ဆီးရီးယားအသင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထက် သာလွန်နေသော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမည်ဟု အသင်းခေါင်းဆောင်မောင်မောင်လွင်ပြော

 1135

သန့်ဇင် (NP News) - မတ် ၂၀

ဆီးရီးယားအသင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထက် များစွာသာလွန်နေသော်လည်း အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်မောင်မောင်လွင်က ယနေ့(မတ်လ ၂၀ ရက်) ညနေ ၆ နာရီအချိန် ခန့်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီပွဲနဲ့ မတိုင်ခင်ကျွန်တော်တို့အသင်းက Training တွေ အများကြီးလုပ်ထားတာပါ။ အမှန်တိုင်းပြောရရင် ဆီးရီးယားအသင်းက ကျွန်တော်တို့အသင်းထက် အများကြီးပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော်တို့အသင်း ကလည်း အကောင်းဆုံးတုံ့ပြန်ကစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည့် ပြီးခဲ့သည့် ပွဲစဉ်များတွင် ဂျပန်အသင်းကို ၅ဂိုး-ဂိုးမရှိ ဆိုသော ရလဒ်၊ မြောက်ကိုရီးယားအသင်းကို ၆ ဂိုး-၁ ဂိုး ဆိုသောရလဒ်များဖြင့် ရှုံးနိမ့်ထားခဲ့ရာ အုပ်စုအတွင်း အမှတ်မရရှိထားသည့် အသင်းလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ခံယှဉ်ပြိုင်ကစားရမည့် ဆီးရီးယားအသင်းမှာ FIFA အဆင့်(၈၉)တွင် ရှိနေပြီး မြန်မာ့လက်ရွေးစင် အသင်းမှာမူ FIFA အဆင့် (၁၆၂)တွင် ရှိနေသော်လည်း လာမည့်ပွဲစဉ်တွင် ရလဒ် ကောင်းများရရှိရန် မျော်လင့်ထားကြောင်းလည်း မြန်မာ့လက်ရွှေးစင်ဘောလုံးအသင်းနည်းပြချုပ် Michael Feichtenbenir က ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် မနက်ဖြန် (မတ်လ ၂၁ ရက်) ည ၆နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမကစားသမားစာရင်းတွင် ပြည်ပထွက်ခွာ ကစားသမား(၁၃)ဦးထိ ပါဝင်လာခဲ့ပြီး အိမ်ရှင်ပရိသတ်များရှေ့တွင် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

Zawgyi Version;
ဆီးရီးယားအသင္းမွာ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းထက္ သာလြန္ေနေသာ္လည္း အေကာင္းဆုံးယွဥ္ၿပိဳင္ ကစားသြားမည္ဟု အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္ေျပာ
သန႔္ဇင္ (NP News) - မတ္ ၂၀

ဆီးရီးယားအသင္းမွာ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းထက္ မ်ားစြာသာလြန္ေနေသာ္လည္း အေကာင္းဆုံး ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္က ေျပာၾကားခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္က ယေန႔(မတ္လ ၂၀ ရက္) ညေန ၆ နာရီအခ်ိန္ ခန႔္တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေဘာလုံးကြင္းတြင္ က်င္းပျပဳလုပ္ေသာ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ဒီပြဲနဲ႔ မတိုင္ခင္ကြၽန္ေတာ္တို႔အသင္းက Training ေတြ အမ်ားႀကီးလုပ္ထားတာပါ။ အမွန္တိုင္းေျပာရရင္ ဆီးရီးယားအသင္းက ကြၽန္ေတာ္တို႔အသင္းထက္ အမ်ားႀကီးပိုေကာင္းတဲ့အသင္းျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔အသင္း ကလည္း အေကာင္းဆုံးတုံ႔ျပန္ကစားသြားမွာပါ” ဟု ျမန္မာ့လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္က ေျပာခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းသည့္ ၿပီးခဲ့သည့္ ပြဲစဥ္မ်ားတြင္ ဂ်ပန္အသင္းကို ၅ဂိုး-ဂိုးမရွိ ဆိုေသာ ရလဒ္၊ ေျမာက္ကိုရီးယားအသင္းကို ၆ ဂိုး-၁ ဂိုး ဆိုေသာရလဒ္မ်ားျဖင့္ ရႈံးနိမ့္ထားခဲ့ရာ အုပ္စုအတြင္း အမွတ္မရရွိထားသည့္ အသင္းလည္းျဖစ္သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း လက္ခံယွဥ္ၿပိဳင္ကစားရမည့္ ဆီးရီးယားအသင္းမွာ FIFA အဆင့္(၈၉)တြင္ ရွိေနၿပီး ျမန္မာ့လက္ေ႐ြးစင္ အသင္းမွာမူ FIFA အဆင့္ (၁၆၂)တြင္ ရွိေနေသာ္လည္း လာမည့္ပြဲစဥ္တြင္ ရလဒ္ ေကာင္းမ်ားရရွိရန္ ေမ်ာ္လင့္ထားေၾကာင္းလည္း ျမန္မာ့လက္ေ႐ႊးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ Michael Feichtenbenir က ထည့္သြင္းေျပာဆိုခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းသည့္ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္အုပ္စုပြဲစဥ္အျဖစ္ မနက္ျဖန္ (မတ္လ ၂၁ ရက္) ည ၆နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္းတြင္ ဆီးရီးယားအသင္းကို လက္ခံယွဥ္ၿပိဳင္ကစား သြားမည္ျဖစ္သည္။

ဆီးရီးယားအသင္းကို လက္ခံယွဥ္ၿပိဳင္မည့္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ပဏာမကစားသမားစာရင္းတြင္ ျပည္ပထြက္ခြာ ကစားသမား(၁၃)ဦးထိ ပါဝင္လာခဲ့ၿပီး အိမ္ရွင္ပရိသတ္မ်ားေရွ႕တြင္ ရလဒ္ေကာင္းတစ္ခု စြမ္းေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရမည္ ျဖစ္သည္။

Related news

© 2021. All rights reserved.