၂၀၂၃ ခုနှစ်တွင်လူပေါင်း (၃၀ဝ)နှင့် အိပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ဩစတြေးလျ Only Fans ကြယ်ပွင့် အန်နီနိုက်

 2381

Pika (NP News) - မတ် ၂ဝ

ဩစတြေးလျနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာအတက်ကြွဆုံးအမျိုးသမီးဟု လူသိများသော အန်နီနိုက် က ၎င်းသည် ပြီးခဲ့သည့်နှစ်တွင် လူပေါင်း(၃၀ဝ)နှင့် အိပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် အန်နီနိုက်သည် လာမည့်နှစ်အနည်းငယ်အတွက် ၎င်း၏အစီအစဉ်များကို အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ ကြောင်းလည်း သိရသည်။ အသက်(၂၆)နှစ်အရွယ် အန်နီနိုက်က ၎င်းအနေဖြင့် လာမည့်(၅)နှစ်အတွင်း မိခင် တစ်ယောက်ဖြစ်လာနိုင်ရန် မျှော်လင့်ထားကြောင်း အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

ကိုယ်ပိုင်မိသားစုတစ်ခု ထူထောင်ရန် မျှော်လင့်နေသော အန်နီနိုက်က ၎င်းသည်ကလေး (၃)ဦး လိုချင်သည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်လိုကြောင်း ထပ်မံထုတ်ဖော်ပြောခဲ့သည်။ ၎င်းအနေဖြင့် လက်တွဲ ဖော်တစ်ဦးကိုလိုချင်ကြောင်း ယခင်ကထုတ်ဖော်ပြောခဲ့ဖူးသည်။ အဆိုပါလက်တွဲဖော်သည် ၎င်း၏အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် Only Fans ဖန်တီးသည့်လုပ်ငန်းကို သဘောကျသူဖြစ်ရမည်ဟုလည်း အန်နီနိုက် က ပြောခဲ့သည်။

ထို့ပြင် ၎င်းသည် Only Fans ဖန်တီးသည့်သူများ၏ (သုညဒသမ၄) ရာခိုင်နှုန်းတွင် ထိပ်တန်းစာရင်း ဝင်ဖြစ်သော ကြောင့် လိုချင်သောလက်တွဲဖော်သည် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အဆင်ပြေရမည်ဖြစ်ကြောင်း အန်နီနိုက် က ထပ်မံပြောဆိုခဲ့သည်။ အဆိုပါထိပ်တန်းစာရင်းဝင်နေသည့်အချက်ကြောင့် ယခင် အလုပ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ် ကြောင်းလည်း အန်နီနိုက်ကပြောဆိုခဲ့သည်။

အန်နီနိုက်က ၎င်းသည် ၂၀၂၄ ခုနှစ်တွင် လူအယောက်(၇၀)နှင့် အိပ်ပြီးပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ထုတ်ဖော်ပြောခဲ့သည်။ ထို့ပြင် ၂၀၂၄ခုနှစ်တွင် လူပေါင်း(၃၆၅)ယောက်နှင့် အိပ်ကာလူပေါင်း(၃၀ဝ)နှင့် အိပ်ခဲ့သည့် ၂၀၂၃ ခုနှစ်စံချိန်ကို ချိုးဖျက်လိုကြောင်းလည်း အန်နီနိုက်က ထုတ်ဖော်ပြောခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ချစ်သူများနေ့တွင် ၎င်းနှင့်အတူအိပ်လိုသည့် ကမ်းလှမ်းချက်များလည်း ရာနှင့်ချီရှိခဲ့ကြောင်း အန်နီနိုက်က ထပ်မံ ပြောခဲ့သည်။

Zawgyi Version;
၂၀၂၃ ခုႏွစ္တြင္လူေပါင္း (၃၀ဝ)ႏွင့္ အိပ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည့္ ဩစေၾတးလ် Only Fans ၾကယ္ပြင့္ အန္နီႏိုက္
Pika (NP News) - မတ္ ၂ဝ

