ကင်ဆာရောဂါခံစားနေရသည့် ဝေလမင်းသမီး Kate Middleton

 1116

ALynn (NP News) - မတ် ၂၃

ဝေလမင်းသမီး Kate Middleton က သူမသည် ဇန်နဝါရီလအတွင်းက ဝမ်းဗိုက်ခွဲစိတ် ကုသမှုခံယူပြီးနောက် ယခုအခါကင်ဆာကုသမှုခံယူနေရကြောင်း မတ် ၂၂ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

မတ်လ ၂၀ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို သောကြာနေ့မှာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ Kate ၏ ဗီဒီယိုသတင်းစကားတွင် သူမသည် ခွဲစိတ်မှုခံယူပြီးနောက် ကင်ဆာရောဂါ (အမျိုးအမည်မဖော်ပြထားသော) ခံစားနေရကြောင်းသိရှိခဲ့ပြီး သူမ၏ ကုသမှုအတွက် ကိုယ်ပိုင်သီးသန့်အချိန်နှင့် နေရာလို အပ်ပြီး သူမသည်တစ်နေ့တစ်နေ့ ပြန်လည်ကောင်းမွန်ရေးလှုပ်ရှားမှုများကိုဆောင်ရွက်လျက်ရှိကာ ကျန်းကျန်းမာမာရှိနေပါကြောင်း ဖော်ပြထားသည်။

ထီးနန်းအုပ်စိုးနေသည်မှာ ၁၇ လကြာပြီဖြစ်သော ချားလ်စ်ဘုရင်သည် ၎င်း၏ချွေးမဖြစ်သူ Kate အနေဖြင့် ယခုလို သူမ၏ အခြေ အနေများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရဲသည့် သတ္တိများကို ချီးကျူးခဲ့သည်။ Kate ၏ အစ်ကိုဖြစ်သူ James Middleton ကလည်း ဆိုရှယ်မီဒီယာတွင် ၎င်းတို့ မောင်နှမဓာတ်ပုံများကို ဝေမျှပြီး “ငါတို့တွေက အခက်အခဲများစွာကို အတူတကွ ကျော်ဖြတ်ဖူးတာပဲ။ ဒီတစ်ခါလည်း မိသားစုနဲ့အတူ ကျော်ဖြတ်ကြတာပေါ့”ဟု ရေးသားထားသည်။

မင်းသား Harry နှင့် ၎င်း၏ ကြင်ယာတော် Meghan Markle တို့ကလည်း “Kate အမြန်ဆုံးနေကောင်း ကျန်းမာလာဖို့ဆုတောင်းနေပြီး အေးအေးချမ်းချမ်းကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ပါ ကြောင်း” သတင်းစကားထုတ်ပြန်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကလည်း “ဝေလ မင်းသမီးလေးသည် နိုင်ငံတစ်ဝန်းက ပို့သတဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ပြန်လည်နေကောင်း ကျန်းမာလာမည်ဖြစ်ကြောင်း၊ သူမ၏ သတ္တိရှိရှိ ထုတ်ဖော်ပြောကြားခဲ့ခြင်းအပေါ်လည်း ချီးကျူး လေးစားကြောင်း၊ သူမ၏ ကျန်းမာ‌ရေးအခြေအနေကြောင့် တတ်နိုင်သမျှ ကိုယ်ပိုင်သီးသန့်အချိန် များဖြင့် ကုစားနိုင်ရန် ဝိုင်းဝန်းဖေးမပေးစေလိုကြောင်း” ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း “သူမ၏ သတင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိကြောင်း” အိမ်ဖြူတော်က သတင်းစကားထုတ်ပြန်ခဲ့သည်။

Kate သည် ၂၀၂၃ ခုနှစ်၊ ခရစ်စမတ်ကာလ ကတည်းက လူမြင် ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေသည့်အတွက် ကောလာဟလများစွာလည်းထွက်ပေါ်ခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ ဗီဒီယိုသတင်းစကားဖြင့် သူမ၏ အခြေအနေမှန်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်းဖြစ်နိုင်သည်။

zawgyi version
ကင္ဆာေရာဂါခံစားေနရသည့္ ေဝလမင္းသမီး Kate Middleton
ALynn (NP News) - မတ္ ၂၃

ေဝလမင္းသမီး Kate Middleton က သူမသည္ ဇန္နဝါရီလအတြင္းက ဝမ္းဗိုက္ခြဲစိတ္ ကုသမႈခံယူၿပီးေနာက္ ယခုအခါကင္ဆာကုသမႈခံယူေနရေၾကာင္း မတ္ ၂၂ ရက္တြင္ ထုတ္ေဖာ္ ေျပာၾကားခဲ့သည္။

