ဥရောပသမဂ္ဂ၏ လုပ်ရပ်များက နိုင်ငံတကာဥပဒေကို ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်ပြစ်တင်

 955

Pika (NP News) - မတ် ၂၁

ယူကရိန်းကို ငွေကြေးထောက်ပံ့ရန်အတွက် ရုရှားဗဟိုဘဏ်၏ ပြည်ပရှိပိုင်ဆိုင်မှုများ၏ အမြတ်အစွန်းများကို အသုံးပြုရန် အဆိုပြုခဲ့သော ဥရောပသမဂ္ဂအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်၏ အဆိုပြုချက်သည် နိုင်ငံတကာဥပဒေကို ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါလုပ်ရပ်သည် တစ်ကမ္ဘာလုံးတွင် ဥရောပသမဂ္ဂ၏ပုံရိပ်ကို ကျဆင်းစေလိမ့်မည်ဖြစ်ကြောင်းလည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောဆိုခဲ့သည်။ ယူကရိန်းအတွက် လက်နက်များဝယ်ယူရန် ရုရှား၏ပြည်ပရှိပိုင်ဆိုင်မှုများမှ ရရှိသော ဝင်ငွေ၏(၉၀)ရာခိုင်နှုန်းကို အသုံးပြုရန် ဥရောပသမဂ္ဂကို အဆိုပြုခဲ့ကြောင်း ဂျိုးဆက်ဘော်ရဲလ်က မတ်(၂၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ကျန်ရှိနေသော ဝင်ငွေ(၁၀)ရာခိုင်နှုန်းကို ယူကရိန်း၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများကို ကူညီပံ့ပိုးရာတွင် အသုံးပြုရန်အတွက် ဥရောပသမဂ္ဂဘတ်ဂျက်သို့ လွှဲပြောင်းသွားရန် ဂျိုးဆက်ဘော်ရဲလ်က အဆိုပြုခဲ့ကြောင်းသိရသည်။ ဂျိုးဆက်ဘော်ရဲလ်၏ အဆိုပြုချက်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအများစု၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း အေပီသတင်းဌာနကရေးသားဖော်ပြခဲ့သည်။

အဆိုပါကိစ္စကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ဥရောပသမဂ္ဂအနေဖြင့် ဂျိုးဆက်ဘော်ရဲလ်၏ အဆိုပြုချက်အတိုင်း လုပ်ဆောင်ပါက ဆိုးရွားသောအကျိုးဆက်များရှိလာနိုင်ကြောင်း ဒီမစ်ထရီပက်စကော့ဗ်က သတိပေးပြောဆိုခဲ့သည်။ ၎င်းက 'ဒါဟာ ဥရောပနဲ့နိုင်ငံတကာဥပဒေရဲ့ တရားဝင်အခြေခံအုတ်မြစ်တွေကို ဖျက်ဆီးပစ်မယ့် နောက်ထပ်ထုတ်ပြန်ချက်တစ်ခုပါ။ ဒီလိုဆုံးဖြတ်ချက်တွေဟာ သူတို့ရဲ့ စီးပွားရေးနဲ့ ပုံရိပ်တွေကို ထိခိုက်ပျက်စီးစေမယ်ဆိုတာကို ဥရောပသမဂ္ဂမူဝါဒချမှတ်သူတွေက သဘောပေါက်နားလည်သင့်ပါတယ်။ ပြီးတော့ အဲဒီလုပ်ရပ်ဟာ ပိုင်ဆိုင်မှုအကာအကွယ်ပေးရေးမူနဲ့ပတ်သက်ပြီး သူတို့ရဲ့ကတိဝတ်တွေအပေါ် သံသယဝင်လာတာမျိုးတွေ ရှိလာပါလိမ့်မယ်'ဟုပြောဆိုခဲ့သည်။

zawgyi version
ဥေရာပသမဂၢ၏ လုပ္ရပ္မ်ားက ႏိုင္ငံတကာဥပေဒကို ပ်က္စီးေစလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရေဝဖန္ျပစ္တင္
Pika (NP News) - မတ္ ၂၁

