ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် တောင်ကိုရီးယားဓါတုပစ္စည်းတင်သင်္ဘောတိမ်းမှောက်ခဲ့ပြီး လူ(၈)ဦးသေဆုံး

 1345

Pika (NP News) - မတ် ၂၁

ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် မတ်လ(၂၀)ရက်က တောင်ကိုရီးယားအလံလွှင့်တင်ထားသော ဓါတုပစ္စည်းတင်သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၈)ဦးသေဆုံးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက 'သူတို့တွေ အား လုံးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြတာပါ။ အခြားလူတစ်ဦးကတော့ တည်ငြိမ်ကောင်းမွန်တဲ့ အခြေအနေမှာပဲ ရှိနေပါတယ်၊၊ ပြီးတော့ နောက် ထပ်လူနှစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။

အဆိုပါသင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၈)ဦးနှင့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် စုစုပေါင်းလူ(၁၁)ဦး လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ဓါတုပစ္စည်းတင်သင်္ဘောသည် acrylic acid တန်ချိန်(၉၈၀)တန်ကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ acrylic acid များ သမုဒ္ဒရာအတွင်းသို့ ဖိတ်စင်သွားခြင်းရှိ/မရှိဆိုသည့် အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်း လင်းမသိရှိရသေးကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ဂျပန်ရုပ်သံလိုင်း NHK မှ တင်ထားသော ဗီဒီယိုဖိုင်တွင် အသက်ကယ်လှေတစ်စီးအပြင် တိမ်းမှောက်ကာ နစ်မြုပ်နေသော သင်္ဘော၏အနီရောင်ကိုယ်ထည်နှင့် ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်းကို တွေ့မြင်ခဲ့ရသည်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကမ်းရိုးတန်းရှိ Mutsure ကျွန်းအနီးမှာ သင်္ဘောတိမ်းစောင်းသွားကြောင်း မတ်လ(၂၀)ရက်အစောပိုင်းတွင် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို သင်္ဘောအမှုထမ်းများက အကြောင်းကြားခဲ့ပြီး အကူအညီများတောင်းခံခဲ့ကြောင်း NHK ကပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သင်္ဘောအော်ပရေတာက မှတ်ချက်ပေးရန် ငြင်း ဆန်ခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္တြင္ ေတာင္ကိုရီးယားဓါတုပစၥည္းတင္သေဘၤာတိမ္းေမွာက္ခဲ့ၿပီး လူ(၈)ဦးေသဆုံး
Pika (NP News) - မတ္ ၂၁

ဂ်ပန္ကမ္းလြန္ပင္လယ္ျပင္တြင္ မတ္လ(၂၀)ရက္က ေတာင္ကိုရီးယားအလံလႊင့္တင္ထားေသာ ဓါတုပစၥည္းတင္သေဘၤာတစ္စီး တိမ္းေမွာက္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၈)ဦးေသဆုံးခဲ့ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက 'သူတို႔ေတြ အား လုံးဟာ ေဆး႐ုံမွာ ေသဆုံးသြားခဲ့ၾကတာပါ။ အျခားလူတစ္ဦးကေတာ့ တည္ၿငိမ္ေကာင္းမြန္တဲ့ အေျခအေနမွာပဲ ရွိေနပါတယ္၊၊ ၿပီးေတာ့ ေနာက္ ထပ္လူႏွစ္ဦးကေတာ့ ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္'ဟု ေျပာဆိုခဲ့သည္။

အဆိုပါသေဘၤာေပၚတြင္ ေတာင္ကိုရီးယားႏိုင္ငံသား(၂)ဦး၊ အင္ဒိုနီးရွားႏိုင္ငံသား(၈)ဦးႏွင့္ တ႐ုတ္ႏိုင္ငံသား(၁)ဦးအပါအဝင္ စုစုေပါင္းလူ(၁၁)ဦး လိုက္ပါလာခဲ့ျခင္းျဖစ္ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ဓါတုပစၥည္းတင္သေဘၤာသည္ acrylic acid တန္ခ်ိန္(၉၈၀)တန္ကို သယ္ေဆာင္လာခဲ့ျခင္းျဖစ္ၿပီး အဆိုပါ acrylic acid မ်ား သမုဒၵရာအတြင္းသို႔ ဖိတ္စင္သြားျခင္းရွိ/မရွိဆိုသည့္ အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္း လင္းမသိရွိရေသးေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ ဂ်ပန္႐ုပ္သံလိုင္း NHK မွ တင္ထားေသာ ဗီဒီယိုဖိုင္တြင္ အသက္ကယ္ေလွတစ္စီးအျပင္ တိမ္းေမွာက္ကာ နစ္ျမဳပ္ေနေသာ သေဘၤာ၏အနီေရာင္ကိုယ္ထည္ႏွင့္ ပ်ံသန္းေနေသာ ရဟတ္ယာဥ္တစ္စင္းကို ေတြ႕ျမင္ခဲ့ရသည္။ ဂ်ပန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းကမ္း႐ိုးတန္းရွိ Mutsure ကြၽန္းအနီးမွာ သေဘၤာတိမ္းေစာင္းသြားေၾကာင္း မတ္လ(၂၀)ရက္အေစာပိုင္းတြင္ ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကို သေဘၤာအမႈထမ္းမ်ားက အေၾကာင္းၾကားခဲ့ၿပီး အကူအညီမ်ားေတာင္းခံခဲ့ေၾကာင္း NHK ကေျပာၾကားခဲ့သည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး သေဘၤာေအာ္ပေရတာက မွတ္ခ်က္ေပးရန္ ျငင္း ဆန္ခဲ့ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.