၂၀၁၉ ခုနှစ်ဆန္ဒပြပွဲအတွင်း ဟောင်ကောင်ဥပဒေပြုကောင်စီကို ဝင်ရောက်စီးနင်းခဲ့သည့် တရားခံ ၁၂ ဦးအား ပြစ်ဒဏ်ချမှတ်

 260

ALynn (NP News) - မတ် ၁၈

အစိုးရဆန့်ကျင် ဆန္ဒပြပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်ဥပဒေပြုကောင်စီအဆောက်အဦးကို ဝင်ရောက်စီးနင်းခဲ့သည့် လူ ၁၂ ဦးကို တရားရုံးက မတ်လ ၁၆ ရက် (စနေနေ့) တွင် ထောင်ဒဏ် ချမှတ်ခဲ့သည်။

ရာနှင့်ချီသော ဆန္ဒပြသူများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်၊ ညအချိန်တွင် ကောင်စီသို့ ဝိုင်းအုံလာကာ ဓာတ်ပုံများ နှင့် ပရိဘောဂများကို ဖျက်ဆီးခဲ့သည်။ ခန်းမနံရံပေါ်တွင် မှုတ်ဆေးများဖြင့် ဆောင်ပုဒ်များကို ရေးခြစ်ခြင်း ဆောင်ရွက်ခဲ့ပြီး လုံထိန်းရဲများက မျက်ရည်ယိုဗုံးများဖြင့် ဝင်ရောက်ရှင်းလင်းရေး လုပ်ခဲ့ရသည်။ ၎င်း အဓိကရုဏ်း အတွင်း ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်း Althea Suen၊ မင်းသား Gregory Wong၊ တက်ကြွ လှုပ်ရှားသူ Ventus Lau နှင့် Owen Chow အပါအဝင် တရားခံ ၁၂ ဦးကို ရုန်းရင်းဆန်ခတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် အခြားဆက်စပ် စွဲချက်များဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည်။

တရားသူကြီး Li Chi-ho သည် အဓိကရုဏ်းအတွင်း ၎င်းတို့၏ ပါဝင်ပတ်သက်မှုပေါ်မူတည်၍ ၄ နှစ်ခွဲ၊ ၆ နှစ်နှင့် ၁၀ လ စသဖြင့် အသီးသီး ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၎င်းအမှုတွင် သတင်းထောက်နှစ်ဦးလည်း ပါ၀င်ပြီး ကောင်စီထဲသို့ ဥပဒေမဲ့ ဝင်ရောက်မှုအတွက် ငွေဒဏ်ချမှတ် ခံခဲ့ရပါသည်။ တစ်ဦးကို ဟောင်ကောင်ဒေါ်လာ ၁,၅၀၀ (၁၉၂ ဒေါ်လာ) နှင့် အခြားတစ်ဦးကိုမူ ဟောင်ကောင် ဒေါ်လာ ၁,၀၀၀ (၁၂၈ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ကြောင်း တရားသူကြီးလီက ပြောကြားခဲ့သည်။ စီရင်ချက်ချပြီးနောက် တွင် တရားခံထောက်ခံသူအချို့က တရားခွင်အတွင်း အော်ဟစ်ခဲ့ပြီး တရားခံများကို လက်ပြနှုတ်ဆက်ခဲ့ကြသည်။ တရားခံတစ်ဦးဖြစ်သည့် Lau က ဆန္ဒပြပွဲအတွင်း ဒဏ်ရာရသူအရေအတွက် လျှော့ချရန်မျှော်လင့်ချက်ဖြင့် ဥပဒေပြုကောင်စီသို့ ဝင်ရောက်ခဲ့ကြောင်း ကြားနာမှုတစ်ခုတွင် ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် အကြိမ်တစ်ရာ ရွေးပိုင် ခွင့်ရှိလျှင်တောင် ထိုအပြုအမူမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြားနာခဲ့သည်။

