ယူကရိန်းကို ကူညီရန်အတွက် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်သွားမည်ဟု ဩစတြေးလျအစိုးရပြော

 606

Pika (NP News) - မတ် ၂၁

ဗြိတိန်နှင့်လတ်ဗီးယားနိုင်ငံတို့ကဲ့သို့သော မိတ်ဖက်နိုင်ငံများနှင့် ပေါင်းစည်းကာ ယူကရိန်းစစ်ပွဲအတွက် အကူအညီပေးရန် နိုင်ငံတကာဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရက မတ်လ(၂၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles က 'ယူကရိန်းက ဒီစစ်ပွဲကို ကိုယ်တိုင်ဖြေရှင်းပြီး တည်ငြိမ်တဲ့လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့အတွက် ကြိုးပမ်းရာမှာ ကျွန်တော်တို့ရဲ့ ကူညီပံ့ပိုးမှုတွေက အရေးကြီးတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။ ရုရှား၏ကျူးကျော်တိုက် ခိုက်မှုများကို ရင်ဆိုင်နေသော ယူကရိန်းသည် အမြောက်ကျည်ဆန်ပြတ် လပ်မှုများကြောင့် ဒရုန်းများအသုံးပြုမှုအပေါ် မှီခိုနေရပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ကီလိုမီတာရာချီအဝေးတွင်ရှိသော ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ ထောက်လှမ်းခြင်း နှင့် အနီးရှိရန်သူများကို တိုက် ခိုက်ခြင်းတို့ကဲ့သို့သော မစ်ရှင်များအတွက် ထောင်ပေါင်းများစွာသော ဒရုန်းများကို နှစ်ဖက်လုံးက အသုံးပြုခဲ့ကြကြောင်းသိရသည်။ ထို့ပြင် ယခုနှစ်အ တွင်း ဒရုန်းအစင်းရေ(၁)သန်းထုတ်လုပ်သွားမည်ဟု ယူကရိန်းသမ္မတဇီလန်စကီးက ကတိပြုခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းတပ်ဖွဲ့များသည် တစ်လလျှင် ဒရုန်းအစင်းရေ(၁)သိန်းမှ (၁)သိန်း(၂)သောင်း ကြားလိုအပ်ကြောင်းလည်း ယူကရိန်းအရာရှိများကပြောကြားခဲ့သည်။ ဩစတြေးလျနိုင်ငံသို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ် ရောက်ရှိနေစဉ်အချိန်အတွင်း ဩစတြေးလျအစိုးရက ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသို့ ဒရုန်းအစင်းရေ ထောင် ပေါင်းများစွာပေးပို့ရန် ရည်ရွယ်သည့် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့ကို ဦးဆောင်ရန် ဗြိတိန်နှင့်လတ်ဗီးယားတို့က ပြီးခဲ့သည့်လတွင် သဘောတူညီခဲ့ကြကြောင်းသိရသည်။ ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် ဒရုန်းများသည် အရေးပါသော အခန်းကဏ္ဍတွင် မပါဝင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အရေးပါသောအခန်းကဏ္ဍမှ သိသိသာသာပါဝင်လာပြီဖြစ် ကြောင်း ဂရန့်ရှပ်က ပြောကြားခဲ့သည်။ ဩစတြေးလျအစိုးရသည် ဒရုန်းညွန့်ပေါင်းတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်မည်ဆိုသည့် ၎င်း၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်များအတွင်း လူသိရှင်ကြားထုတ်ပြန်နိုင်ဖွယ် ရှိနေကြောင်းသိရသည်။

zawgyi version
ယူကရိန္းကို ကူညီရန္အတြက္ ဒ႐ုန္းၫြန႔္ေပါင္းတပ္ဖြဲ႕တြင္ ပူးေပါင္းပါဝင္သြားမည္ဟု ဩစေၾတးလ်အစိုးရေျပာ
Pika (NP News) - မတ္ ၂၁

