အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် အငြင်းပွားမှုတွေဖြစ်ပေါ်

 1014

ဂျန်ဇက် (NP News) - မတ် ၁၈

အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားနေ ပြီး အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်ရုံးရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားခဲ့ကာ အကြမ်းဖက်မှုအဖြစ် မပြောင်းလဲအောင်ကြိုးပမ်းနေရကြောင်း သိရပါတယ်။

အင်ဒိုနီးရှားဆန္ဒပြသူတွေက သမ္မတရွေးကောက်ပွဲမှာ မဲအများဆုံးရရှိသူအဖြစ် ထိပ်ဆုံးက ဦးဆောင်ခဲ့သလို ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပရာဘီဝီ ဆူဘီယမ်တိုကိုနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူခြင်းမှ တားဆီးပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

အင်ဒိုနီးရှားဆန္ဒပြသူတွေက ရွေးကောက်ပွဲမှာ မဲ မသာမှုတွေဖြစ်ပွားခဲ့ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးခဲ့ပေမယ့် လက်ရှိအချိန်အထိ တရားမဝင်ရလဒ်တွေ ထွက်ပေါ်နေဆဲဖြစ်ကြောင်း ပြောပါတယ်။ အင်ဒိုနီးရှားရွေးကောက်ပွဲ ကော်မရှင်ပြီးခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမဲရလဒ်တွေကို မတ်လ ၂ဝ ရက်နေ့မှာ တရားဝင် ကြေညာသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မကြာသေးမီကထွက်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ် စစ်တမ်းကောက်ယူသူတွေအဖွဲ့က ကာကွယ်ရေးဝန်ကြီး ပရာဘိုဝီဟာ အခြားပြိုင်ဘက်တွေကိုဦးဆောင်နေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတအဖြစ် ဖြစ်လာဖို့ အလားလာများ နေကြောင်း ပြောပါတယ်။

မဲရလဒ်တွေကို တရားမဝင် ကြိုတင်ခန့်မှန်းမှုတွေအရ ပရာဘီဝိုဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲရလဒ် စုစုပေါင်း ၅၈ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်နှစ်ဦးက မဲရလဒ် ၂၅ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းသာ ရရှိထားကြောင်း ဖော်ပြထားပါတယ်။

အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲ မဲရလဒ္ေတြအေပၚ အျငင္းပြားမႈေတြျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - မတ္ ၁၈

အင္ဒိုနီးရွားႏိုင္ငံမွာ မၾကာေသးမီက က်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား ျဖစ္ပြားေန ၿပီး အင္ဒိုနီးရွားေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ ရဲတပ္ဖြဲ႕ဝင္ေတြ ျဖန႔္ၾကတ္ခ်ထားခဲ့ကာ အၾကမ္းဖက္မႈအျဖစ္ မေျပာင္းလဲေအာင္ႀကိဳးပမ္းေနရေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားဆႏၵျပသူေတြက သမၼတေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးရရွိသူအျဖစ္ ထိပ္ဆုံးက ဦးေဆာင္ခဲ့သလို ကာကြယ္ေရးဝန္ႀကီးျဖစ္တဲ့ ပရာဘီဝီ ဆူဘီယမ္တိုကိုႏိုင္ငံရဲ႕သမၼတအျဖစ္တာဝန္ယူျခင္းမွ တားဆီးေပးဖို႔ ေတာင္းဆိုေနေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားဆႏၵျပသူေတြက ေ႐ြးေကာက္ပြဲမွာ မဲ မသာမႈေတြျဖစ္ပြားခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲၿပီးဆုံးခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ တရားမဝင္ရလဒ္ေတြ ထြက္ေပၚေနဆဲျဖစ္ေၾကာင္း ေျပာပါတယ္။ အင္ဒိုနီးရွားေ႐ြးေကာက္ပြဲ ေကာ္မရွင္ၿပီးခဲ့တဲ့လအတြင္းက်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲမဲရလဒ္ေတြကို မတ္လ ၂ဝ ရက္ေန႔မွာ တရားဝင္ ေၾကညာသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

မၾကာေသးမီကထြက္ေပၚခဲ့တဲ့ ေ႐ြးေကာက္ပြဲရလဒ္ စစ္တမ္းေကာက္ယူသူေတြအဖြဲ႕က ကာကြယ္ေရးဝန္ႀကီး ပရာဘိုဝီဟာ အျခားၿပိဳင္ဘက္ေတြကိုဦးေဆာင္ေနၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕သမၼတအျဖစ္ ျဖစ္လာဖို႔ အလားလာမ်ား ေနေၾကာင္း ေျပာပါတယ္။

မဲရလဒ္ေတြကို တရားမဝင္ ႀကိဳတင္ခန႔္မွန္းမႈေတြအရ ပရာဘီဝိုဟာ ေဖေဖာ္ဝါရီ ၁၄ ရက္မွာ က်င္းပခဲ့တဲ့ သမၼတ ေ႐ြးေကာက္ပြဲရလဒ္ စုစုေပါင္း ၅၈ ရာခိုင္ႏႈန္းေက်ာ္ကို ရရွိခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ႏွစ္ဦးက မဲရလဒ္ ၂၅ ရာခိုင္ႏႈန္းနဲ႔ ၁၇ ရာခိုင္ႏႈန္းသာ ရရွိထားေၾကာင္း ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.