ကိုဗစ်အလွန်တွင် မလေးရှားနိုင်ငံ၌ တရုတ်ခရီးသွားများ ပြန်လည်တိုးမြင့်လာ

 238

ALynn (NP News) - မတ် ၂၂

မလေးရှားနိုင်ငံတွင် ကပ်ရောဂါကာလအတွင်း တရုတ်ခရီးသွားအရေအတွက် ကျဆင်းသွားသော်လည်း ယခုအခါ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာပြီး ဗီဇာကင်းလွတ်ခွင့်ပေးထားခြင်းကြောင့်လည်း ကပ်ရောဂါမတိုင်ခင် အနေအထားကို အမြန်ဆုံး ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

မလေးရှား ပြည်တွင်းခရီးသွားလုပ်ငန်းအသင်းဥက္ကဋ္ဌ Mint Leong ၏ ဖော်ပြချက်အရ ပြီးခဲ့သည့်နှစ်က ၄၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်၊ ဇန်နဝါရီလတွင် ခရီးသွား ၆၀၀,၀၀၀ ထိတိုးမြင့်လာပြီး ဖေဖော်ဝါရီလတွင် တရုတ်နှစ်သစ်ကူး ကြောင့် ၁၂၀,၀၀၀ ထိ ခရီးသွားအ‌ရေအတွက် မြင့်မားလာကြောင်းသိရသည်။

ယခုနှစ်တွင် တရုတ်ခရီးသွား လာရောက်လည်ပတ်မှု ၃ ဒသမ ၅ သန်းမှ ၄ ဒသမ ၅ သန်းအထိ ရှိလာမည်ဖြစ်ပြီး ၎င်းတို့၏ သုံးစွဲမှုသည် ပျမ်းမျှ မလေးရှားရင်းဂစ် ၅,၀၀၀ မှ ၆,၀၀၀ (ဒေါ်လာ ၁,၀၀၀ မှ ဒေါ်လာ ၁၂၀၀) ရှိမည်ဟု Leong က ခန့်မှန်းထားသည်။ ကပ်ရောဂါမဖြစ်မီက တရုတ်သည် စင်ကာပူနှင့် အင်ဒိုနီးရှားပြီးလျှင် တတိယမြောက် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက်သည့်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ၃ ဒသမ ၁ သန်း လာရောက် လည်ပတ်ခဲ့သည်။ မလေးရှားအစိုးရသည် ကပ်ရောဂါလွန်ကာလတွင် အရှေ့တောင်အာရှ၏ ပဉ္စမအကြီးဆုံး စီးပွားရေးအဖြစ် ပြန်လည်ထူထောင်ရေးအတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် မျှော်လင့်ထားပြီး ၂၀၂၄ ခုနှစ် တွင် တရုတ်ဧည့်သည် ၅ သန်းလာရောက်ရန် ရည်မှန်းထားသည်။

မလေးရှား၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တရားဝင် မျှော်မှန်းချက် များနှင့်အလှမ်းဝေးကာ ဒေသတွင်းအိမ်နီးချင်းများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့နောက်တွင် နောက်ကျ ကျန်နေခဲ့သည်။ ဒီဇင်ဘာလတွင် မလေးရှားသည် တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ဝင်ခွင့်ကို မိတ်ဆက်ခဲ့ပြီး ဧည့်သည်များကို ခရီးသွားခြင်းနှင့် အပန်းဖြေရန်အတွက် ရက်ပေါင်း ၃၀ အထိ နိုင်ငံအတွင်း နေထိုင် ခွင့်ပြုထားသည်။

ကွာလာလမ်ပူ တွင် ဟိုတယ်လုပ်ငန်းရှင်များသည် တရုတ်နှစ်သစ်ကူးကာလအတွင်း ကြိုတင်စာရင်းသွင်းမှုများ သိသိသာသာ တိုးတက်လာကြောင်းနှင့် ၎င်းတိုးတက်မှုနှုန်းသည် တစ်နှစ်ပတ်လုံး အားကောင်းနေ ဦးမည်ဟု ဖော်ပြခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ခန့်မှန်းခြေ ရင်းဂစ် ၂၅၁ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၅၃ ဘီလျံ) သို့မဟုတ် GDP ၏ ၁၄ ရာခိုင်နှုန်းရှိကြောင်း မလေးရှားနိုင်ငံ စာရင်းအင်းဌာနမှ သိရသည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် နိုင်ငံခြားခရီးသွားများ၏ စုစုပေါင်းအသုံးစရိတ်မှာ ရင်းဂစ် ၉၂ ဒသမ ၇ ဘီလျံ(ဒေါ်လာ ၁၉ ဒသမ ၆ ဘီလျံ) ရှိကြောင်း သိရသည်။

Zawgyi Version;
ကိုဗစ္အလြန္တြင္ မေလးရွားႏိုင္ငံ၌ တ႐ုတ္ခရီးသြားမ်ား ျပန္လည္တိုးျမင့္လာ
ALynn (NP News) - မတ္ ၂၂

မေလးရွားႏိုင္ငံတြင္ ကပ္ေရာဂါကာလအတြင္း တ႐ုတ္ခရီးသြားအေရအတြက္ က်ဆင္းသြားေသာ္လည္း ယခုအခါ အလုံးအရင္းျဖင့္ ျပန္လည္ဝင္ေရာက္လာၿပီး ဗီဇာကင္းလြတ္ခြင့္ေပးထားျခင္းေၾကာင့္လည္း ကပ္ေရာဂါမတိုင္ခင္ အေနအထားကို အျမန္ဆုံး ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။

