ထိုးစစ်ဆင်မှုအသစ်အတွက် တပ်ဖွဲ့ဝင်(၁)သိန်းကို ရုရှားအစိုးရက ပြင်ဆင်နေကြောင်း ယူကရိန်းစစ်ဘက်ပြော

 1044

Pika (NP News) - မတ် ၂၃

ရုရှားအစိုးရသည် ယခုနွေရာသီတွင် ယူကရိန်းကို ထိုးစစ်ဆင်မှု အသစ်ပြု လုပ်ရန် သို့မဟုတ် ၎င်း၏တပ်ဖွဲ့များကို အင်အားပြန်လည်ဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင်(၁)သိန်းကို ပြင်ဆင်နေကြောင်း ယူကရိန်းမြေပြင်တပ်ဖွဲ့ တပ်မှူးက မတ်လ(၂၂)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

မကြာသေးမီအချိန်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ရုရှားတပ်ဖွဲ့များက ရှေ့သို့ ဆက်လက်ချီတက်လာခဲ့ပြီးနောက် ယူကရိန်းဒုဗိုလ်ချုပ်ကြီး Oleksandr Pavliuk က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Oleksandr Pavliuk က 'ရုရှားဟာ ဒီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာမျိုး မဟုတ်ဘဲ ဆုံးရှုံးသွားတဲ့ တပ်ဖွဲ့တွေကို အင်အားပြန်လည်ဖြည့်တင်းပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ရုရှားဟာ ယခုနွေရာ သီအစမှာ ထိုးစစ်ဆင်မှုအသစ်တွေကို လုပ်ဆောင်သွားဖို့အတွက် တပ်ဖွဲ့အချို့ကို ပြင်ဆင်ထားနိုင်တဲ့ အလားအလာတွေလည်းရှိနေပါတယ်”ဟုပြောဆိုခဲ့သည်။

ရုရှားနိုင်ငံသည် ယခုနှစ်ကုန်တွင် စစ်တပ်အသစ်နှစ်ရပ်နှင့် ဖွဲ့စည်းမှုအသစ် (၃၀)ကို ပေါင်းစည်းခြင်းဖြင့် ၎င်း၏စစ်တပ်ကို ပိုမိုအားကောင်းအောင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ယခုသီတင်းပတ်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများထံမှ နောက် ထပ်စစ်ရေးအကူအညီများ မရရှိမှုနှင့်အတူ ယူကရိန်းသည် ခဲယမ်းမီးကျည်ပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရကြောင်းလည်းသိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ပြီးခဲ့သည့်လတွင် အထက်လွှတ်တော်က ထောက်ခံခဲ့သော်လည်း အငြင်းပွားမှုများရှိခဲ့ပြီးနောက် အဆိုပါအစီအစဉ်အသစ်မှာ အောက်လွှတ်တော်တွင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်များသည် လက်ရှိအချိန်အထိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဥပဒေမူကြမ်းကို ထောက်ခံရန် ငြင်းဆိုထားကြောင်းလည်းသိရသည်။

zawgyi version
ထိုးစစ္ဆင္မႈအသစ္အတြက္ တပ္ဖြဲ႕ဝင္(၁)သိန္းကို ႐ုရွားအစိုးရက ျပင္ဆင္ေနေၾကာင္း ယူကရိန္းစစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၃

႐ုရွားအစိုးရသည္ ယခုေႏြရာသီတြင္ ယူကရိန္းကို ထိုးစစ္ဆင္မႈ အသစ္ျပဳ လုပ္ရန္ သို႔မဟုတ္ ၎၏တပ္ဖြဲ႕မ်ားကို အင္အားျပန္လည္ျဖည့္တင္းရန္အတြက္ တပ္ဖြဲ႕ဝင္(၁)သိန္းကို ျပင္ဆင္ေနေၾကာင္း ယူကရိန္းေျမျပင္တပ္ဖြဲ႕ တပ္မႉးက မတ္လ(၂၂)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

မၾကာေသးမီအခ်ိန္က ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းတြင္ ႐ုရွားတပ္ဖြဲ႕မ်ားက ေရွ႕သို႔ ဆက္လက္ခ်ီတက္လာခဲ့ၿပီးေနာက္ ယူကရိန္းဒုဗိုလ္ခ်ဳပ္ႀကီး Oleksandr Pavliuk က ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ Oleksandr Pavliuk က '႐ုရွားဟာ ဒီတပ္ဖြဲ႕ေတြကို ထိုးစစ္ဆင္မႈေတြ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတာမ်ိဳး မဟုတ္ဘဲ ဆုံးရႈံးသြားတဲ့ တပ္ဖြဲ႕ေတြကို အင္အားျပန္လည္ျဖည့္တင္းေပးဖို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့လည္း ႐ုရွားဟာ ယခုေႏြရာ သီအစမွာ ထိုးစစ္ဆင္မႈအသစ္ေတြကို လုပ္ေဆာင္သြားဖို႔အတြက္ တပ္ဖြဲ႕အခ်ိဳ႕ကို ျပင္ဆင္ထားႏိုင္တဲ့ အလားအလာေတြလည္းရွိေနပါတယ္”ဟုေျပာဆိုခဲ့သည္။

႐ုရွားႏိုင္ငံသည္ ယခုႏွစ္ကုန္တြင္ စစ္တပ္အသစ္ႏွစ္ရပ္ႏွင့္ ဖြဲ႕စည္းမႈအသစ္ (၃၀)ကို ေပါင္းစည္းျခင္းျဖင့္ ၎၏စစ္တပ္ကို ပိုမိုအားေကာင္းေအာင္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးက ယခုသီတင္းပတ္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားထံမွ ေနာက္ ထပ္စစ္ေရးအကူအညီမ်ား မရရွိမႈႏွင့္အတူ ယူကရိန္းသည္ ခဲယမ္းမီးက်ည္ျပတ္လပ္မႈမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္းလည္းသိရသည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္၏ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ကို ၿပီးခဲ့သည့္လတြင္ အထက္လႊတ္ေတာ္က ေထာက္ခံခဲ့ေသာ္လည္း အျငင္းပြားမႈမ်ားရွိခဲ့ၿပီးေနာက္ အဆိုပါအစီအစဥ္အသစ္မွာ ေအာက္လႊတ္ေတာ္တြင္ ရပ္တန႔္သြားခဲ့ေၾကာင္း သိရသည္။ ေအာက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္အမတ္မ်ားသည္ လက္ရွိအခ်ိန္အထိ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္၏ ဥပေဒမူၾကမ္းကို ေထာက္ခံရန္ ျငင္းဆိုထားေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.