အင်ဒိုနီးရှား နှင့် မလေးရှားတွင် McDonald's နှင့် Starbucks ဆိုင်များကို သပိတ်မှောက်

 1198

ALynn (NP News) - မတ် ၂ဝ

ပုံမှန်အားဖြင့် ရမ်ဇမ်လမြတ်တွင် စွန့်ဦးတီထွင်သူ Putra Kelana သည် အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမားတြားရှိ ၎င်း၏မြို့တစ်ဝန်းမှ စားသောက်ဆိုင်များတွင် ၎င်း၏မိသားစု၊ သူငယ်ချင်းများနှင့် ခေတ္တအနားယူလေ့ရှိတတ် သည်။

သို့သော် ယခုနှစ်တွင်မူ McDonald သည် ၎င်း၏ အနား ယူစားသောက်မည့် ဆိုင်စာရင်းတွင် ပါလာမည် မဟုတ်ပါ။ ဂါဇာစစ်ပွဲအတွင်း အစ္စရေးစစ်တပ်အား အစားအစာထောင်ပေါင်းများစွာ အခမဲ့လှူဒါန်းခဲ့ကြောင်း McDonald's Israel က ဆိုရှယ် မီဒီယာတွင် ဖော်ပြခဲ့သည့် အောက်တိုဘာလကတည်းက Kelana သည် McDonald ကို သပိတ် မှောက်ခဲ့သည်။

Kelana သည် ရှောင်ရန် ထုတ်ကုန်စာရင်းများကို ပုံမှန်တင်လေ့ရှိသည့် Whatsapp အုပ်စုတွင် ပါဝင်ခဲ့ပြီး ပြင်သစ် ထုတ်လုပ်သူ Danone သည် အစ္စရေးကုမ္ပဏီများနှင့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် Aqua ရေသန့်ဘူး သောက်သုံးခြင်းကိုလည်း ရပ်တန့်ခဲ့သည်။
အရှေ့တောင်အာရှတွင် အစ္စရေးနှင့် ချိတ်ဆက်မှုရှိသည်ဟု ယူဆရသော ထုတ်ကုန်များကို သပိတ်မှောက်ခြင်းများ ကြောင့် ထုတ်ကုန်များအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိလာသည်။

McDonald ၏ ဖေဖော်ဝါရီလဖော်ပြချက်အရ စစ်ပွဲကြောင့် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း နိုင်ငံတကာ ရောင်းအား ၀ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမူ ၁၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ McDonald's စီအီးအို Chris Kempczinski ၏ ပြောကြားချက်အရ “အရှေ့အလယ်ပိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှား ကဲ့သို့ မွတ်စလင်နိုင်ငံများတွင် ရောင်းအားအပေါ် သိသိသာသာသက်ရောက်မှုများရှိလာကြောင်း” သိရသည်။

McDonald နည်းတူ Starbucks သည်လည်း ရမ်ဇမ်လအတွင်း ပရိုမိုးရှင်းများပေးနေသည့်တိုင် ရောင်းအားများ ကျဆင်း လာကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ မီဒန်မြို့ရှိ Starbucks ဆိုင်ခွဲ၏ ဖော်ပြချက်အရ သိရသည်။ ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု အပါအဝင် မွတ်ဆလင် အများစု နေထိုင် သည့်နိုင်ငံများရှိ McDonald's လုပ်ငန်းစုများသည် ပါလက်စတိုင်းများကို ထောက်ခံကြောင်း ဖော်ပြကြပြီး ဂါဇာရှိ ကယ်ဆယ်ရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့ရန် ကတိပြုခဲ့ကြသည်။

Picture

Chit Maung Maung

21/03/2024 07:14

သတင်းကို ဘာသာပြန်ပြီး ပြီးပြီးရောတင်လိုက်သလိုလို့ သုံးသပ်မိပါတယ်။ မှန်ခဲ့ရင် နောင်ဂရုပြုစေလိုပါတယ်။ လစဉ်ကြေးပေးပြီးကို တလေးတစား အမြဲအားပေးနေလျှက်ပါ။

Related news

© 2021. All rights reserved.