အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နိုင်ငံအချုပ်အခြာအာဏာအခွင့်အရေးကို ကာကွယ်ရန် ကြိုးပမ်းမည်ဟု ဖိလစ်ပိုင်သမ္မတ ကတိပြု

 232

ဂျန်ဇက် (NP News) - မတ် ၂၃

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး နိုင်ငံအချုပ်အခြာအခွင့် အရေးကို ကာကွယ်နိုင်ရန် ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတဖာဒီနန်မာကိုစ့်ဂျူနီယာက ထုတ်ဖော် ပြောဆို လိုက်သည်။

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်က လက်ရှိဖြစ်ပွားနေသည့် ခြိမ်းခြောက်မှုများမှလွဲပြီး အခြားရည်ရွယ်ချက်မျိုးမရှိကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၅၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ နှင့် တိုက်ခိုက်မှုများဖြစ်လာလျှင် တစ်ခြားတစ်နိုင်ငံကို ကူညီပေးရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး ပိုင်နက်နယ်မြေအငြင်းပွားနေသော်လည်း တရုတ်နိုင်ငံ နှင့် စစ်ပွဲဖြစ်ပွားခြင်းကိုရှောင်ရှားမည်ဖြစ်ကြောင်း ပြောသည်။ ဖိလစ်ပိုင်သမ္မတ က " ကျွန်တော်တို့ ဟာ တရုတ်နိုင်ငံနဲ့ စစ်ပွဲဖြစ်လာမှာကို ရှောင်ရှားမှာပါ၊ကျွန်တော်တို့ဟာ နိုင်ငံအကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကိုသာ စဉ်းစားနေပါတယ်။ အငြင်းပွားမှုတွေအမြင့်ဆုံးဖြစ်လာစေဖို့ မရည်ရွယ်ဘူး" ဟု ပြောသည်။

သို့သော်လည်း ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများသည် ပြီးခဲ့သောနှစ်အတွင်း မြင့်တက်လာခဲ့ ကြောင်း သိရသည်။ ဖိလစ်ပိုင်သမ္မတ က "ကျွန်တော်တို့ဟာ စစ်ပွဲရှောင်ရှားမှာဖြစ်တယ်။ စစ်ပွဲရှောင်ရှားနိုင်အောင် အရာရာတိုင်းကို လုပ်ဆောင်သွားမယ်။ တင်းမာမှု ထပ်မံဖြစ်လာမယ့်အခြေနေတွေအပြင် စစ်ပွဲကိုရှောင်ရှားနိုင် အောင် မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ စေ့စပ်ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်မယ်" ဟု ပြောသည်။

အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံကို ကူညီထောက်ပံ့ပေးနေကြောင်း အကူအညီများရရှိရန်အတွက် အမေရိကန် နိုင်ငံအပေါ် အလွန်အကျွံမှီခိုနေခြင်းက အန္တရာယ်ရှိလာနိုင်ကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသည်။

တရုတ်စစ်သင်္ဘောများသည် ပြီးခဲ့သောသီတင်းပတ်အတွင်း တောင်တရုတ်ပင်လယ်အတွင်းတွင် ဖိလစ်ပိုင်ကမ်းခြေ စောင့်သင်္ဘောများကို တားဆီးမှုများထပ်မံဖြစ်လာခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။ တရုတ် နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၂၀၁၆ ခုနှစ်တွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ပိုင်နက်နယ်မြေ အငြင်းပွားခဲ့ပြီး နိုင်ငံတကာခုံရုံးကိုရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာခုံရုံးက ဖိလစ်ပိုင်ကိုအနိုင်ပေးခဲ့သော်လည်း တရုတ်နိုင်ငံက ငြင်းဆန်ပယ်ချထားပြီး တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ၎င်းတို့ပိုင်ဆိုင်သည်ဆိုသောအချက်ကို ဆက်လက်ကိုင်ဆွဲထားဆဲ ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး ႏိုင္ငံအခ်ဳပ္အျခာအာဏာအခြင့္အေရးကို ကာကြယ္ရန္ ႀကိဳးပမ္းမည္ဟု ဖိလစ္ပိုင္ သမၼတ ကတိျပဳ
ဂ်န္ဇက္ (NP News) - မတ္ ၂၃

ဖိလစ္ပိုင္ႏိုင္ငံအေနျဖင့္ အျငင္းပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ပတ္သက္ၿပီး ႏိုင္ငံအခ်ဳပ္အျခာအခြင့္ အေရးကို ကာကြယ္ႏိုင္ရန္ ပိုမိုႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သမၼတဖာဒီနန္မာကိုစ့္ဂ်ဴနီယာက ထုတ္ေဖာ္ ေျပာဆို လိုက္သည္။

