လာမည့်ဇွန်လတွင် စစ်မှုထမ်းခြင်းတာဝန်ပြီးဆုံးတော့မည့် BTS အဖွဲ့ဝင် Jin

 1048

Pika (NP News) - မတ် ၂၁

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS အဖွဲ့ဝင်ဖြစ်သော Jin သည် လာမည့်ရက်ပေါင်း(၁၀ဝ)အတွင်း ၎င်း၏စစ်မှုထမ်းခြင်းတာဝန်မှ ပြီးဆုံးတော့မည်ဖြစ်ကြောင်းသိရသည်။

Jin သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် စတင်စစ်မှုထမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လေ့ကျင့်ရေးတပ်ကြပ်ကြီးအဖြစ်တာဝန် ထမ်းဆောင်နေကြောင်းသိရသည်။ Jin သည် လာမည့် ဇွန်လ (၁၂) ရက်နေ့တွင် ၎င်း၏စစ်မှုထမ်းခြင်း တာဝန်မှ ပြီးဆုံးမည်ဖြစ်သည်။ ယခင်က Jin သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် တပ်ကြပ်အဖြစ် ရာထူးတိုးရန် မျှော်လင့်ခဲ့သော်လည်း ၎င်း၏စံနမူနာပြ စွမ်းဆောင် ရည်များကြောင့် ရာထူးတိုးခြင်းမှာ မျှော်လင့်ထားသည့်အချိန်ထက် ပိုစောခဲ့ကြောင်းသိရသည်။ စစ်မှုထမ်း ဆောင်ချိန်အတွင်း Jin သည် ၎င်း၏စီနီယာနှင့် ဂျူနီယာများအတွက် အစားအသောက်များကို ပြင်ဆင် ပေးခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့သည်။

Jin အနေဖြင့် စစ်မှုထမ်းခြင်းတာဝန်ပြီးဆုံးပါက မည်သည့်အရာများကို ဆက်လက်လုပ်ဆောင်မည် ဆိုသည့် မျှော်လင့်ချက်များလည်း ပရိသတ်များကြားတွင် မြင့်တက်နေကြောင်းသိရသည်။ လက်ရှိအချိန်တွင် BTS အဖွဲ့ဝင် အားလုံးဖြစ်သော Jin၊ J-Hope၊ RM ၊ V Suga၊ ဂျောင်ကွတ်နှင့် ဂျီမင်တို့သည် စစ်မှုထမ်းဆောင်နေကြကြောင်းလည်း သိရသည်။

J-Hope သည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် စတင်စစ်မှုထမ်းခဲ့ပြီး Suga ကပြီးခဲ့သည့်နှစ်စက်တင်ဘာလ တွင် စတင်စစ်မှုထမ်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် RM ၊ V ဂျီမင်းနှင့် ဂျောင်ကွတ်တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စတင်စစ်မှုထမ်းခဲ့ခြင်းဖြစ်သည်။

zawgyi version
လာမည့္ဇြန္လတြင္ စစ္မႈထမ္းျခင္းတာဝန္ၿပီးဆုံးေတာ့မည့္ BTS အဖြဲ႕ဝင္ Jin
Pika (NP News) - မတ္ ၂၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS အဖြဲ႕ဝင္ျဖစ္ေသာ Jin သည္ လာမည့္ရက္ေပါင္း(၁၀ဝ)အတြင္း ၎၏စစ္မႈထမ္းျခင္းတာဝန္မွ ၿပီးဆုံးေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

Jin သည္ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ (၁၃) ရက္ေန႔တြင္ စတင္စစ္မႈထမ္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ေလ့က်င့္ေရးတပ္ၾကပ္ႀကီးအျဖစ္တာဝန္ ထမ္းေဆာင္ေနေၾကာင္းသိရသည္။ Jin သည္ လာမည့္ ဇြန္လ (၁၂) ရက္ေန႔တြင္ ၎၏စစ္မႈထမ္းျခင္း တာဝန္မွ ၿပီးဆုံးမည္ျဖစ္သည္။ ယခင္က Jin သည္ ၂၀၂၃ ခုႏွစ္ စက္တင္ဘာလ(၁)ရက္ေန႔တြင္ တပ္ၾကပ္အျဖစ္ ရာထူးတိုးရန္ ေမွ်ာ္လင့္ခဲ့ေသာ္လည္း ၎၏စံနမူနာျပ စြမ္းေဆာင္ ရည္မ်ားေၾကာင့္ ရာထူးတိုးျခင္းမွာ ေမွ်ာ္လင့္ထားသည့္အခ်ိန္ထက္ ပိုေစာခဲ့ေၾကာင္းသိရသည္။ စစ္မႈထမ္း ေဆာင္ခ်ိန္အတြင္း Jin သည္ ၎၏စီနီယာႏွင့္ ဂ်ဴနီယာမ်ားအတြက္ အစားအေသာက္မ်ားကို ျပင္ဆင္ ေပးခဲ့ေၾကာင္းလည္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

Jin အေနျဖင့္ စစ္မႈထမ္းျခင္းတာဝန္ၿပီးဆုံးပါက မည္သည့္အရာမ်ားကို ဆက္လက္လုပ္ေဆာင္မည္ ဆိုသည့္ ေမွ်ာ္လင့္ခ်က္မ်ားလည္း ပရိသတ္မ်ားၾကားတြင္ ျမင့္တက္ေနေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕ဝင္ အားလုံးျဖစ္ေသာ Jin၊ J-Hope၊ RM ၊ V Suga၊ ေဂ်ာင္ကြတ္ႏွင့္ ဂ်ီမင္တို႔သည္ စစ္မႈထမ္းေဆာင္ေနၾကေၾကာင္းလည္း သိရသည္။

J-Hope သည္ ၿပီးခဲ့သည့္ႏွစ္ ဧၿပီလတြင္ စတင္စစ္မႈထမ္းခဲ့ၿပီး Suga ကၿပီးခဲ့သည့္ႏွစ္စက္တင္ဘာလ တြင္ စတင္စစ္မႈထမ္းခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ RM ၊ V ဂ်ီမင္းႏွင့္ ေဂ်ာင္ကြတ္တို႔သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ စတင္စစ္မႈထမ္းခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.