စင်ကာပူမှာ အဆိုတော် တေလာဆွဖ်ရဲ့ဖျော်ဖြေပွဲကို ခိုးဝင်ရောက်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၂ ပတ် ချမှတ်ခံရ

 925

ရောင်နီ (NP News) - မတ် ၁၉

စင်ကာပူမှာ ပြုလုပ်တဲ့ ပေါ့စ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို တနင်္လာနေ့ (မတ် ၁၈ ရက်) က ထောင်ဒဏ် နှစ်ပတ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ်အရွယ် ရန်ရူချင် အမည်ရှိ အမျိုးသားဟာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်က တေလာဆွဖ်ရဲ့ Singapore Eras Tour ဖျော်ဖြေပွဲအတွက် တရားဝင် လက်မှတ်ကိုင်ဆောင်ထားတယ်လို့ ဆိုကာ လုံခြုံရေးအရာရှိတွေကို လိမ်လည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားအားကစားပြိုင်ပွဲရုံရှေ၊ ကွေ့ပတ်ဂိတ်တစ်ခုမှ ဖြတ်သွားချိန် ရန်းဟာ လုံခြုံရေးအရာရှိတစ်ဦးကို အာရုံပြောင်းပြီး ပွဲထဲဝင်ဖို့ ကြိုးစားစဉ် ဖမ်းမိပြီး ချက်ခြင်း အပြင်ပြန်ထွက်လာ ခဲ့ရပါတယ်။ ၎င်းနဲ့အတူပါလာတဲ့ တရုတ်နိုင်ငံသား ဝူကျီဟောင် (အသက် ၅၄ နှစ်) ကလည်း ရန်မှာ တရားဝင် ဖျော်ဖြေပွဲလက်မှတ်ရှိကြောင်း လုံခြုံရေးအရာရှိတွေကို လိမ်လည်လှည့်ဖြားဖို့ ကြံရွယ်ချက်နဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်ဟာ မတ်လအစောပိုင်းက The Eras Tour တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူအားကစားဌာနအတွင်းရှိ အမျိုးသားအားကစားကွင်းမှာ ဖျော်ဖြေပွဲ ခြောက်ရက် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲလက်မှတ်များဟာ စတင်ရောင်းချပြီး ရှစ်နာရီအတွင်း ရောင်းကုန်သွားခဲ့လောက်အောင် အကြိတ် အနယ် ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ လက်မှတ်အတုနဲ့ လိမ်လည်လှည့်ဖြား ဝင်ရောက်သူတွေ ရှိနေ တာကြောင့် ဖျော်ဖြေပွဲ ကျင်းပသူတွေက ပွံထဲဝင်ခွင့်မပေးခင် လုံခြုံရေးစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ အဆိုေတာ္ ေတလာဆြဖ္ရဲ႕ေဖ်ာ္ေျဖပြဲကို ခိုးဝင္ေရာက္ခဲ့တဲ့ အမ်ိဳးသား ေထာင္ဒဏ္ ၂ ပတ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - မတ္ ၁၉

စင္ကာပူမွာ ျပဳလုပ္တဲ့ ေပါ့စ္အဆိုေတာ္ ေတလာဆြစ္ဖ္ရဲ႕ေဖ်ာ္ေျဖပြဲကို တရားမဝင္ ဝင္ေရာက္ခဲ့တဲ့ အမ်ိဳးသား တစ္ဦးကို တနလၤာေန႔ (မတ္ ၁၈ ရက္) က ေထာင္ဒဏ္ ႏွစ္ပတ္ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၀ ႏွစ္အ႐ြယ္ ရန္႐ူခ်င္ အမည္ရွိ အမ်ိဳးသားဟာ ၂၀၂၄ ခုႏွစ္ မတ္လ ၇ ရက္က ေတလာဆြဖ္ရဲ႕ Singapore Eras Tour ေဖ်ာ္ေျဖပြဲအတြက္ တရားဝင္ လက္မွတ္ကိုင္ေဆာင္ထားတယ္လို႔ ဆိုကာ လုံၿခဳံေရးအရာရွိေတြကို လိမ္လည္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ အဲဒီေနာက္ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံေရွ၊ ေကြ႕ပတ္ဂိတ္တစ္ခုမွ ျဖတ္သြားခ်ိန္ ရန္းဟာ လုံၿခဳံေရးအရာရွိတစ္ဦးကို အာ႐ုံေျပာင္းၿပီး ပြဲထဲဝင္ဖို႔ ႀကိဳးစားစဥ္ ဖမ္းမိၿပီး ခ်က္ျခင္း အျပင္ျပန္ထြက္လာ ခဲ့ရပါတယ္။ ၎နဲ႔အတူပါလာတဲ့ တ႐ုတ္ႏိုင္ငံသား ဝူက်ီေဟာင္ (အသက္ ၅၄ ႏွစ္) ကလည္း ရန္မွာ တရားဝင္ ေဖ်ာ္ေျဖပြဲလက္မွတ္ရွိေၾကာင္း လုံၿခဳံေရးအရာရွိေတြကို လိမ္လည္လွည့္ျဖားဖို႔ ႀကံ႐ြယ္ခ်က္နဲ႔ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။

အေမရိကန္ေပါ့ပ္ၾကယ္ပြင့္ ေတလာဆြစ္ဖ္ဟာ မတ္လအေစာပိုင္းက The Eras Tour တစ္စိတ္တစ္ပိုင္းအျဖစ္ စင္ကာပူအားကစားဌာနအတြင္းရွိ အမ်ိဳးသားအားကစားကြင္းမွာ ေဖ်ာ္ေျဖပြဲ ေျခာက္ရက္ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ ေဖ်ာ္ေျဖပြဲလက္မွတ္မ်ားဟာ စတင္ေရာင္းခ်ၿပီး ရွစ္နာရီအတြင္း ေရာင္းကုန္သြားခဲ့ေလာက္ေအာင္ အႀကိတ္ အနယ္ ဝယ္ယူခဲ့ၾကတာျဖစ္ပါတယ္။ ဒီေဖ်ာ္ေျဖပြဲမွာ လက္မွတ္အတုနဲ႔ လိမ္လည္လွည့္ျဖား ဝင္ေရာက္သူေတြ ရွိေန တာေၾကာင့္ ေဖ်ာ္ေျဖပြဲ က်င္းပသူေတြက ပြံထဲဝင္ခြင့္မေပးခင္ လုံၿခဳံေရးစစ္ေဆးမႈ ႏွစ္ႀကိမ္ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Picture

Cho Zin Myint

20/03/2024 01:56

၂န ဂ ဂ န န န နဖန,န ဂ ဝ ဂဂ

Picture

Cho Zin Myint

20/03/2024 01:57

Picture

Cho Zin Myint

20/03/2024 01:57

န ထ မပန

Related news

© 2021. All rights reserved.