ဂါဇာစစ်ပွဲ အမြန်ဆုံးအပစ်ခတ်ရပ်စဲရန် အစ္စရေးကို အမေရိကန်အစိုးရ ဖိအားပေး

 526

ဂျန်ဇက် (NP News) - မတ် ၂၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်မှု မလုပ်ဆောင်ခင် ချက်ချင်းအပစ်ခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် အစ္စရေးနိုင်ငံကို ဖိအားပေးနေကြောင်းသိရသည်။

အမေရိကန်အစိုးရသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်မူကြမ်း တစ်ရပ် ထပ်မံတင်သွင်းရန် စီစဉ်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းထဲတွင် ပြန်ပေးဆွဲခံထားရသူများ ပြန်လည်လွတ်မြောက်စေရန်အတွက် အပစ်ခတ်ရပ်စဲရေး ချက်ချင်းရယူမည်ဆိုသောအချက်ကို ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ဆော်ဒီအာရေဗျ၊ အီဂျစ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးနောက် အစ္စရးနိုင်ငံကို ထပ်မံသွားရောက်ခဲ့ခြင်း ဖြစ်သည်။ဝန်ကြီးအန်တိုနီဘလီကန်သည် အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို ၆ ကြိမ်မြောက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေး သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန်အတွက် အစ္စရေးမောဆက်ထောက်လှမ်း ရေးအဖွဲ့တာဝန်ရှိသူများကို အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့နှင့် ဆွေးနွေးနိုင်ရန် ကာတာနိုင်ငံသို့ စေလွှတ် ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား သီတင်းပတ်ခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲနိုင်ရန်အတွက် အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် ၅ လကျော် ကြာမြင့်ခဲ့ပြီးနောက် အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများက ဖိအားပေးနေကြောင်း သိရသည်။

အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်ရန် လိုလားနေသော်လည်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လွှတ်မြောက်ရေးအတွက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အမေရိကန်အစိုးရက အစ္စရေးအနေဖြင့် ဂါဇာဒေသကို တိုက်ခိုက်ရာတွင် အရပ်သားများသေဆုံးမှုမရှိအောင် လုပ်ဆောင်ရန် တောင်းဆိုနေကြောင်း သိရသည်။

Zawgyi Version;
ဂါဇာစစ္ပြဲ အျမန္ဆုံးအပစ္ခတ္ရပ္စဲရန္ အစၥေရးကို အေမရိကန္အစိုးရ ဖိအားေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ မဲခြဲဆုံးျဖတ္မႈ မလုပ္ေဆာင္ခင္ ခ်က္ခ်င္းအပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္အတြက္ အစၥေရးႏိုင္ငံကို ဖိအားေပးေနေၾကာင္းသိရသည္။

အေမရိကန္အစိုးရသည္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ ဆုံးျဖတ္ခ်က္မူၾကမ္း တစ္ရပ္ ထပ္မံတင္သြင္းရန္ စီစဥ္ေနေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါ ဆုံးျဖတ္ခ်က္မူၾကမ္းထဲတြင္ ျပန္ေပးဆြဲခံထားရသူမ်ား ျပန္လည္လြတ္ေျမာက္ေစရန္အတြက္ အပစ္ခတ္ရပ္စဲေရး ခ်က္ခ်င္းရယူမည္ဆိုေသာအခ်က္ကို ေဖာ္ျပထားသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးသည္ ေဆာ္ဒီအာေရဗ်၊ အီဂ်စ္ႏိုင္ငံတို႔ကို သြားေရာက္ခဲ့ၿပီးေနာက္ အစၥရးႏိုင္ငံကို ထပ္မံသြားေရာက္ခဲ့ျခင္း ျဖစ္သည္။ဝန္ႀကီးအန္တိုနီဘလီကန္သည္ အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အစၥေရးႏိုင္ငံကို ၆ ႀကိမ္ေျမာက္ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အစၥေရး သည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ႏွင့္ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္အတြက္ အစၥေရးေမာဆက္ေထာက္လွမ္း ေရးအဖြဲ႕တာဝန္ရွိသူမ်ားကို အေမရိကန္၊ အီဂ်စ္၊ ကာတာႏိုင္ငံတို႔ႏွင့္ ေဆြးေႏြးႏိုင္ရန္ ကာတာႏိုင္ငံသို႔ ေစလႊတ္ ခဲ့ေၾကာင္း သိရသည္။

အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား သီတင္းပတ္ေျခာက္ပတ္ၾကာ အပစ္ခတ္ရပ္စဲႏိုင္ရန္အတြက္ အဓိကထားေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားေနသည့္ စစ္ပြဲသည္ ၅ လေက်ာ္ ၾကာျမင့္ခဲ့ၿပီးေနာက္ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားက ဖိအားေပးေနေၾကာင္း သိရသည္။

အစၥေရးသည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အၿပီးသတ္ေခ်မႈန္းႏိုင္ရန္ လိုလားေနေသာ္လည္း ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ဖမ္းဆီးထားသူမ်ား အျမန္ဆုံးျပန္လႊတ္ေျမာက္ေရးအတြက္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

အေမရိကန္အစိုးရက အစၥေရးအေနျဖင့္ ဂါဇာေဒသကို တိုက္ခိုက္ရာတြင္ အရပ္သားမ်ားေသဆုံးမႈမရွိေအာင္ လုပ္ေဆာင္ရန္ ေတာင္းဆိုေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.