အလားတူပင် တရားခံ Chow က ကြားနာမှုတွင် ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့သည့်လုပ်ရပ်များကြောင့် ယခုကဲ့သို့အပြုအမူများကို မဖြစ်မနေလုပ်ဆောင်ရကြောင်းဝန်ခံခဲ့သည်။ Lau နှင့် Chow နှစ်ဦးစလုံးသည် တရုတ်က ပြဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေအရ ၂၀၂၁ ခုနှစ်တွင် အဖျက်အမှောင့်လုပ်မှုဖြင့် တရားစွဲဆို ခံခဲ့ရသော ၄၇ ဦးတွင် ပါဝင်ခဲ့သည်။

၂၀၁၉ ဆန္ဒပြပွဲများကဲ့သို့ ဖြစ်ရပ်များကြောင့် အဆိုပါဥပဒေကို အတည်ပြုခြင်းကသာ မြို့တော်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေကြောင်း ဟောင်ကောင်အစိုးရက ပြောကြား ခဲ့သည်။ ယခုအခါ မြို့တော်၏ ထိပ်တန်း တက်ကြွလှုပ်ရှားသူ အများအပြားကို ဥပဒေအရ ဖမ်းဆီးထားပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။

Zawgyi Version;
၂၀၁၉ ခုႏွစ္ဆႏၵျပပြဲအတြင္း ေဟာင္ေကာင္ဥပေဒျပဳေကာင္စီကို ဝင္ေရာက္စီးနင္းခဲ့သည့္ တရားခံ ၁၂ ဦးအား ျပစ္ဒဏ္ခ်မွတ္
ALynn (NP News) - မတ္ ၁၈

အစိုးရဆန႔္က်င္ ဆႏၵျပပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း ေဟာင္ေကာင္ဥပေဒျပဳေကာင္စီအေဆာက္အဦးကို ဝင္ေရာက္စီးနင္းခဲ့သည့္ လူ ၁၂ ဦးကို တရား႐ုံးက မတ္လ ၁၆ ရက္ (စေနေန႔) တြင္ ေထာင္ဒဏ္ ခ်မွတ္ခဲ့သည္။

ရာႏွင့္ခ်ီေသာ ဆႏၵျပသူမ်ားသည္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္ ၁ ရက္၊ ညအခ်ိန္တြင္ ေကာင္စီသို႔ ဝိုင္းအုံလာကာ ဓာတ္ပုံမ်ား ႏွင့္ ပရိေဘာဂမ်ားကို ဖ်က္ဆီးခဲ့သည္။ ခန္းမနံရံေပၚတြင္ မႈတ္ေဆးမ်ားျဖင့္ ေဆာင္ပုဒ္မ်ားကို ေရးျခစ္ျခင္း ေဆာင္႐ြက္ခဲ့ၿပီး လုံထိန္းရဲမ်ားက မ်က္ရည္ယိုဗုံးမ်ားျဖင့္ ဝင္ေရာက္ရွင္းလင္းေရး လုပ္ခဲ့ရသည္။ ၎ အဓိက႐ုဏ္း အတြင္း ပါဝင္ခဲ့ေသာ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း Althea Suen၊ မင္းသား Gregory Wong၊ တက္ႂကြ လႈပ္ရွားသူ Ventus Lau ႏွင့္ Owen Chow အပါအဝင္ တရားခံ ၁၂ ဦးကို ႐ုန္းရင္းဆန္ခတ္မႈျဖင့္ ဖမ္းဆီးခဲ့သည္။ ၎တို႔ထဲမွ အခ်ိဳ႕သည္ အျခားဆက္စပ္ စြဲခ်က္မ်ားျဖင့္ အျပစ္ရွိေၾကာင္း ေတြ႕ရွိရသည္။

