မလေးရှားမှာ ကောလိပ်ကျောင်းသားတစ်ဦးကို ဖုန်းအားသွင်းကြိုးနဲ့ သေအောင်ရိုက်နှက်မှုဖြစ်ပွား

 1289

ရောင်နီ(NP News) - မတ် ၂၃

မလေးရှားနိုင်ငံ လာဟတ်ဒါတူမြို့ရှိ သက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုမှာ နားလည်မှုလွဲမှားရာမှ ရန်ပွဲအဖြစ် ပြောင်းလဲသွားပြီး ကျာင်းသားတစ်ဦး စမတ်ဖုန်း အားသွင်းကြိုးနဲ့ သေတဲ့ထိ ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါကျောင်းသားဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး မတ်လ ၂၂ ရက်၊ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်က တည်းခိုဆောင်တစ်ခုအတွင်းမှာ ဒဏ်ရာတွေနဲ့ သတိလစ်နေခဲ့တာပါ။ ၎င်းကို လာဟတ်ဒါတူ ရဲတပ်ဖွဲ့ (AC) ကောလိပ် ဒါရိုက်တာထံမှ အစီရင်ခံစာ ရရှိလာပြီးနောက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတဲ့ ဆေးဘက်ဆိုင်ရာ အရာရှိတွေရဲ့ စစ်ဆေးချက်အရ ကျောင်းသားဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရှိနေပြီး ၎င်းဟာ ကျောင်း သားအချင်းချင်း နားလည်မှုလွဲမှားခြင်းမှ ဒီလိုအဖြစ်မျိုး ဖြစ်ရခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ကောက်ချက်ချထားပါတယ်။

အခုအချိန်မှာတော့ ရဲတပ်ဖွဲ့ဟာ အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား ကျောင်းသား ၁၃ ဦးကို သံသယနဲ့ ဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

zawgyi version
မေလးရွားမွာ ေကာလိပ္ေက်ာင္းသားတစ္ဦးကို ဖုန္းအားသြင္းႀကိဳးနဲ႔ ေသေအာင္႐ိုက္ႏွက္မႈျဖစ္ပြား
ေရာင္နီ(NP News) - မတ္ ၂၃

မေလးရွားႏိုင္ငံ လာဟတ္ဒါတူၿမိဳ႕ရွိ သက္ေမြးဝမ္းေက်ာင္း ေကာလိပ္တစ္ခုမွာ နားလည္မႈလြဲမွားရာမွ ရန္ပြဲအျဖစ္ ေျပာင္းလဲသြားၿပီး က်ာင္းသားတစ္ဦး စမတ္ဖုန္း အားသြင္းႀကိဳးနဲ႔ ေသတဲ့ထိ ႐ိုက္ႏွက္ခံခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါေက်ာင္းသားဟာ အသက္ ၁၇ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး မတ္လ ၂၂ ရက္၊ နံနက္ ၆ နာရီ ၅၀ မိနစ္ခန႔္က တည္းခိုေဆာင္တစ္ခုအတြင္းမွာ ဒဏ္ရာေတြနဲ႔ သတိလစ္ေနခဲ့တာပါ။ ၎ကို လာဟတ္ဒါတူ ရဲတပ္ဖြဲ႕ (AC) ေကာလိပ္ ဒါ႐ိုက္တာထံမွ အစီရင္ခံစာ ရရွိလာၿပီးေနာက္ သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိလာတဲ့ ေဆးဘက္ဆိုင္ရာ အရာရွိေတြရဲ႕ စစ္ေဆးခ်က္အရ ေက်ာင္းသားဟာ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးသူရဲ႕ ခႏၶာကိုယ္မွာ ပြန္းပဲ့ဒဏ္ရာေတြ ရွိေနၿပီး ၎ဟာ ေက်ာင္း သားအခ်င္းခ်င္း နားလည္မႈလြဲမွားျခင္းမွ ဒီလိုအျဖစ္မ်ိဳး ျဖစ္ရျခင္း ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေကာက္ခ်က္ခ်ထားပါတယ္။

အခုအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕ဟာ အသက္ ၁၆ ႏွစ္မွ ၁၉ ႏွစ္ၾကား ေက်ာင္းသား ၁၃ ဦးကို သံသယနဲ႔ ဖမ္းဆီးထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.