အချိန်အခါမဟုတ်ရွာသည့်မိုးကြောင့် ၁၂ ဘီးကားတစ်စီး စလစ်ဖြစ်၍ ရေမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံး

 912

သန့်ဇင် (NP News) - မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ၁၂ ဘီးကားတစ်စီး စလစ် ဖြစ်၍ ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)ရုံးထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(မတ်လ ၂၁ ရက်) ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှောက်တဲ့ကားက ၁၂ ဘီးကားပါ။ မိုးရွာနေတာနဲ့ စလစ်ဖြစ်ပြီး ရေဆိုးမြောင်းထဲထိုးကျသွားတာ။ မနေ့ညက မိုးက ခဏပဲရွာပေမယ့် မိုးကြီးတယ်။ ကားပေါ်မှာက ယာဉ်မောင်းနဲ့ ယာဉ်အကူပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ် ရေးအဖွဲ့(မန္တလေးတိုင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ၁၂ ဘီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် အသက် (၄၀)နှစ်ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းကတော့ ပွဲချင်းပြီးဆုံးသွားပါတယ်။ ပြင်ပဒဏ်ရာအနေနဲ့ စီယာတိုင်နဲ့ညှပ်ပြီး ဆုံးသွားတာ။ ကျန်တဲ့ ယာဉ်အကူကတော့ ထိခိုက်ဒဏ်ရာတွေရပေမဲ့ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ထာဝရတွဲလက်များလူမှုကူညီရေးအသင်းနှင့် ထိခိုက်ဒဏ်ရာရ ရှိသူအမျိုးသားကို လောကပါလလူမှုကူညီရေးအသင်းတို့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်း သိရသည်။

Zawgyi Version;
အခ်ိန္အခါမဟုတ္႐ြာသည့္မိုးေၾကာင့္ ၁၂ ဘီးကားတစ္စီး စလစ္ျဖစ္၍ ေရေျမာင္းထဲထိုးက်တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္း ပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - မတ္ ၂၂

မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္တြင္ အခ်ိန္အခါမဟုတ္မိုး႐ြာသြန္းမႈေၾကာင့္ ၁၂ ဘီးကားတစ္စီး စလစ္ ျဖစ္၍ ေရေျမာင္းထဲသို႔ ထိုးက်တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္းပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း)႐ုံးထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(မတ္လ ၂၁ ရက္) ည ၈ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က အမရပူရၿမိဳ႕နယ္၊ ေဆာက္ေတာဝေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမွာက္တဲ့ကားက ၁၂ ဘီးကားပါ။ မိုး႐ြာေနတာနဲ႔ စလစ္ျဖစ္ၿပီး ေရဆိုးေျမာင္းထဲထိုးက်သြားတာ။ မေန႔ညက မိုးက ခဏပဲ႐ြာေပမယ့္ မိုးႀကီးတယ္။ ကားေပၚမွာက ယာဥ္ေမာင္းနဲ႔ ယာဥ္အကူပါတယ္” ဟု ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ ေရးအဖြဲ႕(မႏၲေလးတိုင္း႐ုံး) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ၁၂ ဘီးကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား(၂)ဦးအနက္ အသက္ (၄၀)ႏွစ္ဝန္းက်င္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ယာဥ္ေမာင္းကေတာ့ ပြဲခ်င္းၿပီးဆုံးသြားပါတယ္။ ျပင္ပဒဏ္ရာအေနနဲ႔ စီယာတိုင္နဲ႔ညႇပ္ၿပီး ဆုံးသြားတာ။ က်န္တဲ့ ယာဥ္အကူကေတာ့ ထိခိုက္ဒဏ္ရာေတြရေပမဲ့ မစိုးရိမ္ရပါဘူး” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ထာဝရတြဲလက္မ်ားလူမႈကူညီေရးအသင္းႏွင့္ ထိခိုက္ဒဏ္ရာရ ရွိသူအမ်ိဳးသားကို ေလာကပါလလူမႈကူညီေရးအသင္းတို႔က မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.