စင်ကာပူမှာ Monk’s Hill ဧရိယာရှိ ဘုရားကျောင်းအတွင်း ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှုဖြစ်ပွား

 724

ရောင်နီ (NP News) - မတ် ၂၃

စင်ကာပူနိုင်ငံမှာ မတ်လ ၂ဝ ရက်၊ ည ၁၁ နာရီခန့်က Monk’s Hill ဧရိယာရှိ ဘုရားကျောင်း အဆောက်အဦး အတွင်းမှာ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

သတင်းဌာနများမှ ဖော်ပြလာတဲ့ပုံရိပ်များအရ သစ်သားဗီဒို စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပျက်စီးနေတာကို တွေ့ခဲ့ ရပါတယ်။ ဒီဇင်ဘာလလယ်ကတည်းက မီးဖိုချောင်နံရံ အနည်းငယ် စူထွက်နေတာကို သတိပြုမိတာကြောင့် ဘုရားကျောင်းတာဝန်ရှိသူက အဆောက်အအုံပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကို အကြောင်းကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြန်လည်ပြုပြင်ဖို့နောက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဟာ အနံ့အသက်လည်း မရှိ၊ မီးခိုးငွေ့လည်း မတွေ့ခဲ့ရပဲ ဖုန်မှုန့်တွေသာရှိတာကြောင့် အန္တရာယ် ကြီးကြီးမားမား မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့စဉ်မှာလည်း အနီးတဝိုက် လူရှိမနေခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ Monk’s Hill ဧရိယာရွိ ဘုရားေက်ာင္းအတြင္း ဓာတ္ေငြ႕ယိုစိမ့္ ေပါက္ကြဲမႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၂၃

စင္ကာပူႏိုင္ငံမွာ မတ္လ ၂ဝ ရက္၊ ည ၁၁ နာရီခန္႔က Monk’s Hill ဧရိယာရွိ ဘုရားေက်ာင္း အေဆာက္အဦး အတြင္းမွာ ဓာတ္ေငြ႕ယိုစိမ့္ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။

သတင္းဌာနမ်ားမွ ေဖာ္ျပလာတဲ့ပုံရိပ္မ်ားအရ သစ္သားဗီဒို စတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြ ပ်က္စီးေနတာကို ေတြ႕ခဲ့ ရပါတယ္။ ဒီဇင္ဘာလလယ္ကတည္းက မီးဖိုေခ်ာင္နံရံ အနည္းငယ္ စူထြက္ေနတာကို သတိျပဳမိတာေၾကာင့္ ဘုရားေက်ာင္းတာဝန္ရွိသူက အေဆာက္အအုံျပဳျပင္ထိန္းသိမ္းေရးအဖြဲ႕ကို အေၾကာင္းၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ ျပန္လည္ျပဳျပင္ဖို႔ေနာက္က်သြားခဲ့တယ္လို႔ သိရပါတယ္။

ဓာတ္ေငြ႕ယိုစိမ့္မႈဟာ အနံ႔အသက္လည္း မရွိ၊ မီးခိုးေငြ႕လည္း မေတြ႕ခဲ့ရပဲ ဖုန္မႈန႔္ေတြသာရွိတာေၾကာင့္ အႏၲရာယ္ ႀကီးႀကီးမားမား မျဖစ္ႏိုင္ဘူးလို႔ ယူဆရပါတယ္။ ေပါက္ကြဲမႈ ျဖစ္ခဲ့စဥ္မွာလည္း အနီးတဝိုက္ လူရွိမေနခဲ့တာေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ မရွိဘူးလို႔ သိရပါတယ္။ ေပါက္ကြဲရတဲ့အေၾကာင္းရင္းကိုေတာ့ တာဝန္ရွိသူေတြက ဆက္လက္ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.