မတ္လ ၂၀ ရက္က ႐ိုက္ကူးထားေသာ ဗီဒီယိုမွတ္တမ္းကို ေသာၾကာေန႔မွာ ထုတ္လႊင့္ခဲ့ျခင္းျဖစ္သည္။ Kate ၏ ဗီဒီယိုသတင္းစကားတြင္ သူမသည္ ခြဲစိတ္မႈခံယူၿပီးေနာက္ ကင္ဆာေရာဂါ (အမ်ိဳးအမည္မေဖာ္ျပထားေသာ) ခံစားေနရေၾကာင္းသိရွိခဲ့ၿပီး သူမ၏ ကုသမႈအတြက္ ကိုယ္ပိုင္သီးသန႔္အခ်ိန္ႏွင့္ ေနရာလို အပ္ၿပီး သူမသည္တစ္ေန႔တစ္ေန႔ ျပန္လည္ေကာင္းမြန္ေရးလႈပ္ရွားမႈမ်ားကိုေဆာင္႐ြက္လ်က္ရွိကာ က်န္းက်န္းမာမာရွိေနပါေၾကာင္း ေဖာ္ျပထားသည္။

ထီးနန္းအုပ္စိုးေနသည္မွာ ၁၇ လၾကာၿပီျဖစ္ေသာ ခ်ားလ္စ္ဘုရင္သည္ ၎၏ေခြၽးမျဖစ္သူ Kate အေနျဖင့္ ယခုလို သူမ၏ အေျခ အေနမ်ားကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ရဲသည့္ သတၱိမ်ားကို ခ်ီးက်ဴးခဲ့သည္။ Kate ၏ အစ္ကိုျဖစ္သူ James Middleton ကလည္း ဆိုရွယ္မီဒီယာတြင္ ၎တို႔ ေမာင္ႏွမဓာတ္ပုံမ်ားကို ေဝမွ်ၿပီး “ငါတို႔ေတြက အခက္အခဲမ်ားစြာကို အတူတကြ ေက်ာ္ျဖတ္ဖူးတာပဲ။ ဒီတစ္ခါလည္း မိသားစုနဲ႔အတူ ေက်ာ္ျဖတ္ၾကတာေပါ့”ဟု ေရးသားထားသည္။

မင္းသား Harry ႏွင့္ ၎၏ ၾကင္ယာေတာ္ Meghan Markle တို႔ကလည္း “Kate အျမန္ဆုံးေနေကာင္း က်န္းမာလာဖို႔ဆုေတာင္းေနၿပီး ေအးေအးခ်မ္းခ်မ္းေက်ာ္ျဖတ္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါ ေၾကာင္း” သတင္းစကားထုတ္ျပန္ခဲ့သည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Rishi Sunak ကလည္း “ေဝလ မင္းသမီးေလးသည္ ႏိုင္ငံတစ္ဝန္းက ပို႔သတဲ့ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ျပန္လည္ေနေကာင္း က်န္းမာလာမည္ျဖစ္ေၾကာင္း၊ သူမ၏ သတၱိရွိရွိ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းအေပၚလည္း ခ်ီးက်ဴး ေလးစားေၾကာင္း၊ သူမ၏ က်န္းမာ‌ေရးအေျခအေနေၾကာင့္ တတ္ႏိုင္သမွ် ကိုယ္ပိုင္သီးသန႔္အခ်ိန္ မ်ားျဖင့္ ကုစားႏိုင္ရန္ ဝိုင္းဝန္းေဖးမေပးေစလိုေၾကာင္း” ေျပာၾကားခဲ့သည္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကလည္း “သူမ၏ သတင္းအတြက္ အလြန္အမင္း စိတ္မေကာင္းျဖစ္မိေၾကာင္း” အိမ္ျဖဴေတာ္က သတင္းစကားထုတ္ျပန္ခဲ့သည္။

Kate သည္ ၂၀၂၃ ခုႏွစ္၊ ခရစ္စမတ္ကာလ ကတည္းက လူျမင္ ကြင္းမွ ေပ်ာက္ကြယ္သြားသည္မွာ ၾကာျမင့္ေနသည့္အတြက္ ေကာလာဟလမ်ားစြာလည္းထြက္ေပၚခဲ့သည္။ ထို႔ေၾကာင့္လည္း ယခုကဲ့သို႔ ဗီဒီယိုသတင္းစကားျဖင့္ သူမ၏ အေျခအေနမွန္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းလည္းျဖစ္ႏိုင္သည္။

Related news

© 2021. All rights reserved.