အေမရိကန္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္က လက္ရွိျဖစ္ပြားေနသည့္ ၿခိမ္းေျခာက္မႈမ်ားမွလြဲၿပီး အျခားရည္႐ြယ္ခ်က္မ်ိဳးမရွိေၾကာင္း ဖိလစ္ပိုင္သမၼတက ေျပာသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ၁၉၅၁ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ ႏွင့္ တိုက္ခိုက္မႈမ်ားျဖစ္လာလွ်င္ တစ္ျခားတစ္ႏိုင္ငံကို ကူညီေပးရန္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားေၾကာင္း သိရသည္။

ဖိလစ္ပိုင္သမၼတက ေတာင္တ႐ုတ္ပင္လယ္ႏွင့္ပတ္သက္ၿပီး ပိုင္နက္နယ္ေျမအျငင္းပြားေနေသာ္လည္း တ႐ုတ္ႏိုင္ငံ ႏွင့္ စစ္ပြဲျဖစ္ပြားျခင္းကိုေရွာင္ရွားမည္ျဖစ္ေၾကာင္း ေျပာသည္။ ဖိလစ္ပိုင္သမၼတ က " ကြၽန္ေတာ္တို႔ ဟာ တ႐ုတ္ႏိုင္ငံနဲ႔ စစ္ပြဲျဖစ္လာမွာကို ေရွာင္ရွားမွာပါ၊ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံအက်ိဳးစီးပြားနဲ႔ ၿငိမ္းခ်မ္းေရးကိုသာ စဥ္းစားေနပါတယ္။ အျငင္းပြားမႈေတြအျမင့္ဆုံးျဖစ္လာေစဖို႔ မရည္႐ြယ္ဘူး" ဟု ေျပာသည္။

သို႔ေသာ္လည္း ဖိလစ္ပိုင္သမၼတက တ႐ုတ္ႏိုင္ငံ၏ ၿခိမ္းေျခာက္မႈမ်ားသည္ ၿပီးခဲ့ေသာႏွစ္အတြင္း ျမင့္တက္လာခဲ့ ေၾကာင္း သိရသည္။ ဖိလစ္ပိုင္သမၼတ က "ကြၽန္ေတာ္တို႔ဟာ စစ္ပြဲေရွာင္ရွားမွာျဖစ္တယ္။ စစ္ပြဲေရွာင္ရွားႏိုင္ေအာင္ အရာရာတိုင္းကို လုပ္ေဆာင္သြားမယ္။ တင္းမာမႈ ထပ္မံျဖစ္လာမယ့္အေျခေနေတြအျပင္ စစ္ပြဲကိုေရွာင္ရွားႏိုင္ ေအာင္ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္။ ေစ့စပ္ေဆြးေႏြးမႈေတြ ထပ္မံလုပ္ေဆာင္မယ္" ဟု ေျပာသည္။

အေမရိကန္ႏိုင္ငံသည္ ဖိလစ္ပိုင္ႏိုင္ငံကို ကူညီေထာက္ပံ့ေပးေနေၾကာင္း အကူအညီမ်ားရရွိရန္အတြက္ အေမရိကန္ ႏိုင္ငံအေပၚ အလြန္အကြၽံမွီခိုေနျခင္းက အႏၲရာယ္ရွိလာႏိုင္ေၾကာင္း ဖိလစ္ပိုင္သမၼတက ေျပာသည္။

တ႐ုတ္စစ္သေဘၤာမ်ားသည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ေတာင္တ႐ုတ္ပင္လယ္အတြင္းတြင္ ဖိလစ္ပိုင္ကမ္းေျခ ေစာင့္သေဘၤာမ်ားကို တားဆီးမႈမ်ားထပ္မံျဖစ္လာခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ဖူးသည္။ တ႐ုတ္ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ ၂၀၁၆ ခုႏွစ္တြင္ ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ပိုင္နက္နယ္ေျမ အျငင္းပြားခဲ့ၿပီး ႏိုင္ငံတကာခုံ႐ုံးကိုေရာက္ရွိခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံတကာခုံ႐ုံးက ဖိလစ္ပိုင္ကိုအႏိုင္ေပးခဲ့ေသာ္လည္း တ႐ုတ္ႏိုင္ငံက ျငင္းဆန္ပယ္ခ်ထားၿပီး ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ ပိုင္နက္နယ္ေျမအမ်ားစုကို ၎တို႔ပိုင္ဆိုင္သည္ဆိုေသာအခ်က္ကို ဆက္လက္ကိုင္ဆြဲထားဆဲ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.