ယူကရိန္းကို ေငြေၾကးေထာက္ပံ့ရန္အတြက္ ႐ုရွားဗဟိုဘဏ္၏ ျပည္ပရွိပိုင္ဆိုင္မႈမ်ား၏ အျမတ္အစြန္းမ်ားကို အသုံးျပဳရန္ အဆိုျပဳခဲ့ေသာ ဥေရာပသမဂၢအႀကီးအကဲ ဂ်ိဳးဆက္ေဘာ္ရဲလ္၏ အဆိုျပဳခ်က္သည္ ႏိုင္ငံတကာဥပေဒကို ပ်က္စီးေစလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့သည္။

ထို႔ျပင္ အဆိုပါလုပ္ရပ္သည္ တစ္ကမာၻလုံးတြင္ ဥေရာပသမဂၢ၏ပုံရိပ္ကို က်ဆင္းေစလိမ့္မည္ျဖစ္ေၾကာင္းလည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာဆိုခဲ့သည္။ ယူကရိန္းအတြက္ လက္နက္မ်ားဝယ္ယူရန္ ႐ုရွား၏ျပည္ပရွိပိုင္ဆိုင္မႈမ်ားမွ ရရွိေသာ ဝင္ေငြ၏(၉၀)ရာခိုင္ႏႈန္းကို အသုံးျပဳရန္ ဥေရာပသမဂၢကို အဆိုျပဳခဲ့ေၾကာင္း ဂ်ိဳးဆက္ေဘာ္ရဲလ္က မတ္(၂၀)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ က်န္ရွိေနေသာ ဝင္ေငြ(၁၀)ရာခိုင္ႏႈန္းကို ယူကရိန္း၏ ကာကြယ္ေရးစက္မႈလုပ္ငန္းမ်ားကို ကူညီပံ့ပိုးရာတြင္ အသုံးျပဳရန္အတြက္ ဥေရာပသမဂၢဘတ္ဂ်က္သို႔ လႊဲေျပာင္းသြားရန္ ဂ်ိဳးဆက္ေဘာ္ရဲလ္က အဆိုျပဳခဲ့ေၾကာင္းသိရသည္။ ဂ်ိဳးဆက္ေဘာ္ရဲလ္၏ အဆိုျပဳခ်က္သည္ ဥေရာပသမဂၢ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအမ်ားစု၏ ေထာက္ခံမႈကို ရရွိခဲ့ေၾကာင္း ေအပီသတင္းဌာနကေရးသားေဖာ္ျပခဲ့သည္။

အဆိုပါကိစၥကို ယခုသီတင္းပတ္ေႏွာင္းပိုင္းတြင္ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕မွာ က်င္းပမည့္ ထိပ္သီးအစည္းအေဝးတြင္ ေဆြးေႏြးသြားရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ ဥေရာပသမဂၢအေနျဖင့္ ဂ်ိဳးဆက္ေဘာ္ရဲလ္၏ အဆိုျပဳခ်က္အတိုင္း လုပ္ေဆာင္ပါက ဆိုး႐ြားေသာအက်ိဳးဆက္မ်ားရွိလာႏိုင္ေၾကာင္း ဒီမစ္ထရီပက္စေကာ့ဗ္က သတိေပးေျပာဆိုခဲ့သည္။ ၎က 'ဒါဟာ ဥေရာပနဲ႔ႏိုင္ငံတကာဥပေဒရဲ႕ တရားဝင္အေျခခံအုတ္ျမစ္ေတြကို ဖ်က္ဆီးပစ္မယ့္ ေနာက္ထပ္ထုတ္ျပန္ခ်က္တစ္ခုပါ။ ဒီလိုဆုံးျဖတ္ခ်က္ေတြဟာ သူတို႔ရဲ႕ စီးပြားေရးနဲ႔ ပုံရိပ္ေတြကို ထိခိုက္ပ်က္စီးေစမယ္ဆိုတာကို ဥေရာပသမဂၢမူဝါဒခ်မွတ္သူေတြက သေဘာေပါက္နားလည္သင့္ပါတယ္။ ၿပီးေတာ့ အဲဒီလုပ္ရပ္ဟာ ပိုင္ဆိုင္မႈအကာအကြယ္ေပးေရးမူနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕ကတိဝတ္ေတြအေပၚ သံသယဝင္လာတာမ်ိဳးေတြ ရွိလာပါလိမ့္မယ္'ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.