မေလးရွား ျပည္တြင္းခရီးသြားလုပ္ငန္းအသင္းဥကၠ႒ Mint Leong ၏ ေဖာ္ျပခ်က္အရ ၿပီးခဲ့သည့္ႏွစ္က ၄၅,၀၀၀ ရွိခဲ့ရာမွ ယခုႏွစ္၊ ဇန္နဝါရီလတြင္ ခရီးသြား ၆၀၀,၀၀၀ ထိတိုးျမင့္လာၿပီး ေဖေဖာ္ဝါရီလတြင္ တ႐ုတ္ႏွစ္သစ္ကူး ေၾကာင့္ ၁၂၀,၀၀၀ ထိ ခရီးသြားအ‌ေရအတြက္ ျမင့္မားလာေၾကာင္းသိရသည္။

ယခုႏွစ္တြင္ တ႐ုတ္ခရီးသြား လာေရာက္လည္ပတ္မႈ ၃ ဒသမ ၅ သန္းမွ ၄ ဒသမ ၅ သန္းအထိ ရွိလာမည္ျဖစ္ၿပီး ၎တို႔၏ သုံးစြဲမႈသည္ ပ်မ္းမွ် မေလးရွားရင္းဂစ္ ၅,၀၀၀ မွ ၆,၀၀၀ (ေဒၚလာ ၁,၀၀၀ မွ ေဒၚလာ ၁၂၀၀) ရွိမည္ဟု Leong က ခန႔္မွန္းထားသည္။ ကပ္ေရာဂါမျဖစ္မီက တ႐ုတ္သည္ စင္ကာပူႏွင့္ အင္ဒိုနီးရွားၿပီးလွ်င္ တတိယေျမာက္ ကမာၻလွည့္ခရီးသြားမ်ား အမ်ားဆုံး လာေရာက္သည့္ႏိုင္ငံျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၃ ဒသမ ၁ သန္း လာေရာက္ လည္ပတ္ခဲ့သည္။ မေလးရွားအစိုးရသည္ ကပ္ေရာဂါလြန္ကာလတြင္ အေရွ႕ေတာင္အာရွ၏ ပၪၥမအႀကီးဆုံး စီးပြားေရးအျဖစ္ ျပန္လည္ထူေထာင္ေရးအတြက္ အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ရန္ ေမွ်ာ္လင့္ထားၿပီး ၂၀၂၄ ခုႏွစ္ တြင္ တ႐ုတ္ဧည့္သည္ ၅ သန္းလာေရာက္ရန္ ရည္မွန္းထားသည္။

မေလးရွား၏ စီးပြားေရးသည္ ၂၀၂၃ ခုႏွစ္တြင္ ၃ ဒသမ ၇ ရာခိုင္ႏႈန္းတိုးတက္ခဲ့ၿပီး တရားဝင္ ေမွ်ာ္မွန္းခ်က္ မ်ားႏွင့္အလွမ္းေဝးကာ ေဒသတြင္းအိမ္နီးခ်င္းမ်ားျဖစ္သည့္ အင္ဒိုနီးရွားႏွင့္ ဖိလစ္ပိုင္တို႔ေနာက္တြင္ ေနာက္က် က်န္ေနခဲ့သည္။ ဒီဇင္ဘာလတြင္ မေလးရွားသည္ တ႐ုတ္ႏိုင္ငံသားမ်ားအတြက္ ဗီဇာကင္းလြတ္ဝင္ခြင့္ကို မိတ္ဆက္ခဲ့ၿပီး ဧည့္သည္မ်ားကို ခရီးသြားျခင္းႏွင့္ အပန္းေျဖရန္အတြက္ ရက္ေပါင္း ၃၀ အထိ ႏိုင္ငံအတြင္း ေနထိုင္ ခြင့္ျပဳထားသည္။

ကြာလာလမ္ပူ တြင္ ဟိုတယ္လုပ္ငန္းရွင္မ်ားသည္ တ႐ုတ္ႏွစ္သစ္ကူးကာလအတြင္း ႀကိဳတင္စာရင္းသြင္းမႈမ်ား သိသိသာသာ တိုးတက္လာေၾကာင္းႏွင့္ ၎တိုးတက္မႈႏႈန္းသည္ တစ္ႏွစ္ပတ္လုံး အားေကာင္းေန ဦးမည္ဟု ေဖာ္ျပခဲ့ၾကသည္။

၂၀၂၂ ခုႏွစ္တြင္ မေလးရွားႏိုင္ငံ၏ ခရီးသြားလုပ္ငန္းက႑သည္ ခန႔္မွန္းေျခ ရင္းဂစ္ ၂၅၁ ဒသမ ၅ ဘီလ်ံ (ေဒၚလာ ၅၃ ဘီလ်ံ) သို႔မဟုတ္ GDP ၏ ၁၄ ရာခိုင္ႏႈန္းရွိေၾကာင္း မေလးရွားႏိုင္ငံ စာရင္းအင္းဌာနမွ သိရသည္။ ထို႔ျပင္ မေလးရွားႏိုင္ငံတြင္ ႏိုင္ငံျခားခရီးသြားမ်ား၏ စုစုေပါင္းအသုံးစရိတ္မွာ ရင္းဂစ္ ၉၂ ဒသမ ၇ ဘီလ်ံ(ေဒၚလာ ၁၉ ဒသမ ၆ ဘီလ်ံ) ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.