ရမ်ဇမ်ဥပုသ်လအတွင်း ဝတ်ပြုဆုတောင်းသည့်ကျောင်းသားများကို အဆောင်ထဲထိ ဝင်ရောက်တိုက်ခိုက်မှု အိန္ဒိယတွင် ဖြစ်ပွား

 465

ALynn (NP News) - မတ် ၁၈

အိန္ဒိယနိုင်ငံ၊ အနောက်ဂူဂျာရတ်ပြည်နယ်ရှိ တက္ကသိုလ်အဆောင်တွင် ဟိန္ဒူလက်ယာစွန်းအုပ်စုက ရမ်ဇမ်ဥပုသ်လ အတွင်း ဝတ်ပြုဆုတောင်းသည့်ကျောင်းသားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံခြားကျောင်းသား အနည်းဆုံး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ကျောင်းသားများ၏ ပြောကြားချက်အရ “တက္ကသိုလ်ဝင်းအတွင်း ဝတ်ပြုဆုတောင်းစရာနေရာမရှိသောကြောင့် အမျိုးသားဆောင်အတွင်း ဝတ်ပြုသူများ စုရုံးနေချိန်တွင် တုတ်၊ ဓား၊ လက်နက်များကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက်လာကာ ကျောင်းသားများကို တိုက်ခိုက်ခဲ့ပြီး အခန်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း” သိရသည်။

X ဆိုရှယ်မီဒီယာတွင် တင်ထားသော ဗီဒီယိုများတွင် ကျောင်းသားအဆောင်များကို လုယက်ပြီး ကျောင်းသားများ၏ ဆိုင်ကယ်များကို လက်နက်များဖြင့် ဖျက်ဆီးနေသည့် လူအုပ်အား တွေ့မြင်နိုင်သည်။ “ဒီလိုမျိုး ကျွန်တော်တို့ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး” ဟု တည်းခိုခန်းမှ ရိုက်ကူးထားသည့် ၎င်း၏ ဗီဒီယိုတွင် အာဖရိက ကျောင်းသားတစ်ဦး က ပြောကြားခဲ့သည်။

ဗီဒီယိုနောက်ခံတွင် ကျယ်လောင်သော အော်ဟစ်သံများနှင့် လူအုပ်က ဖြိုချဖျက်ဆီးလိုက်သောပစ္စည်းများ ကွဲအက်သံများကို ကြားနေ ရသည်။ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖရိကနိုင်ငံတို့မှ ကျောင်းသားအများအပြား တိုက်ခိုက်ခံရပြီးနောက် ကျောင်းသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကာ ယခုအခါ ဆေးရုံတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း Indian Express သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

Ahmedabad မြို့၏ ရဲမင်းကြီး က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူတရားခံတစ်ဦးကို တွေ့ရှိ ထားကြောင်းနှင့် ထိုအမှုအားစုံစမ်းရန် အဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောသည်။ တောင်ပိုင်း Hyderabad မြို့မှပါလီမန်အမတ် Asaduddin Owaisi သည် ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေးဝန်ကြီး Amit Shah တို့အား “ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်စကားပေးပို့ရန်” တောင်းဆိုခဲ့သည်။

ထို့ပြင် “မွတ်ဆလင်တွေ အေးအေးချမ်းချမ်းဝတ်ပြုဆုတောင်းနေတာကို ဘာသာရေးအစွန်းရောက်မှုတွေနဲ့ ယခုလို တိုက်ခိုက်ခြင်းက ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း နှင့် ပြည်တွင်းမှာ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းတရား တွေက အိန္ဒိယရဲ့အကျိုးကို ဖျက်ဆီးနေပြီဖြစ်ကြောင်း” ၎င်းက X တွင် ရေးသားခဲ့သည်။

Zawgyi Version;
ရမ္ဇမ္ဥပုသ္လအတြင္း ဝတ္ျပဳဆုေတာင္းသည့္ေက်ာင္းသားမ်ားကို အေဆာင္ထဲထိ ဝင္ေရာက္တိုက္ခိုက္မႈ အိႏၵိယတြင္ ျဖစ္ပြား
ALynn (NP News) - မတ္ ၁၈

အိႏၵိယႏိုင္ငံ၊ အေနာက္ဂူဂ်ာရတ္ျပည္နယ္ရွိ တကၠသိုလ္အေဆာင္တြင္ ဟိႏၵဴလက္ယာစြန္းအုပ္စုက ရမ္ဇမ္ဥပုသ္လ အတြင္း ဝတ္ျပဳဆုေတာင္းသည့္ေက်ာင္းသားမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံျခားေက်ာင္းသား အနည္းဆုံး ၄ ဦးထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ျပည္တြင္းမီဒီယာတစ္ခုက ေဖာ္ျပခဲ့သည္။

