ရုရှားသမ္မတပူတင် ရွေးကောက်ပွဲအနိုင်ရမှုကို ချီးကျူးဂုဏ်ပြုမှာ မဟုတ်ကြောင်း ဂျာမနီအစိုးရပြော

 538

ဂျန်ဇက် (NP News) - မတ် ၁၉

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ရုရှားသမ္မတရွေးကောက်ပွဲအတွင်း သမ္မတပူတင် အနိုင်ရခဲ့ခြင်းအပေါ် ဂုဏ်ပြုသွားမှာမဟုတ်ကြောင်း ဂျာမနီအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှားသမ္မတပူတင် အနိုင်ရခြင်းကို အခြားနိုင်ငံခေါင်းဆောင်တွေ ဂုဏ်ပြုစကားပေးပို့နေပေမယ့် ဂျာမနီအဓိပတိ အော့လက်ရှိုးလ်ကတော့ ချီးကျူးဂုဏ်ပြုသွားမှာ မဟုတ်ကြောင်း ဂျာမနီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလိက ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆန္ဒမဲစုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ ဒီနှစ်ရွေးကောက်ပွဲမှာ မဲလာပေးသူ အရေအတွက်က ရုရှားနိုင်ငံ သမိုင်းမှာ စံချိန်တင်ဖြစ်ခဲ့ပြီး ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

ဂျာမနီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခရစ်တီယမ်ဟောမန်က "ရုရှားသမ္မတရွေးကောက်ပွဲဟာ ဒီမိုကရက်တစ် ရွေးကောက်ပွဲမျိုး မဟုတ်ဘူး။ စစ်မှန်တဲ့ အတိုက်ခံကိုယ်စားလှယ်လောင်းတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဘူး။ ပူတင်ဟာ အာဏာရှင်ပုံစံမျိုးအတိုင်းအုပ်ချုပ်နေပြီး နိုင်ငံက အာဏာရှင်အုပ်ချုပ်ခံနေရတဲ့နိုင်ငံဖြစ်တယ်" လို့ ပြောပါတယ်။

ရုရှားသမ္မတရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပူတင်မှ လွဲပြီး အခြားသုံးဦးက ပါတီကိုယ်စားပြုနိုင်ငံရေးသမားတွေဖြစ်ကြောင်း သိရပါတယ်။ ဂျာမနီအစိုးရက ရုရှားသမ္မတရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိကြောင်း၊ ရုရှားပြည်သူတွေဟာ လွတ်လပ်စွာပြောရေးဆိုခွင့်မရခဲ့ကြောင်း၊ ဒီအချက်တွေ ကြောင့် ဂျာမနီအဓိပတိဟာ ရုရှားသမ္မတပူတင်ကို ဂုဏ်ပြုစကားပြောဆိုမှာ မဟုတ်ကြောင်း ပြောပါတယ်။

ရုရှားသမ္မတပူတင်က ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်း ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားသမ္မတ ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ထားပြီး လွှတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်ထားပါတယ်။

Zawgyi Version;
႐ုရွားသမၼတပူတင္ ေ႐ြးေကာက္ပြဲအႏိုင္ရမႈကို ခ်ီးက်ဴးဂုဏ္ျပဳမွာ မဟုတ္ေၾကာင္း ဂ်ာမနီအစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၉

ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ႐ုရွားသမၼတေ႐ြးေကာက္ပြဲအတြင္း သမၼတပူတင္ အႏိုင္ရခဲ့ျခင္းအေပၚ ဂုဏ္ျပဳသြားမွာမဟုတ္ေၾကာင္း ဂ်ာမနီအစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

႐ုရွားသမၼတပူတင္ အႏိုင္ရျခင္းကို အျခားႏိုင္ငံေခါင္းေဆာင္ေတြ ဂုဏ္ျပဳစကားေပးပို႔ေနေပမယ့္ ဂ်ာမနီအဓိပတိ ေအာ့လက္ရႈိးလ္ကေတာ့ ခ်ီးက်ဴးဂုဏ္ျပဳသြားမွာ မဟုတ္ေၾကာင္း ဂ်ာမနီအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

႐ုရွားသမၼတပူတင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ တစ္သီးပုဂၢလိက ပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ဆႏၵမဲစုစုေပါင္းရဲ႕ ၇၈ ရာခိုင္ႏႈန္းရရွိခဲ့ေၾကာင္း၊ ဒီႏွစ္ေ႐ြးေကာက္ပြဲမွာ မဲလာေပးသူ အေရအတြက္က ႐ုရွားႏိုင္ငံ သမိုင္းမွာ စံခ်ိန္တင္ျဖစ္ခဲ့ၿပီး ၇၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။

ဂ်ာမနီအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ခရစ္တီယမ္ေဟာမန္က "႐ုရွားသမၼတေ႐ြးေကာက္ပြဲဟာ ဒီမိုကရက္တစ္ ေ႐ြးေကာက္ပြဲမ်ိဳး မဟုတ္ဘူး။ စစ္မွန္တဲ့ အတိုက္ခံကိုယ္စားလွယ္ေလာင္းေတြကို ပါဝင္ယွဥ္ၿပိဳင္ခြင့္ မျပဳဘူး။ ပူတင္ဟာ အာဏာရွင္ပုံစံမ်ိဳးအတိုင္းအုပ္ခ်ဳပ္ေနၿပီး ႏိုင္ငံက အာဏာရွင္အုပ္ခ်ဳပ္ခံေနရတဲ့ႏိုင္ငံျဖစ္တယ္" လို႔ ေျပာပါတယ္။

႐ုရွားသမၼတေ႐ြးေကာက္ပြဲကို ကိုယ္စားလွယ္ေလာင္း ၄ ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပူတင္မွ လြဲၿပီး အျခားသုံးဦးက ပါတီကိုယ္စားျပဳႏိုင္ငံေရးသမားေတြျဖစ္ေၾကာင္း သိရပါတယ္။ ဂ်ာမနီအစိုးရက ႐ုရွားသမၼတေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈ မရွိေၾကာင္း၊ ႐ုရွားျပည္သူေတြဟာ လြတ္လပ္စြာေျပာေရးဆိုခြင့္မရခဲ့ေၾကာင္း၊ ဒီအခ်က္ေတြ ေၾကာင့္ ဂ်ာမနီအဓိပတိဟာ ႐ုရွားသမၼတပူတင္ကို ဂုဏ္ျပဳစကားေျပာဆိုမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။

႐ုရွားသမၼတပူတင္က ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံေတြဟာ ႀကိဳတင္ခန႔္မွန္းထားတဲ့ အတိုင္း ေျပာဆိုခဲ့ေၾကာင္း တုံ႔ျပန္ထားပါတယ္။ အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားသမၼတ ေ႐ြးေကာက္ပြဲကို ေဝဖန္ျပစ္တင္ထားၿပီး လႊတ္လပ္မွ်တမႈမရွိေၾကာင္း ေဝဖန္ထားပါတယ္။

Related news

© 2021. All rights reserved.