ယူကရိန်းကို ကူညီပေးမယ့် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံနဲ့ပတ်သက်ပြီးအတိအကျပြောလို့ မရနိုင်သေးကြောင်း အမေရိကန်အစိုးရပြော

 661

ဂျန်ဇက် (NP News) - မတ် ၂၁

အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကို ဘယ်အချိန်ပေးမလဲဆိုတဲ့အချက်ကို အပြီးသတ်ခန့်မှန်းနိုင်ခြင်းမျိုး မရှိသေးကြောင်း ပြောပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျိတ်ဆူလီဗန်က "ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကူညီပေးဖို့ စီစဉ်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျပြောလို့မရသေးဘူး၊ အတိအကျလည်းကြိုတင်ခန့်မှန်းလို့မရသေးဘူး၊ ဖြစ်နိုင်မယ်ဆိုရင်တော့ အမြန်ဆုံးတော့ ကူညီပေးချင်ပါတယ်"လို့ ပြောပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကျော်ကူညီထောက်ပံ့ပေးဖို့ စီစဉ်ထားပေမယ့်
အောက်လွှတ်တော်က ကန့်ကွက်မှုတွေကြောင့် ယူကရိန်းကို စစ်ရေးအကူညီပေးမယ့် အစီအစဉ်တွေက နှောင့်နှေးနေကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲစတင်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်ဘီလျံနဲ့ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတက အမေရိကန်ရဲ့ကူညီထောက်ပံ့ပေးမှုနှောင့်နေးခြင်းကြောင့် ယူကရိန်းပိုင်နက် နဲ့ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုတွေဆုံးရှုံးလာခဲ့ကြောင်း ပြောပါတယ်။

ယူကရိန်းသမ္မတက အမေရိကန်ရဲ့အကူအညီတွေသာ မရတော့ဘူးဆိုရင် ယူကရိန်းဟာ ရုရှားကို စစ်ရှုံးမှာဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားဟာ ယူကရိန်းပိုင်နက်နယ်မြေ ၄ခုကို သိမ်းပိုက်ထားပြီး ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်နေဆဲဖြစ် ကြောင်းသိရပါတယ်။

zawgyi version
ယူကရိန္းကို ကူညီေပးမယ့္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံနဲ႔ပတ္သက္ၿပီးအတိအက်ေျပာလို႔ မရႏိုင္ေသးေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အေမရိကန္ အစိုးရတာဝန္ရွိသူတစ္ဦးက အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံကို ဘယ္အခ်ိန္ေပးမလဲဆိုတဲ့အခ်က္ကို အၿပီးသတ္ခန႔္မွန္းႏိုင္ျခင္းမ်ိဳး မရွိေသးေၾကာင္း ေျပာပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဂ်ိတ္ဆူလီဗန္က "ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံကူညီေပးဖို႔ စီစဥ္ထားတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အတိအက်ေျပာလို႔မရေသးဘူး၊ အတိအက်လည္းႀကိဳတင္ခန႔္မွန္းလို႔မရေသးဘူး၊ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ အျမန္ဆုံးေတာ့ ကူညီေပးခ်င္ပါတယ္"လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚလာ ၆၀ ဘီလ်ံေက်ာ္ကူညီေထာက္ပံ့ေပးဖို႔ စီစဥ္ထားေပမယ့္
ေအာက္လႊတ္ေတာ္က ကန႔္ကြက္မႈေတြေၾကာင့္ ယူကရိန္းကို စစ္ေရးအကူညီေပးမယ့္ အစီအစဥ္ေတြက ေႏွာင့္ေႏွးေနေၾကာင္းသိရပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲစတင္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္ေရးအကူညီအျဖစ္ အေမရိကန္ေဒၚဘီလ်ံနဲ႔ခ်ီၿပီး ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္းသိရပါတယ္။ ယူကရိန္းသမၼတက အေမရိကန္ရဲ႕ကူညီေထာက္ပံ့ေပးမႈေႏွာင့္ေနးျခင္းေၾကာင့္ ယူကရိန္းပိုင္နက္ နဲ႔ ျပည္သူေတြရဲ႕ရွင္သန္ေနထိုင္မႈေတြဆုံးရႈံးလာခဲ့ေၾကာင္း ေျပာပါတယ္။

ယူကရိန္းသမၼတက အေမရိကန္ရဲ႕အကူအညီေတြသာ မရေတာ့ဘူးဆိုရင္ ယူကရိန္းဟာ ႐ုရွားကို စစ္ရႈံးမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားဟာ ယူကရိန္းပိုင္နက္နယ္ေျမ ၄ခုကို သိမ္းပိုက္ထားၿပီး ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြကို တုံ႔ျပန္ေနဆဲျဖစ္ ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.