပ်မံသတိပေးခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတက သမိုင္းမွာအေကာင္းဆုံး “Salesmen” တစ္ဦးျဖစ္ေၾကာင္း အေမရိကန္သမၼတေဟာင္း ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၁၈

ယူကရိန္းသမၼတဇီလန္စကီးဟာ ေတြ႕ျမင္ခဲ့ဖူးသမွ်လူေတြထဲမွာ အေကာင္းဆုံး “Salesmen” တစ္ဦးျဖစ္ေၾကာင္း အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ဇီလန္စကီးဟာ အေမရိကန္ႏိုင္ငံကို လာေရာက္လည္ပတ္ခ်ိန္အတြင္း အေမရိကန္အစိုးရထံကေန ေငြေၾကးအမ်ားအျပား ရယူႏိုင္ေအာင္ ႀကိဳးပမ္းႏိုင္ခဲ့သူျဖစ္ေၾကာင္း ေျပာပါတယ္။ အေမရိကန္အစိုးရအေနနဲ႔ ယူကရိန္းကို စစ္ေရးအကူအညီေပးရာမွာ ေငြၾကးေတြကိုေပးတာမ်ိဳးမဟုတ္ဘဲ ေခ်းငွား တာမ်ိဳးျဖစ္သင့္ေၾကာင္း သမၼတေဟာင္းေဒၚနယ္ထရမ့္က ေျပာပါတယ္။

ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔ဟာ ေငြေၾကးေတြကို ေခ်းငွားသင့္တယ္။ ေငြေၾကးေတြကို ေပးတာမ်ိဳး မျဖစ္သင့္ဘူး။ ေငြေၾကးေတြကို ေပးတာမ်ိဳး မဟုတ္ဘဲ ေခ်းငွားတာမ်ိဳးဆိုရင္ ႏိုင္ငံအတြက္ အဆင္ေျပႏိုင္ဖြယ္ ရွိပါတယ္" လို႔ ေျပာပါတယ္။

ဒါ့အျပင္ ေဒၚနယ္ထရမ့္က "ဇီလန္စကီးဟာ သမိုင္းမွာ အေကာင္းဆုံး Salesmen တစ္ဦးျဖစ္တယ္။ ဇီလန္စကီးဟာ သူ႔ႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ ၆ဝ ဘီလ်ံေက်ာ္ ရယူႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္အေနနဲ႔ ဒီလိုမ်ိဳးလုပ္ေဆာင္ႏိုင္သူကို မေတြ႕ျမင့္ဘူး။ ဇိလန္စကီးဟာ ကြၽန္ေတာ္ထက္ ပိုမို salesmen ျဖစ္သူတစ္ဦးျဖစ္ တယ္" လို႔ ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္းတည္းက ယူကရိန္းသမၼတဇီလန္စကီးဟာ စစ္ေရးအကူအညီေတြ ရယူႏိုင္ေအာင္ အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြကေန စစ္လက္နက္ပစၥည္းေတြ အကူအညီ ေတာင္းခံခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတေဟာင္းက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕လုပ္ရပ္ေတြကို ေလွာင္ေျပာင္ေနၾကေၾကာင္း ထပ္မံသတိေပးခဲ့ပါတယ္။

Related news

© 2021. All rights reserved.