တရားသူႀကီး Li Chi-ho သည္ အဓိက႐ုဏ္းအတြင္း ၎တို႔၏ ပါဝင္ပတ္သက္မႈေပၚမူတည္၍ ၄ ႏွစ္ခြဲ၊ ၆ ႏွစ္ႏွင့္ ၁၀ လ စသျဖင့္ အသီးသီး ေထာင္ဒဏ္မ်ား ခ်မွတ္ခဲ့သည္။
၎အမႈတြင္ သတင္းေထာက္ႏွစ္ဦးလည္း ပါ၀င္ၿပီး ေကာင္စီထဲသို႔ ဥပေဒမဲ့ ဝင္ေရာက္မႈအတြက္ ေငြဒဏ္ခ်မွတ္ ခံခဲ့ရပါသည္။ တစ္ဦးကို ေဟာင္ေကာင္ေဒၚလာ ၁,၅၀၀ (၁၉၂ ေဒၚလာ) ႏွင့္ အျခားတစ္ဦးကိုမူ ေဟာင္ေကာင္ ေဒၚလာ ၁,၀၀၀ (၁၂၈ ေဒၚလာ) ဒဏ္႐ိုက္ခဲ့ေၾကာင္း တရားသူႀကီးလီက ေျပာၾကားခဲ့သည္။ စီရင္ခ်က္ခ်ၿပီးေနာက္ တြင္ တရားခံေထာက္ခံသူအခ်ိဳ႕က တရားခြင္အတြင္း ေအာ္ဟစ္ခဲ့ၿပီး တရားခံမ်ားကို လက္ျပႏႈတ္ဆက္ခဲ့ၾကသည္။ တရားခံတစ္ဦးျဖစ္သည့္ Lau က ဆႏၵျပပြဲအတြင္း ဒဏ္ရာရသူအေရအတြက္ ေလွ်ာ့ခ်ရန္ေမွ်ာ္လင့္ခ်က္ျဖင့္ ဥပေဒျပဳေကာင္စီသို႔ ဝင္ေရာက္ခဲ့ေၾကာင္း ၾကားနာမႈတစ္ခုတြင္ ေျပာၾကားခဲ့ၿပီး ၎အေနျဖင့္ အႀကိမ္တစ္ရာ ေ႐ြးပိုင္ ခြင့္ရွိလွ်င္ေတာင္ ထိုအျပဳအမူမ်ိဳးကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ၾကားနာခဲ့သည္။

အလားတူပင္ တရားခံ Chow က ၾကားနာမႈတြင္ ၎တို႔၏ လမ္းေၾကာင္းကို ပိတ္ဆို႔သည့္လုပ္ရပ္မ်ားေၾကာင့္ ယခုကဲ့သို႔အျပဳအမူမ်ားကို မျဖစ္မေနလုပ္ေဆာင္ရေၾကာင္းဝန္ခံခဲ့သည္။ Lau ႏွင့္ Chow ႏွစ္ဦးစလုံးသည္ တ႐ုတ္က ျပဌာန္းထားေသာ အမ်ိဳးသားလုံၿခဳံေရးဥပေဒအရ ၂၀၂၁ ခုႏွစ္တြင္ အဖ်က္အေမွာင့္လုပ္မႈျဖင့္ တရားစြဲဆို ခံခဲ့ရေသာ ၄၇ ဦးတြင္ ပါဝင္ခဲ့သည္။

၂၀၁၉ ဆႏၵျပပြဲမ်ားကဲ့သို႔ ျဖစ္ရပ္မ်ားေၾကာင့္ အဆိုပါဥပေဒကို အတည္ျပဳျခင္းကသာ ၿမိဳ႕ေတာ္တည္ၿငိမ္ေရးကို အေထာက္အကူျဖစ္ေစေၾကာင္း ေဟာင္ေကာင္အစိုးရက ေျပာၾကား ခဲ့သည္။ ယခုအခါ ၿမိဳ႕ေတာ္၏ ထိပ္တန္း တက္ႂကြလႈပ္ရွားသူ အမ်ားအျပားကို ဥပေဒအရ ဖမ္းဆီးထားၿပီး အခ်ိဳ႕မွာ ျပည္ပသို႔ ထြက္ေျပးသြားၾကၿပီျဖစ္သည္။

Related news

© 2021. All rights reserved.