ေက်ာင္းသားမ်ား၏ ေျပာၾကားခ်က္အရ “တကၠသိုလ္ဝင္းအတြင္း ဝတ္ျပဳဆုေတာင္းစရာေနရာမရွိေသာေၾကာင့္ အမ်ိဳးသားေဆာင္အတြင္း ဝတ္ျပဳသူမ်ား စု႐ုံးေနခ်ိန္တြင္ တုတ္၊ ဓား၊ လက္နက္မ်ားကိုင္ေဆာင္ထားသည့္ လူတစ္စု ဝင္ေရာက္လာကာ ေက်ာင္းသားမ်ားကို တိုက္ခိုက္ခဲ့ၿပီး အခန္းမ်ားကိုလည္း ဖ်က္ဆီးခဲ့ေၾကာင္း” သိရသည္။

X ဆိုရွယ္မီဒီယာတြင္ တင္ထားေသာ ဗီဒီယိုမ်ားတြင္ ေက်ာင္းသားအေဆာင္မ်ားကို လုယက္ၿပီး ေက်ာင္းသားမ်ား၏ ဆိုင္ကယ္မ်ားကို လက္နက္မ်ားျဖင့္ ဖ်က္ဆီးေနသည့္ လူအုပ္အား ေတြ႕ျမင္ႏိုင္သည္။ “ဒီလိုမ်ိဳး ကြၽန္ေတာ္တို႔ ရွင္သန္ႏိုင္မွာ မဟုတ္ပါဘူး” ဟု တည္းခိုခန္းမွ ႐ိုက္ကူးထားသည့္ ၎၏ ဗီဒီယိုတြင္ အာဖရိက ေက်ာင္းသားတစ္ဦး က ေျပာၾကားခဲ့သည္။

ဗီဒီယိုေနာက္ခံတြင္ က်ယ္ေလာင္ေသာ ေအာ္ဟစ္သံမ်ားႏွင့္ လူအုပ္က ၿဖိဳခ်ဖ်က္ဆီးလိုက္ေသာပစၥည္းမ်ား ကြဲအက္သံမ်ားကို ၾကားေန ရသည္။ အာဖဂန္နစၥတန္၊ ဥဇဘက္ကစၥတန္၊ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္ ႏွင့္ အာဖရိကႏိုင္ငံတို႔မွ ေက်ာင္းသားအမ်ားအျပား တိုက္ခိုက္ခံရၿပီးေနာက္ ေက်ာင္းသားႏွစ္ဦး ျပင္းထန္စြာ ဒဏ္ရာ ရရွိ ခဲ့ကာ ယခုအခါ ေဆး႐ုံတြင္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း Indian Express သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့သည္။

Ahmedabad ၿမိဳ႕၏ ရဲမင္းႀကီး က ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူတရားခံတစ္ဦးကို ေတြ႕ရွိ ထားေၾကာင္းႏွင့္ ထိုအမႈအားစုံစမ္းရန္ အဖြဲ႕ ၉ ဖြဲ႕ ဖြဲ႕စည္းထားေၾကာင္း ေျပာသည္။ ေတာင္ပိုင္း Hyderabad ၿမိဳ႕မွပါလီမန္အမတ္ Asaduddin Owaisi သည္ ၀န္ႀကီးခ်ဳပ္ Narendra Modi ႏွင့္ ျပည္ထဲေရးဝန္ႀကီး Amit Shah တို႔အား “ထိုျဖစ္စဥ္ႏွင့္ပတ္သက္၍ မွတ္ခ်က္စကားေပးပို႔ရန္” ေတာင္းဆိုခဲ့သည္။

ထို႔ျပင္ “မြတ္ဆလင္ေတြ ေအးေအးခ်မ္းခ်မ္းဝတ္ျပဳဆုေတာင္းေနတာကို ဘာသာေရးအစြန္းေရာက္မႈေတြနဲ႔ ယခုလို တိုက္ခိုက္ျခင္းက ရွက္စရာေကာင္းတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ႏွင့္ ျပည္တြင္းမွာ မြတ္ဆလင္ဆန႔္က်င္ေရး အမုန္းတရား ေတြက အိႏၵိယရဲ႕အက်ိဳးကို ဖ်က္ဆီးေနၿပီျဖစ္ေၾကာင္း” ၎က X တြင္ ေရးသားခဲ့သည္။

Related news

© 2021. All rights reserved.