အမေရိကန်၏အကူအညီမပါဘဲ ထိုင်ဝမ်ကျွန်းအနီးရှိ ကျွန်းများတွင် ဆိပ်ကမ်းတည် ဆောက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော

 1210

Pika (NP News) - မတ် ၂၃

ထိုင်ဝမ်ကျွန်းအနီးရှိ ဖိလစ်ပိုင်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြောက်ဘက်စွန်းရှိကျွန်းများတွင် ဆိပ်ကမ်းတည်ဆောက်ရေးမှာ အမေရိကန်စစ်တပ်ပါဝင်မည်မဟုတ်ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက မတ်လ(၂၂) ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဖိလစ်ပိုင်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးသည် ယခုကဲ့သို့ပြောဆိုခြင်းဖြင့် ဒေသတွင်းတွင် အမေရိကန်တည်ရှိမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် သဘောထားကွဲလွဲမှုများဖြစ်လာနိုင်သည့် အလားအလာများကို ဖယ်ရှားပစ်ခဲ့ကြောင်းသိရသည်။ အဆိုပါကျွန်းများပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခုတည်ဆောက်ရန်အတွက် အမေရိကန်နိုင်ငံထံမှ ရန်ပုံငွေရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း ထိုင်ဝမ်နှင့် ကီလိုမီတာ(၂၀၀)အကွာတွင်ရှိသည့် Batanes ကျွန်းစုများအုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပြောကြားခဲ့သည်။ အမေရိကန်သံတမန်များနှင့် US Army Pacific (USARPAC) ကျွမ်းကျင်ပညာရှင်များသည် အဆိုပါကျွန်းစုများအတွက် ပံ့ပိုးကူညီမှုများလုပ်ဆောင်ရန် ဒေသတွင်းအာဏာပိုင်များနှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်သံရုံးက အတည်ပြုပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူး Marilou Cayco က 'အစပိုင်းမှာတော့ အမေရိကန်က ကူညီမယ်ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့မရှိတော့ပါဘူး။ အဲဒါကြောင့် ကျွန်မ ဖိလစ်ပိုင်ဆိပ်ကမ်းအာဏာပိုင်(PPA)ကို အကူအညီတောင်းခဲ့ပါတယ်'ဟု ပြောဆိုခဲ့သည်။ အဆိုပါစီမံကိန်းသည် မုတ်သုံရာသီအတွင်း မနီလာမြို့မှ ကုန်စည်များသယ်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချက်ချင်းမှတ်ချက်ပေးမည်မဟုတ်ကြောင်း အမေရိကန်သံရုံးက မတ်လ(၂၂) ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

zawgyi vesion
အေမရိကန္၏အကူအညီမပါဘဲ ထိုင္ဝမ္ကြၽန္းအနီးရွိ ကြၽန္းမ်ားတြင္ ဆိပ္ ကမ္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရေျပာ
Pika (NP News) - မတ္ ၂၃

ထိုင္ဝမ္ကြၽန္းအနီးရွိ ဖိလစ္ပိုင္ႏိုင္ငံ၏ ေဝးလံေခါင္ဖ်ားေသာ ေျမာက္ဘက္စြန္းရွိကြၽန္းမ်ားတြင္ ဆိပ္ကမ္းတည္ေဆာက္ေရးမွာ အေမရိကန္စစ္တပ္ပါဝင္မည္မဟုတ္ေၾကာင္း ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမႉးက မတ္လ(၂၂) ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ဖိလစ္ပိုင္ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးသည္ ယခုကဲ့သို႔ေျပာဆိုျခင္းျဖင့္ ေဒသတြင္းတြင္ အေမရိကန္တည္ရွိမႈႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံႏွင့္ သေဘာထားကြဲလြဲမႈမ်ားျဖစ္လာႏိုင္သည့္ အလားအလာမ်ားကို ဖယ္ရွားပစ္ခဲ့ေၾကာင္းသိရသည္။ အဆိုပါကြၽန္းမ်ားေပၚတြင္ ဆိပ္ကမ္းအသစ္တစ္ခုတည္ေဆာက္ရန္အတြက္ အေမရိကန္ႏိုင္ငံထံမွ ရန္ပုံေငြရရွိႏိုင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ထိုင္ဝမ္ႏွင့္ ကီလိုမီတာ(၂၀၀)အကြာတြင္ရွိသည့္ Batanes ကြၽန္းစုမ်ားအုပ္ခ်ဳပ္ေရးမႉးက ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လတြင္ ေျပာၾကားခဲ့သည္။ အေမရိကန္သံတမန္မ်ားႏွင့္ US Army Pacific (USARPAC) ကြၽမ္းက်င္ပညာရွင္မ်ားသည္ အဆိုပါကြၽန္းစုမ်ားအတြက္ ပံ့ပိုးကူညီမႈမ်ားလုပ္ေဆာင္ရန္ ေဒသတြင္းအာဏာပိုင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း အေမရိကန္သံ႐ုံးက အတည္ျပဳေျပာၾကားခဲ့သည္။

အုပ္ခ်ဳပ္ေရးမႉး Marilou Cayco က 'အစပိုင္းမွာေတာ့ အေမရိကန္က ကူညီမယ္ေျပာခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူတို႔မရွိေတာ့ပါဘူး။ အဲဒါေၾကာင့္ ကြၽန္မ ဖိလစ္ပိုင္ဆိပ္ကမ္းအာဏာပိုင္(PPA)ကို အကူအညီေတာင္းခဲ့ပါတယ္'ဟု ေျပာဆိုခဲ့သည္။ အဆိုပါစီမံကိန္းသည္ မုတ္သုံရာသီအတြင္း မနီလာၿမိဳ႕မွ ကုန္စည္မ်ားသယ္ယူရာတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ခ်က္ခ်င္းမွတ္ခ်က္ေပးမည္မဟုတ္ေၾကာင္း အေမရိကန္သံ႐ုံးက မတ္လ(၂၂) ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.