ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်(၃၂)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော

 1049

Pika (NP News) - မတ် ၂၁

ပြီးခဲ့သည့်(၂၄)နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် (၃၂)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၂၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါတွေ့ရှိမှုသည် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များ ပျံသန်းမှု၌လေယာဉ်အရေအတွက် ဒုတိယအများဆုံးဖြစ် ကြောင်းလည်း သိရသည်။ မတ်လ(၂၁)ရက်၊ နံနက်(၆)နာရီအချိန်အထိ ပြီးခဲ့သည့်(၂၄)နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်သင်္ဘော(၅)စီးကိုလည်း ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်စစ်လေယာဉ်များထဲမှ (၁၃)စင်းသည် ထိုင်ဝမ်ရေ လက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

ထိုင်ဝမ်စစ်တပ်သည် အခြေအနေများကို ဆက်လက်စောင့်ကြည့်ခဲ့ပြီး လက်တုံ့ပြန်မှုများလုပ်ဆောင်ရန်အတွက် ကင်းလှည့်လေယာဉ်များ၊ ရေတပ်သင်္ဘောများ နှင့် ကမ်းရိုးတန်းဒုံးကျည်စနစ်များကို အသင့်အနေအထားဖြင့် ပြင်ထားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော် ဝါရီလအစောပိုင်းတွင် (၂၄)နာရီကာလအပိုင်းအခြား နှစ်ခုအတွင်း တရုတ်စစ်လေယာဉ်(၃၃)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်းသိရသည်။ ယင်းတွေ့ရှိမှုသည် ယခုနှစ်အတွင်း တရုတ်၏စစ်လေယာဉ်ပျံသန်းမှုတွင် ပါဝင်သည့်လေယာဉ်အရေအတွက် အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်လတွင် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံကြား လူအသေအပျောက်ရှိခဲ့သည့် ငါးဖမ်သင်္ဘောမတော်တဆမှုဖြစ်ပွားပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘော(၁၁)စီးကို ခြေရာခံတွေ့ရှိခဲ့ကြောင်းသိရသည်။

zawgyi version
ကြၽန္းအနီးတြင္ တ႐ုတ္စစ္ေလယာဥ္(၃၂)စင္းကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၁

ၿပီးခဲ့သည့္(၂၄)နာရီအတြင္း ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္စစ္ေလယာဥ္ (၃၂)စင္းကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက မတ္လ(၂၁)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အဆိုပါေတြ႕ရွိမႈသည္ ယခုႏွစ္အတြင္း ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္စစ္ေလယာဥ္မ်ား ပ်ံသန္းမႈ၌ေလယာဥ္အေရအတြက္ ဒုတိယအမ်ားဆုံးျဖစ္ ေၾကာင္းလည္း သိရသည္။ မတ္လ(၂၁)ရက္၊ နံနက္(၆)နာရီအခ်ိန္အထိ ၿပီးခဲ့သည့္(၂၄)နာရီအတြင္း ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္စစ္သေဘၤာ(၅)စီးကိုလည္း ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ တ႐ုတ္စစ္ေလယာဥ္မ်ားထဲမွ (၁၃)စင္းသည္ ထိုင္ဝမ္ေရ လက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။

ထိုင္ဝမ္စစ္တပ္သည္ အေျခအေနမ်ားကို ဆက္လက္ေစာင့္ၾကည့္ခဲ့ၿပီး လက္တုံ႔ျပန္မႈမ်ားလုပ္ေဆာင္ရန္အတြက္ ကင္းလွည့္ေလယာဥ္မ်ား၊ ေရတပ္သေဘၤာမ်ား ႏွင့္ ကမ္း႐ိုးတန္းဒုံးက်ည္စနစ္မ်ားကို အသင့္အေနအထားျဖင့္ ျပင္ထားခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီလေႏွာင္းပိုင္းႏွင့္ ေဖေဖာ္ ဝါရီလအေစာပိုင္းတြင္ (၂၄)နာရီကာလအပိုင္းအျခား ႏွစ္ခုအတြင္း တ႐ုတ္စစ္ေလယာဥ္(၃၃)စင္းကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ ယင္းေတြ႕ရွိမႈသည္ ယခုႏွစ္အတြင္း တ႐ုတ္၏စစ္ေလယာဥ္ပ်ံသန္းမႈတြင္ ပါဝင္သည့္ေလယာဥ္အေရအတြက္ အမ်ားဆုံးျဖစ္ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့သည့္လတြင္ ထိုင္ဝမ္ႏွင့္တ႐ုတ္ႏိုင္ငံၾကား လူအေသအေပ်ာက္ရွိခဲ့သည့္ ငါးဖမ္သေဘၤာမေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ထိုင္ဝမ္ကြၽန္းအနီးတြင္ တ႐ုတ္ေရတပ္သေဘၤာ(၁၁)စီးကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.