တရုတ်ကမ်းခြေစောင့်သင်္ဘောများက ၎င်း၏ထောက်ပံ့ရေးသင်္ဘောကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရစွပ်စွဲပြောဆို

 283

Pika (NP News) - မတ် ၂၃

တောင်တရုတ်ပင်လယ်အတွင်းရှိ သန္တာကျောက်တန်းတစ်ခုအနီးမှာ မတ်လ(၂၃)ရက်၊ နံနက်ပိုင်းတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောက ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောကို တားဆီးကာ မီးသတ်ပိုက်ဖြင့်ထိုးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။

တစ်နာရီနီးပါးကြာမြင့်ခဲ့သော အဆိုပါဖြစ်ရပ်သည် Second Thomas Shoal ကျွန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်ကပြောကြားခဲ့သည်။ အဖြူရောင်သင်္ဘောတစ်စင်းသည် အနီးရှိ အခြားသင်္ဘောတစ်စီးကို မီးသတ်ပိုက်ဖြင့်ထိုးနေသည့် ဗီဒီယိုဖိုင်ကို ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။ အခြားဗီဒီယိုဖိုင်တစ်ခုတွင် အဖြူရောင်သင်္ဘောနှစ်စီးသည် အခြားသင်္ဘောတစ်စီးကို မီးသတ်ပိုက်ဖြင့် ထိုးနေသည်ကို တွေ့မြင်ခဲ့ရသည်။ ဖိလစ်ပိုင်စစ်တပ်က 'တရုတ်ကမ်းခြေစောင့်သင်္ဘောတွေက မီးသတ်ပိုက်နဲ့ထိုးခဲ့တာကြောင့် UM4 ထောက်ပံ့ရေးသင်္ဘောမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်'ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက် အလက် သို့မဟုတ် လူသေဆုံးမှု ရှိ/မရှိဆိုသည့်အချက်တို့ကို ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။တိုက်ခိုက်ခံရမှုများရှိခဲ့သော်လည်း ထိခိုက်ပျက်စီးခဲ့သော သင်္ဘောနှင့် လိုက်ပါစောင့်ကြပ်ပေးသော ကမ်းခြေစောင့်သင်္ဘောတို့သည် ဖိလစ်ပိုင်ရေတပ်အမှုထမ်း(၆)ဦးနှင့် ကုန်စည်များကို တပ်စွဲထားသော ကျွန်းများဆီသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း စစ်တပ်ကပြောကြားခဲ့သည်။

zawgyi version
တ႐ုတ္ကမ္းေျခေစာင့္သေဘၤာမ်ားက ၎၏ေထာက္ပံ့ေရးသေဘၤာကို မီးသတ္ပိုက္ျဖင့္ထိုးခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရစြပ္စြဲေျပာဆို
Pika (NP News) - မတ္ ၂၃

ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ သႏၲာေက်ာက္တန္းတစ္ခုအနီးမွာ မတ္လ(၂၃)ရက္၊ နံနက္ပိုင္းတြင္ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာက ဖိလစ္ပိုင္ေထာက္ပံ့ေရးသေဘၤာကို တားဆီးကာ မီးသတ္ပိုက္ျဖင့္ထိုးခဲ့ေၾကာင္း ဖိလစ္ပိုင္အစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။

တစ္နာရီနီးပါးၾကာျမင့္ခဲ့ေသာ အဆိုပါျဖစ္ရပ္သည္ Second Thomas Shoal ကြၽန္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဖိလစ္ပိုင္စစ္တပ္ကေျပာၾကားခဲ့သည္။ အျဖဴေရာင္သေဘၤာတစ္စင္းသည္ အနီးရွိ အျခားသေဘၤာတစ္စီးကို မီးသတ္ပိုက္ျဖင့္ထိုးေနသည့္ ဗီဒီယိုဖိုင္ကို ဖိလစ္ပိုင္စစ္တပ္က ထုတ္ျပန္ခဲ့ေၾကာင္းလည္းသိရသည္။ အျခားဗီဒီယိုဖိုင္တစ္ခုတြင္ အျဖဴေရာင္သေဘၤာႏွစ္စီးသည္ အျခားသေဘၤာတစ္စီးကို မီးသတ္ပိုက္ျဖင့္ ထိုးေနသည္ကို ေတြ႕ျမင္ခဲ့ရသည္။ ဖိလစ္ပိုင္စစ္တပ္က 'တ႐ုတ္ကမ္းေျခေစာင့္သေဘၤာေတြက မီးသတ္ပိုက္နဲ႔ထိုးခဲ့တာေၾကာင့္ UM4 ေထာက္ပံ့ေရးသေဘၤာမွာ ထိခိုက္ပ်က္စီးမႈေတြရွိခဲ့ပါတယ္'ဟု ေျပာဆိုခဲ့သည္။

သို႔ေသာ္လည္း ထိခိုက္ပ်က္စီးမႈႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္ အလက္ သို႔မဟုတ္ လူေသဆုံးမႈ ရွိ/မရွိဆိုသည့္အခ်က္တို႔ကို ဖိလစ္ပိုင္စစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။တိုက္ခိုက္ခံရမႈမ်ားရွိခဲ့ေသာ္လည္း ထိခိုက္ပ်က္စီးခဲ့ေသာ သေဘၤာႏွင့္ လိုက္ပါေစာင့္ၾကပ္ေပးေသာ ကမ္းေျခေစာင့္သေဘၤာတို႔သည္ ဖိလစ္ပိုင္ေရတပ္အမႈထမ္း(၆)ဦးႏွင့္ ကုန္စည္မ်ားကို တပ္စြဲထားေသာ ကြၽန္းမ်ားဆီသို႔ ဆက္လက္ပို႔ေဆာင္ခဲ့ေၾကာင္း စစ္တပ္ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.