အလွန်ကြီးမားသော ရော့ကတ်လောင်ချာများ ပါဝင်သည့် ပစ်ခတ်လေ့ကျင့််မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကိုယ်တိုင်ကြီးကြပ်ခဲ့ဟုဆို

 723

Pika (NP News) - မတ် ၁၉

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် အလွန်ကြီးမားသော ရော့ကတ်လောင်ချာများ ပါဝင်သည့် ပစ်ခတ်လေ့ကျင့်မှုများကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကင်ဂျုံအန်း ကိုယ်တိုင်ကြီးကြပ်သည့် လေ့ကျင့်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန် နှင့် တောင်ကိုရီးယားတို့သည် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့် သီတင်းပတ်တွင် လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ ပစ်လွှတ်မှုများထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့အပြင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်မှုများလုပ်ဆောင်ရန် အစမ်းလေ့ကျင့်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားက ပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီး အန်တိုနီဘလင်ကန် ရောက်ရှိနေသည့်အချိန်တွင် မြောက်ကိုရီးယားက ပင်လယ်ထဲသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့သည်ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က မတ်လ(၁၈)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အမေရိကန်နှင့်် တောင်ကိုရီးယားစစ်တပ်တို့က KN-25 အမျိုးအစား ဟု ရည်ညွှန်းပြောဆိုခဲ့သည့် အလွန်ကြီးမား သောရော့ကတ်လောင်ချာသည် တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ Yonhap သတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ရော့ကတ်လောင်ချာတွင် မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးကို တပ်ဆင်နိုင်ကြောင်း မြောက်ကိုရီးယားဖက်က အခိုင်အမာပြောထားသည်။ ရော့ကတ်လောင်ချာအများအပြားသည် ရန်သူ၏ မြို့တော် ကို တိုက်ခိုက်ရန်အတွက် ပြီးပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများနှင့် စစ်ပွဲဖြစ်ပွားလာနိုင်ခြေကို ပိတ်ဆို့ထားနိုင်ရန် မြောက်ကိုရီးယားကို ကူညီပေးလိမ့်မည်ဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထား သည်။

Zawgyi Version;
အလြန္ႀကီးမားေသာ ေရာ့ကတ္ေလာင္ခ်ာမ်ား ပါဝင္သည့္ ပစ္ခတ္ေလ့က်င့္္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကိုယ္တိုင္ႀကီးၾကပ္ခဲ့ဟုဆို
Pika (NP News) - မတ္ ၁၉

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းသည္ အလြန္ႀကီးမားေသာ ေရာ့ကတ္ေလာင္ခ်ာမ်ား ပါဝင္သည့္ ပစ္ခတ္ေလ့က်င့္မႈမ်ားကို ႀကီးၾကပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာ KCNA က ေရးသားေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားသည္ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားအစိုးရက ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ ကင္ဂ်ဳံအန္း ကိုယ္တိုင္ႀကီးၾကပ္သည့္ ေလ့က်င့္မႈမ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။ အေမရိကန္ ႏွင့္ ေတာင္ကိုရီးယားတို႔သည္ ႏွစ္စဥ္ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ၿပီးခဲ့သည့္ သီတင္းပတ္တြင္ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယား၏ ပစ္လႊတ္မႈမ်ားထြက္ေပၚလာျခင္း ျဖစ္သည္။

ထို႔အျပင္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို က်ဴးေက်ာ္မႈမ်ားလုပ္ေဆာင္ရန္ အစမ္းေလ့က်င့္မႈတစ္ခုအျဖစ္ ေျမာက္ကိုရီးယားက ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့ေၾကာင္း သိရသည္။ ေတာင္ကိုရီးယား ႏိုင္ငံသို႔ အေမရိကန္ႏိုင္ငံျခာေရးဝန္ႀကီး အန္တိုနီဘလင္ကန္ ေရာက္ရွိေနသည့္အခ်ိန္တြင္ ေျမာက္ကိုရီးယားက ပင္လယ္ထဲသို႔ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ အမ်ားအျပား ပစ္လႊတ္ခဲ့သည္ကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က မတ္လ(၁၈)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အေမရိကန္ႏွင့္္ ေတာင္ကိုရီးယားစစ္တပ္တို႔က KN-25 အမ်ိဳးအစား ဟု ရည္ၫႊန္းေျပာဆိုခဲ့သည့္ အလြန္ႀကီးမား ေသာေရာ့ကတ္ေလာင္ခ်ာသည္ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယား၏ Yonhap သတင္း ေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။

အဆိုပါ ေရာ့ကတ္ေလာင္ခ်ာတြင္ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားထိပ္ဖူးကို တပ္ဆင္ႏိုင္ေၾကာင္း ေျမာက္ကိုရီးယားဖက္က အခိုင္အမာေျပာထားသည္။ ေရာ့ကတ္ေလာင္ခ်ာအမ်ားအျပားသည္ ရန္သူ၏ ၿမိဳ႕ေတာ္ ကို တိုက္ခိုက္ရန္အတြက္ ၿပီးျပည့္စုံေသာ ႀကိဳတင္ျပင္ဆင္မႈမ်ားႏွင့္ စစ္ပြဲျဖစ္ပြားလာႏိုင္ေျခကို ပိတ္ဆို႔ထားႏိုင္ရန္ ေျမာက္ကိုရီးယားကို ကူညီေပးလိမ့္မည္ဟု ကင္ဂ်ဳံအန္းက ေျပာဆိုခဲ့ေၾကာင္း အစီရင္ခံစာတြင္ ေရးသားေဖာ္ျပထား သည္။

Related news

© 2021. All rights reserved.