ရုရှား၏ရေနံအခြေခံအဆောက်အဦးများကို တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်အစိုးရသတိပေး

 1586

Pika (NP News) - မတ် ၂၃

ရုရှား၏ရေနံအခြေခံအဆောက်အဦးများကို တိုက်ခိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများကို မြင့်တက်လာစေနိုင်သည်ဟု ယူကရိန်းစစ်တပ် တပ်မှူးများကို အမေရိကန်အရာရှိများက အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ကြောင်း Financial Times သတင်းစာက မတ်လ(၂၂)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ရုရှား၏ ရေနံသန့်စင်ရေး စက်ရုံများနှင့် အခြားရေနံအခြေခံအဆောက်အဦးများအပေါ် ယူကရိန်း၏ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အမေရိကန်အစိုးရက တစ်ဖြည်းဖြည်း စိတ်ပျက်လာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းများ (၁၅)ရာခိုင်နှုန်းနီးပါးမြင့်တက်လာမှုနှင့်အတူ သမ္မတဂျိုးဘိုင်ဒန်သည် ယခုနှစ်တွင် ယှဉ်ပြိုင်မှုပြင်းထန်သည့် ရွေးကောက်ပွဲနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ မကျင်းပမီ လအနည်းငယ်အလိုတွင် ယခုကဲ့သို့ သတိပေးပြောဆိုမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ စွမ်းအင်အကြံပေးဟောင်း Bob McNally က 'ရွေးကောက်ပွဲနှစ်အတွင်းမှာ လက်ရှိအမေရိကန်သမ္မတအတွက် လောင်စာဆီဈေးနှုန်းတွေတက်တာထက် ပိုပြီးကြောက်ဖို့ကောင်းတဲ့အရာ မရှိပါဘူး'ဟု ပြောဆိုခဲ့သည်။

ရုရှား၏ရေနံအခြေခံအဆောက်အဦးများကို မကြာသေးမီက တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) နှင့် စစ်ထောက်လှမ်းရေး (GUR) တို့ရှိနေကြောင်း Financial Times သတင်းစာကဖော်ပြခဲ့သည်။ အမေရိကန်အစိုးရ၏ သတိပေးပြောဆိုမှုများကို အဆိုပါအေဂျင်စီများ၏ အကြီးတန်းအရာရှိများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ယူကရိန်းအတွက် အဆိုပြုထားသော အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ အကူအညီကို အတည်ပြုပေးရန်အတွက် အမေရိကန်ကိုဖိအားပေးနိုင်ရန် ယူကရိန်းအစိုးရက ရုရှား၏ရေနံအခြေခံအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အချို့သတင်းရင်းမြစ်များက အကြံပြုပြောဆိုခဲ့သည်။

zawgyi version
႐ုရွား၏ေရနံအေျခခံအေဆာက္အဦးမ်ားကို တိုက္ခိုက္ေနျခင္းအား ရပ္တန႔္ရန္ ယူကရိန္းကို အေမရိကန္အစိုးရသတိေပး
Pika (NP News) - မတ္ ၂၃

႐ုရွား၏ေရနံအေျခခံအေဆာက္အဦးမ်ားကို တိုက္ခိုက္ျခင္းသည္ ကမာၻလုံးဆိုင္ရာ စြမ္းအင္ေဈးႏႈန္းမ်ားကို ျမင့္တက္လာေစႏိုင္သည္ဟု ယူကရိန္းစစ္တပ္ တပ္မႉးမ်ားကို အေမရိကန္အရာရွိမ်ားက အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့ေၾကာင္း Financial Times သတင္းစာက မတ္လ(၂၂)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။

႐ုရွား၏ ေရနံသန႔္စင္ေရး စက္႐ုံမ်ားႏွင့္ အျခားေရနံအေျခခံအေဆာက္အဦးမ်ားအေပၚ ယူကရိန္း၏ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈမ်ားကို အေမရိကန္အစိုးရက တစ္ျဖည္းျဖည္း စိတ္ပ်က္လာေနၿပီျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး Financial Times သတင္းစာက ေဖာ္ျပခဲ့သည္။ အေမရိကန္ႏိုင္ငံတြင္ ယခုႏွစ္အတြင္း ေလာင္စာဆီေဈးႏႈန္းမ်ား (၁၅)ရာခိုင္ႏႈန္းနီးပါးျမင့္တက္လာမႈႏွင့္အတူ သမၼတဂ်ိဳးဘိုင္ဒန္သည္ ယခုႏွစ္တြင္ ယွဥ္ၿပိဳင္မႈျပင္းထန္သည့္ ေ႐ြးေကာက္ပြဲႏွင့္ ရင္ဆိုင္ေနရသည္။

အေမရိကန္ႏိုင္ငံတြင္ သမၼတေ႐ြးေကာက္ပြဲ မက်င္းပမီ လအနည္းငယ္အလိုတြင္ ယခုကဲ့သို႔ သတိေပးေျပာဆိုမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္အစိုးရ၏ စြမ္းအင္အႀကံေပးေဟာင္း Bob McNally က 'ေ႐ြးေကာက္ပြဲႏွစ္အတြင္းမွာ လက္ရွိအေမရိကန္သမၼတအတြက္ ေလာင္စာဆီေဈးႏႈန္းေတြတက္တာထက္ ပိုၿပီးေၾကာက္ဖို႔ေကာင္းတဲ့အရာ မရွိပါဘူး'ဟု ေျပာဆိုခဲ့သည္။

႐ုရွား၏ေရနံအေျခခံအေဆာက္အဦးမ်ားကို မၾကာေသးမီက တိုက္ခိုက္မႈမ်ား၏ ေနာက္ကြယ္တြင္ ယူကရိန္းလုံၿခဳံေရးဝန္ေဆာင္မႈ (SBU) ႏွင့္ စစ္ေထာက္လွမ္းေရး (GUR) တို႔ရွိေနေၾကာင္း Financial Times သတင္းစာကေဖာ္ျပခဲ့သည္။ အေမရိကန္အစိုးရ၏ သတိေပးေျပာဆိုမႈမ်ားကို အဆိုပါေအဂ်င္စီမ်ား၏ အႀကီးတန္းအရာရွိမ်ားထံသို႔ တိုက္႐ိုက္ေပးပို႔ခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။ ယူကရိန္းအတြက္ အဆိုျပဳထားေသာ အေမရိကန္ေဒၚလာ(၆၀)ဘီလ်ံ အကူအညီကို အတည္ျပဳေပးရန္အတြက္ အေမရိကန္ကိုဖိအားေပးႏိုင္ရန္ ယူကရိန္းအစိုးရက ႐ုရွား၏ေရနံအေျခခံအေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း အခ်ိဳ႕သတင္းရင္းျမစ္မ်ားက အႀကံျပဳေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.