ရုရှားနိုင်ငံရှိ ဖျော်ဖြေရေးစင်တာတစ်ခုကို ISIS အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ(၁၀၀)နီးပါးသေဆုံး

 1444

Pika (NP News) - မတ် ၂၃

ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ Crocus City Hall ဖျော်ဖြေရေးစင်တာတွင် မတ်လ(၂၂)ရက်က ISIS အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုများကြောင့် လူ(၁၀၀)နီးပါးသေဆုံးခဲ့ပြီး အခြားလူ(၁၄၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအာဏာပိုင်များကပြောကြားခဲ့သည်။

ISIS အကြမ်းဖက်အဖွဲ့က 'ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေဟာ မော်စကိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ဖျော်ဖြေရေးစင်တာတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်”ဟု တယ်လီဂရမ်ပလက်ဖောင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ရော့ခ်ဂီတဖျော်ဖြေပွဲတစ်ခုကို သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖျော်ဖြေရေးစင်တာအတွင်း မီးလောင်ကျွမ်းမှုများကို မီးသတ်သမားများက ထိန်းချုပ်နိုင်ခဲ့ကြောင်း ရုရှားမြို့တော်ဝန်နှင့် ရုရှားသတင်းအေဂျင်စီများက ပြောကြားခဲ့သည်။ သေနတ်သမားများသည် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ခတ်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး လက်ပစ်ဗုံး သို့မဟုတ် မီးလောင်စေသော ဗုံးများကို ပစ်ချခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် RIA Novosti သတင်းဌာနမှ သတင်း ထောက်တစ်ဦးကပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းထောက်က 'ဖျော်ဖြေရေးစင်တာအတွင်းမှာ ရှိနေတဲ့လူတွေဟာ သေနတ်နဲ့အပစ်မခံရဖို့အတွက် မြေပြင်မှာ မိနစ်(၂၀)လောက် ဝပ်နေခဲ့ကြရပါတယ်။ တိုက်ခိုက်မှုပြီးသွားတဲ့အချိန်မှာတော့ လူတွေဟာ ဖျော်ဖြေရေးစင်တာအပြင်ဖက်ကို တွားသွားပြီး ထွက်လာခဲ့ကြပါတယ်'ဟု ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် Baza နှင့် Mash ရုပ်သံလိုင်းများက တင်ထားသည့် ဗီဒီယိုဖိုင်တွင် ဖျော်ဖြေရေးစင်တာအတွင်းမှ ကြီးမား သောမီးတောက်များနှင့် မီးခိုးများထွက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာရီယာဇာခါရိုဗာကပြောကြားခဲ့သည်။

၎င်းက 'ဒီဆိုးရွားတဲ့ ရာဇဝတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ပြစ်တင်ရှုတ်ချရပါမယ်။ဒီဖြစ်ရပ်အတွင်း သေဆုံးသွားခဲ့တဲ့သူတွေရဲ့ မိသားစုတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်'ဟု ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သံသယရှိသူလူ(၁၁)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက နောက်ပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

zawgyi version
႐ုရွားႏိုင္ငံရွိ ေဖ်ာ္ေျဖေရးစင္တာတစ္ခုကို ISIS အၾကမ္းဖက္အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ လူ(၁၀၀)နီးပါးေသဆုံး
Pika (NP News) - မတ္ ၂၃

႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕အနီးရွိ Crocus City Hall ေဖ်ာ္ေျဖေရးစင္တာတြင္ မတ္လ(၂၂)ရက္က ISIS အၾကမ္းဖက္အဖြဲ႕၏တိုက္ခိုက္မႈမ်ားေၾကာင့္ လူ(၁၀၀)နီးပါးေသဆုံးခဲ့ၿပီး အျခားလူ(၁၄၀)ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႐ုရွားအာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

ISIS အၾကမ္းဖက္အဖြဲ႕က 'ကြၽန္ေတာ္တို႔ရဲ႕ အဖြဲ႕ဝင္ေတြဟာ ေမာ္စကိုၿမိဳ႕ရဲ႕ ဆင္ေျခဖုံးရပ္ကြက္မွာရွိတဲ့ ေဖ်ာ္ေျဖေရးစင္တာတစ္ခုကို တိုက္ခိုက္ခဲ့ပါတယ္”ဟု တယ္လီဂရမ္ပလက္ေဖာင္းတြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ေမာ္စကိုၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္ရွိ ေရာ့ခ္ဂီတေဖ်ာ္ေျဖပြဲတစ္ခုကို ေသနတ္သမားမ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ ေဖ်ာ္ေျဖေရးစင္တာအတြင္း မီးေလာင္ကြၽမ္းမႈမ်ားကို မီးသတ္သမားမ်ားက ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားၿမိဳ႕ေတာ္ဝန္ႏွင့္ ႐ုရွားသတင္းေအဂ်င္စီမ်ားက ေျပာၾကားခဲ့သည္။ ေသနတ္သမားမ်ားသည္ အေဆာက္အဦးအတြင္းသို႔ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ပစ္ခတ္မႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ၿပီး လက္ပစ္ဗုံး သို႔မဟုတ္ မီးေလာင္ေစေသာ ဗုံးမ်ားကို ပစ္ခ်ခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာတြင္ ရွိေနသည့္ RIA Novosti သတင္းဌာနမွ သတင္း ေထာက္တစ္ဦးကေျပာၾကားခဲ့သည္။ အဆိုပါတိုက္ခိုက္မႈကို အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ေျပာဆိုခဲ့ေၾကာင္းသိရသည္။

အဆိုပါသတင္းေထာက္က 'ေဖ်ာ္ေျဖေရးစင္တာအတြင္းမွာ ရွိေနတဲ့လူေတြဟာ ေသနတ္နဲ႔အပစ္မခံရဖို႔အတြက္ ေျမျပင္မွာ မိနစ္(၂၀)ေလာက္ ဝပ္ေနခဲ့ၾကရပါတယ္။ တိုက္ခိုက္မႈၿပီးသြားတဲ့အခ်ိန္မွာေတာ့ လူေတြဟာ ေဖ်ာ္ေျဖေရးစင္တာအျပင္ဖက္ကို တြားသြားၿပီး ထြက္လာခဲ့ၾကပါတယ္'ဟု ေျပာဆိုခဲ့သည္။ လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ နီးစပ္သည့္ Baza ႏွင့္ Mash ႐ုပ္သံလိုင္းမ်ားက တင္ထားသည့္ ဗီဒီယိုဖိုင္တြင္ ေဖ်ာ္ေျဖေရးစင္တာအတြင္းမွ ႀကီးမား ေသာမီးေတာက္မ်ားႏွင့္ မီးခိုးမ်ားထြက္ေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အဆိုပါတိုက္ခိုက္မႈမွာ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူမာရီယာဇာခါ႐ိုဗာကေျပာၾကားခဲ့သည္။

၎က 'ဒီဆိုး႐ြားတဲ့ ရာဇဝတ္မႈကို ႏိုင္ငံတကာအသိုင္းအဝိုင္းတစ္ခုလုံးက ျပစ္တင္ရႈတ္ခ်ရပါမယ္။ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားခဲ့တဲ့သူေတြရဲ႕ မိသားစုေတြအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္'ဟု ေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး သံသယရွိသူလူ(၁၁)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း အာဏာပိုင္မ်ားက ေနာက္ပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.