ယူကရိန်းပဋိပက္ခက ယခုနှစ်အတွင်း အဆုံးသတ်မည့်ပုံမပေါ်ကြောင်း တူရကီအစိုးရ ပြော

 476

Pika (NP News) - မတ် ၁၉

ယူကရိန်းပဋိပက္ခသည် မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်မည့်ပုံမပေါ်ကြောင်း နှင့် ပိုမိုအရှိန်မြင့်လာမည့် အလား အလာများရှိနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသော ပဋိပက္ခသည် ချေမှုန်းရေးစစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တူရကီနိုင်ငံက စိုးရိမ်မိကြောင်း ဟာကန်ဖီဒန်က ထပ်မံပြောဆိုခဲ့သည်။ ဟာကန်ဖီဒန်က “ဒီပဋိပက္ခဟာ ဒေသတွင်းကို ကျယ်ပြန့်လာမှာကို ကျွန်တော်တို့ တကယ် စိုးရိမ်မိပါတယ်။ ဥရောပဟာ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ကျွန်တော်တို့ထက်ပိုပြီး စိုးရိမ်သင့်ပါ တယ်” ဟု ပြောခဲ့သည်။

ထို့အပြင် ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အလားအလာများနှင့်ပတ်သက်ပြီး ဟာကန်ဖီဒန်က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်းက “၂၀၂၄ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှုတွေကို မျှော်လင့်လို့မရပါဘူး။ လာမယ့်အနာဂတ်မှာ ဒီငြိမ်းချမ်းရေး သဘောတူညီချက်ကို ကျွန်တော်တို့ မြင်ရမှာ မဟုတ်သေးပါဘူး” ဟု ပြောခဲ့သည်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် တူရကီသည် ရုရှားနှင့် ယူကရိန်းတို့ကို ရန်လိုမှုများအား ရပ်တန့်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ပဋိပက္ခအစောပိုင်းကာလများတွင် ရုရှားနှင့် ယူကရိန်း ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့သော်လည်း သဘောတူညီချက် ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိဖြစ်ပွားနေသောပဋိပက္ခကို ရပ်တန့်ရန်အတွက် ယူကရိန်း၏ အချုပ်အခြာအာဏာပြဿနာကို အပစ်အခတ် ရပ်စဲရေးမှ ခွဲထုတ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ဟာကန်ဖီဒန်က ပြီးခဲ့သည့် မတ်လ(၁၅)ရက်တွင် ထုတ်ဖော်ပြောခဲ့ သည်။ သို့သော်လည်း အဆိုပါပြောဆိုချက်များမှာ ရုရှား၏ နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည်ဟု မဆိုလို ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။

Zawgyi Version;
ယူကရိန္းပဋိပကၡက ယခုႏွစ္အတြင္း အဆုံးသတ္မည့္ပုံမေပၚေၾကာင္း တူရကီအစိုးရ ေျပာ
Pika (NP News) - မတ္ ၁၉

ယူကရိန္းပဋိပကၡသည္ မၾကာမီအခ်ိန္အတြင္း ေျဖရွင္းႏိုင္မည့္ပုံမေပၚေၾကာင္း ႏွင့္ ပိုမိုအရွိန္ျမင့္လာမည့္ အလား အလာမ်ားရွိေနေၾကာင္း တူရကီႏိုင္ငံျခားေရးဝန္ႀကီး ဟာကန္ဖီဒန္က ေျပာၾကားခဲ့သည္။

႐ုရွားႏွင့္ ယူကရိန္းၾကား ျဖစ္ပြားေနေသာ ပဋိပကၡသည္ ေခ်မႈန္းေရးစစ္ပြဲတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္း ဟာကန္ဖီဒန္က ေျပာၾကားခဲ့သည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး တူရကီႏိုင္ငံက စိုးရိမ္မိေၾကာင္း ဟာကန္ဖီဒန္က ထပ္မံေျပာဆိုခဲ့သည္။ ဟာကန္ဖီဒန္က “ဒီပဋိပကၡဟာ ေဒသတြင္းကို က်ယ္ျပန႔္လာမွာကို ကြၽန္ေတာ္တို႔ တကယ္ စိုးရိမ္မိပါတယ္။ ဥေရာပဟာ ယူကရိန္းမွာ ျဖစ္ပြားေနတဲ့အေျခအေနေတြကို ကြၽန္ေတာ္တို႔ထက္ပိုၿပီး စိုးရိမ္သင့္ပါ တယ္” ဟု ေျပာခဲ့သည္။

ထို႔အျပင္ ႐ုရွားႏွင့္ ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အတြက္ အလားအလာမ်ားႏွင့္ပတ္သက္ၿပီး ဟာကန္ဖီဒန္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ၎က “၂၀၂၄ ခုႏွစ္မွာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး တိုးတက္မႈေတြကို ေမွ်ာ္လင့္လို႔မရပါဘူး။ လာမယ့္အနာဂတ္မွာ ဒီၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို ကြၽန္ေတာ္တို႔ ျမင္ရမွာ မဟုတ္ေသးပါဘူး” ဟု ေျပာခဲ့သည္။

၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွား-ယူကရိန္း စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ တူရကီသည္ ႐ုရွားႏွင့္ ယူကရိန္းတို႔ကို ရန္လိုမႈမ်ားအား ရပ္တန႔္ရန္ အႀကိမ္ႀကိမ္တိုက္တြန္းခဲ့သည္။ ပဋိပကၡအေစာပိုင္းကာလမ်ားတြင္ ႐ုရွားႏွင့္ ယူကရိန္း ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း သေဘာတူညီခ်က္ ရရွိခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။

လက္ရွိျဖစ္ပြားေနေသာပဋိပကၡကို ရပ္တန႔္ရန္အတြက္ ယူကရိန္း၏ အခ်ဳပ္အျခာအာဏာျပႆနာကို အပစ္အခတ္ ရပ္စဲေရးမွ ခြဲထုတ္ရန္ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း ဟာကန္ဖီဒန္က ၿပီးခဲ့သည့္ မတ္လ(၁၅)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့ သည္။ သို႔ေသာ္လည္း အဆိုပါေျပာဆိုခ်က္မ်ားမွာ ႐ုရွား၏ နယ္ေျမပိုင္ဆိုင္မႈကို အသိအမွတ္ျပဳသည္ဟု မဆိုလို ေၾကာင္း ၎က ထပ္မံေျပာခဲ့သည္။

Related news

© 2021. All rights reserved.