ဩစေၾတးလ်ႏိုင္ငံ၏ လိင္ပိုင္းဆိုင္ရာအတက္ႂကြဆုံးအမ်ိဳးသမီးဟု လူသိမ်ားေသာ အန္နီႏိုက္ က ၎သည္ ၿပီးခဲ့သည့္ႏွစ္တြင္ လူေပါင္း(၃၀ဝ)ႏွင့္ အိပ္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထို႔ျပင္ အန္နီႏိုက္သည္ လာမည့္ႏွစ္အနည္းငယ္အတြက္ ၎၏အစီအစဥ္မ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာဆိုခဲ့ ေၾကာင္းလည္း သိရသည္။ အသက္(၂၆)ႏွစ္အ႐ြယ္ အန္နီႏိုက္က ၎အေနျဖင့္ လာမည့္(၅)ႏွစ္အတြင္း မိခင္ တစ္ေယာက္ျဖစ္လာႏိုင္ရန္ ေမွ်ာ္လင့္ထားေၾကာင္း အင္စတာဂရမ္တြင္ ေရးသားခဲ့သည္။

ကိုယ္ပိုင္မိသားစုတစ္ခု ထူေထာင္ရန္ ေမွ်ာ္လင့္ေနေသာ အန္နီႏိုက္က ၎သည္ကေလး (၃)ဦး လိုခ်င္သည့္အျပင္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုလည္း လုပ္ကိုင္လိုေၾကာင္း ထပ္မံထုတ္ေဖာ္ေျပာခဲ့သည္။ ၎အေနျဖင့္ လက္တြဲ ေဖာ္တစ္ဦးကိုလိုခ်င္ေၾကာင္း ယခင္ကထုတ္ေဖာ္ေျပာခဲ့ဖူးသည္။ အဆိုပါလက္တြဲေဖာ္သည္ ၎၏အသက္ေမြး ဝမ္းေက်ာင္းလုပ္ငန္းျဖစ္သည့္ Only Fans ဖန္တီးသည့္လုပ္ငန္းကို သေဘာက်သူျဖစ္ရမည္ဟုလည္း အန္နီႏိုက္ က ေျပာခဲ့သည္။

ထို႔ျပင္ ၎သည္ Only Fans ဖန္တီးသည့္သူမ်ား၏ (သုညဒသမ၄) ရာခိုင္ႏႈန္းတြင္ ထိပ္တန္းစာရင္း ဝင္ျဖစ္ေသာ ေၾကာင့္ လိုခ်င္ေသာလက္တြဲေဖာ္သည္ အဆိုပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး အဆင္ေျပရမည္ျဖစ္ေၾကာင္း အန္နီႏိုက္ က ထပ္မံေျပာဆိုခဲ့သည္။ အဆိုပါထိပ္တန္းစာရင္းဝင္ေနသည့္အခ်က္ေၾကာင့္ ယခင္ အလုပ္မွ ႏုတ္ထြက္ခဲ့ျခင္းျဖစ္ ေၾကာင္းလည္း အန္နီႏိုက္ကေျပာဆိုခဲ့သည္။

အန္နီႏိုက္က ၎သည္ ၂၀၂၄ ခုႏွစ္တြင္ လူအေယာက္(၇၀)ႏွင့္ အိပ္ၿပီးၿပီျဖစ္ေၾကာင္း ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ ထုတ္ေဖာ္ေျပာခဲ့သည္။ ထို႔ျပင္ ၂၀၂၄ခုႏွစ္တြင္ လူေပါင္း(၃၆၅)ေယာက္ႏွင့္ အိပ္ကာလူေပါင္း(၃၀ဝ)ႏွင့္ အိပ္ခဲ့သည့္ ၂၀၂၃ ခုႏွစ္စံခ်ိန္ကို ခ်ိဳးဖ်က္လိုေၾကာင္းလည္း အန္နီႏိုက္က ထုတ္ေဖာ္ေျပာခဲ့သည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ခ်စ္သူမ်ားေန႔တြင္ ၎ႏွင့္အတူအိပ္လိုသည့္ ကမ္းလွမ္းခ်က္မ်ားလည္း ရာႏွင့္ခ်ီရွိခဲ့ေၾကာင္း အန္နီႏိုက္က ထပ္မံ ေျပာခဲ့သည္။

Related news

© 2021. All rights reserved.