ဂျပန်ပင်လယ်ပြင်တွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ဟုဆို

 746

Pika (NP News) - မတ် ၂ဝ

ရုရှား၏ပစိဖိတ်ရေယာဉ်စုမှ သင်္ဘောအုပ်စုတစ်စုသည် Peter the Great ပင်လယ်ကွေ့နှင့် ဂျပန်ပင်လယ်တို့တွင် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများအပါအဝင် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြောင်း ရုရှားရေတပ်၏သတင်းဝန်ဆောင်မှုကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက မတ်လ(၂၀)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှား၏ စစ်သင်္ဘောများဖြစ်သော Aldar Tsydenzhapov၊ Gromky နှင့် Sovershenny corvettes တို့အပါအဝင် သင်္ဘောအုပ်စုတစ်စုသည် သင်္ဘောများ နှင့် ဒရုန်းတို့ဖြင့်တိုက်ခိုက်မှုများကို ချေမှုန်းသည့် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်း Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ရုရှားရေတပ်၏ ထုတ်ပြန်ချက်တွင် 'လေ့ကျင်ရေးအစီအစဉ်အရ စစ်သင်္ဘောတွေရဲ့ အမှုထမ်းတွေဟာ ရန်သူတွေရဲ့ သင်္ဘောတွေနဲ့ ရေတပ်တိုက်ပွဲတွေဆင်နွှဲနိုင်ဖို့အတွက် လိုအပ်တဲ့ မဟာဗျူဟာမြောက် နည်းဗျူဟာတွေကို လေ့ကျင့်ခဲ့ကြပါတယ်'ဟု ရေးသားဖော်ပြထားသည်။

သို့သော်လည်း ရုရှား၏ ရေတပ်စစ်ရေးလေ့ကျင့်မှုများကို မည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့သည်ဆိုသည့်အချက် နှင့် ဘယ်နှစ်ရက်ကြာလုပ်ဆောင်ခဲ့သည်ဆိုသည့်အချက်တို့ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။ Peter the Great ပင်လယ်ကွေ့သည် ဂျပန်ပင် လယ်တွင် အကြီးဆုံးပင်လယ်ကွေ့တစ်ခုဖြစ်ပြီး ရုရှားနှင့် ဂျပန်နိုင်ငံကြားတွင် တည်ရှိကြောင်းသိရသည်။

zawgyi version
ဂ်ပန္ပင္လယ္ျပင္တြင္ ႐ုရွားက ေရတပ္စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ခဲ့ဟုဆို
Pika (NP News) - မတ္ ၂ဝ

႐ုရွား၏ပစိဖိတ္ေရယာဥ္စုမွ သေဘၤာအုပ္စုတစ္စုသည္ Peter the Great ပင္လယ္ေကြ႕ႏွင့္ ဂ်ပန္ပင္လယ္တို႔တြင္ တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈမ်ားအပါအဝင္ ေရတပ္စစ္ေရးေလ့က်င့္မႈမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားေရတပ္၏သတင္းဝန္ေဆာင္မႈကို ကိုးကားၿပီး Interfax သတင္းေအဂ်င္စီက မတ္လ(၂၀)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

႐ုရွား၏ စစ္သေဘၤာမ်ားျဖစ္ေသာ Aldar Tsydenzhapov၊ Gromky ႏွင့္ Sovershenny corvettes တို႔အပါအဝင္ သေဘၤာအုပ္စုတစ္စုသည္ သေဘၤာမ်ား ႏွင့္ ဒ႐ုန္းတို႔ျဖင့္တိုက္ခိုက္မႈမ်ားကို ေခ်မႈန္းသည့္ စစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ခဲ့ေၾကာင္း Interfax သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။႐ုရွားေရတပ္၏ ထုတ္ျပန္ခ်က္တြင္ 'ေလ့က်င္ေရးအစီအစဥ္အရ စစ္သေဘၤာေတြရဲ႕ အမႈထမ္းေတြဟာ ရန္သူေတြရဲ႕ သေဘၤာေတြနဲ႔ ေရတပ္တိုက္ပြဲေတြဆင္ႏႊဲႏိုင္ဖို႔အတြက္ လိုအပ္တဲ့ မဟာဗ်ဴဟာေျမာက္ နည္းဗ်ဴဟာေတြကို ေလ့က်င့္ခဲ့ၾကပါတယ္'ဟု ေရးသားေဖာ္ျပထားသည္။

သို႔ေသာ္လည္း ႐ုရွား၏ ေရတပ္စစ္ေရးေလ့က်င့္မႈမ်ားကို မည္သည့္အခ်ိန္တြင္ လုပ္ေဆာင္ခဲ့သည္ဆိုသည့္အခ်က္ ႏွင့္ ဘယ္ႏွစ္ရက္ၾကာလုပ္ေဆာင္ခဲ့သည္ဆိုသည့္အခ်က္တို႔ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းသိရသည္။ Peter the Great ပင္လယ္ေကြ႕သည္ ဂ်ပန္ပင္ လယ္တြင္ အႀကီးဆုံးပင္လယ္ေကြ႕တစ္ခုျဖစ္ၿပီး ႐ုရွားႏွင့္ ဂ်ပန္ႏိုင္ငံၾကားတြင္ တည္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.