ၿဗိတိန္ႏွင့္လတ္ဗီးယားႏိုင္ငံတို႔ကဲ့သို႔ေသာ မိတ္ဖက္ႏိုင္ငံမ်ားႏွင့္ ေပါင္းစည္းကာ ယူကရိန္းစစ္ပြဲအတြက္ အကူအညီေပးရန္ ႏိုင္ငံတကာဒ႐ုန္းၫြန႔္ေပါင္းတပ္ဖြဲ႕တြင္ ပူးေပါင္းပါဝင္သြားမည္ျဖစ္ေၾကာင္း ဩစေၾတးလ်အစိုးရက မတ္လ(၂၁)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး Richard Marles က 'ယူကရိန္းက ဒီစစ္ပြဲကို ကိုယ္တိုင္ေျဖရွင္းၿပီး တည္ၿငိမ္တဲ့လမ္းေၾကာင္းေပၚမွာ ဆက္ရွိေနဖို႔အတြက္ ႀကိဳးပမ္းရာမွာ ကြၽန္ေတာ္တို႔ရဲ႕ ကူညီပံ့ပိုးမႈေတြက အေရးႀကီးတဲ့နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္'ဟု ေျပာဆိုခဲ့သည္။ ႐ုရွား၏က်ဴးေက်ာ္တိုက္ ခိုက္မႈမ်ားကို ရင္ဆိုင္ေနေသာ ယူကရိန္းသည္ အေျမာက္က်ည္ဆန္ျပတ္ လပ္မႈမ်ားေၾကာင့္ ဒ႐ုန္းမ်ားအသုံးျပဳမႈအေပၚ မွီခိုေနရၿပီျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္။

႐ုရွား-ယူကရိန္း စစ္ပြဲအတြင္း ကီလိုမီတာရာခ်ီအေဝးတြင္ရွိေသာ ပစ္မွတ္မ်ားကို တိုက္ခိုက္ျခင္း၊ ေထာက္လွမ္းျခင္း ႏွင့္ အနီးရွိရန္သူမ်ားကို တိုက္ ခိုက္ျခင္းတို႔ကဲ့သို႔ေသာ မစ္ရွင္မ်ားအတြက္ ေထာင္ေပါင္းမ်ားစြာေသာ ဒ႐ုန္းမ်ားကို ႏွစ္ဖက္လုံးက အသုံးျပဳခဲ့ၾကေၾကာင္းသိရသည္။ ထို႔ျပင္ ယခုႏွစ္အ တြင္း ဒ႐ုန္းအစင္းေရ(၁)သန္းထုတ္လုပ္သြားမည္ဟု ယူကရိန္းသမၼတဇီလန္စကီးက ကတိျပဳခဲ့ေၾကာင္းလည္း သိရသည္။

ယူကရိန္းတပ္ဖြဲ႕မ်ားသည္ တစ္လလွ်င္ ဒ႐ုန္းအစင္းေရ(၁)သိန္းမွ (၁)သိန္း(၂)ေသာင္း ၾကားလိုအပ္ေၾကာင္းလည္း ယူကရိန္းအရာရွိမ်ားကေျပာၾကားခဲ့သည္။ ဩစေၾတးလ်ႏိုင္ငံသို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဂရန႔္ရွပ္ ေရာက္ရွိေနစဥ္အခ်ိန္အတြင္း ဩစေၾတးလ်အစိုးရက ယခုကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ယူကရိန္းသို႔ ဒ႐ုန္းအစင္းေရ ေထာင္ ေပါင္းမ်ားစြာေပးပို႔ရန္ ရည္႐ြယ္သည့္ ဒ႐ုန္းၫြန႔္ေပါင္းတပ္ဖြဲ႕ကို ဦးေဆာင္ရန္ ၿဗိတိန္ႏွင့္လတ္ဗီးယားတို႔က ၿပီးခဲ့သည့္လတြင္ သေဘာတူညီခဲ့ၾကေၾကာင္းသိရသည္။ ႐ုရွား-ယူကရိန္း စစ္ပြဲစတင္ျဖစ္ပြားခဲ့သည့္အခ်ိန္တြင္ ဒ႐ုန္းမ်ားသည္ အေရးပါေသာ အခန္းက႑တြင္ မပါဝင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အေရးပါေသာအခန္းက႑မွ သိသိသာသာပါဝင္လာၿပီျဖစ္ ေၾကာင္း ဂရန႔္ရွပ္က ေျပာၾကားခဲ့သည္။ ဩစေၾတးလ်အစိုးရသည္ ဒ႐ုန္းၫြန႔္ေပါင္းတပ္ဖြဲ႕တြင္ ပူးေပါင္းပါဝင္မည္ဆိုသည့္ ၎၏ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို လာမည့္သီတင္းပတ္မ်ားအတြင္း လူသိရွင္ၾကားထုတ္ျပန္ႏိုင္ဖြယ္ ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.